[Zawgyi]

Qualcomm ကေတာ့ Snapdragon X50 Modem ကို ထုတ္လုပ္ၿပီးတဲ့ေနာက္ သူတို႔ရဲ႕ေျခလွမ္းေတြကို ဆက္လက္ ေ႐ြ႕လ်ားေနေစခဲ့ပါတယ္။ ၂၀၁၉ ႏွစ္ဦးပိုင္းထုတ္ 5G စမတ္ဖုန္းအခ်ိဳ႕မွာ Snapdragon X50 Modem နဲ႔ ထြက္လာမွာ ျဖစ္ေပမယ့္ ဒီေနာက္ပိုင္း ဖုန္းေတြအတြက္ အဓိက Modem က X55 ျဖစ္လာဖြယ္ ရွိေနပါတယ္။

Snapdragon X55 ဟာ 5G ကြန္ရက္ခ်ိတ္ဆက္မႈအတြက္ ေထာက္ပံ့ေပးႏိုင္တဲ့ Modem တစ္ခုပါ။ ဒါ့အျပင္ သူ႔ရဲ႕ Speed ဟာ 7Gbps အထိ ရရွိမယ္လို႔ သိရပါတယ္။ ဒီလို အျမန္ႏႈန္းကို ေထာက္ပံ့ေပးသလို လက္ရွိသုံးစြဲေနတဲ့ 4G, 3G နဲ႔ 2G ေတြအတြက္လည္း အဆင္ေျပေျပအသုံးျပဳႏိုင္တယ္လို႔ ဆိုပါတယ္။

Qualcomm ရဲ႕ ေျပာဆိုခ်က္အရေတာ့ X55 Modem ဟာ 5G ကြန္ရက္အတြက္ အဓိကထား ထုတ္လုပ္ထားတာဆိုေပမယ့္ 4G LTE ကြန္ရက္ေတြအတြက္လည္း 2.5Gbps Download Speed ကို ေထာက္ပံ့ေပးလိမ့္မယ္လို႔ သိရပါတယ္။ ဒီအဓိပၸါယ္က 4G LTE သုံးေနရင္ေတာင္မွ အရင္ထက္ ပိုျမန္တဲ့ Speed ကို ရရွိမယ္ဆိုတာပါပဲ။

Snapdragon X55 Modem ဟာ X50 ထက္ ပိုၿပီးတိုးတက္ေကာင္းမြန္လာတယ္ဆိုတာကေတာ့ သံသယ ျဖစ္စရာမရွိပါဘူး။ ဒါေပမယ့္ ဒီ Modem ကလည္း တြဲဖက္အသုံးျပဳႏိုင္တဲ့ Processor ကို ေ႐ြးခ်ယ္ရာမွာ ကန႔္သတ္ခ်က္ ရွိေနတာျဖစ္ပါတယ္။ တစ္ဘက္မွာေတာ့ တ႐ုတ္နည္းပညာကုမၸဏီျဖစ္တဲ့ Huawei ဟာ Multi-Mode 5G Modem တစ္ခုျဖစ္တဲ့ Balong 5000 ကို ထုတ္လုပ္ထားၿပီးျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Qualcomm ရဲ့ X55 5G modem သစ်ဟာ 7Gbps Speeds အထိရရှိမယ်လို့ဆို

Qualcomm ကတော့ Snapdragon X50 Modem ကို ထုတ်လုပ်ပြီးတဲ့နောက် သူတို့ရဲ့ခြေလှမ်းတွေကို ဆက်လက် ရွေ့လျားနေစေခဲ့ပါတယ်။ ၂၀၁၉ နှစ်ဦးပိုင်းထုတ် 5G စမတ်ဖုန်းအချို့မှာ Snapdragon X50 Modem နဲ့ ထွက်လာမှာ ဖြစ်ပေမယ့် ဒီနောက်ပိုင်း ဖုန်းတွေအတွက် အဓိက Modem က X55 ဖြစ်လာဖွယ် ရှိနေပါတယ်။

Snapdragon X55 ဟာ 5G ကွန်ရက်ချိတ်ဆက်မှုအတွက် ထောက်ပံ့ပေးနိုင်တဲ့ Modem တစ်ခုပါ။ ဒါ့အပြင် သူ့ရဲ့ Speed ဟာ 7Gbps အထိ ရရှိမယ်လို့ သိရပါတယ်။ ဒီလို အမြန်နှုန်းကို ထောက်ပံ့ပေးသလို လက်ရှိသုံးစွဲနေတဲ့ 4G, 3G နဲ့ 2G တွေအတွက်လည်း အဆင်ပြေပြေအသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

Qualcomm ရဲ့ ပြောဆိုချက်အရတော့ X55 Modem ဟာ 5G ကွန်ရက်အတွက် အဓိကထား ထုတ်လုပ်ထားတာဆိုပေမယ့် 4G LTE ကွန်ရက်တွေအတွက်လည်း 2.5Gbps Download Speed ကို ထောက်ပံ့ပေးလိမ့်မယ်လို့ သိရပါတယ်။ ဒီအဓိပ္ပါယ်က 4G LTE သုံးနေရင်တောင်မှ အရင်ထက် ပိုမြန်တဲ့ Speed ကို ရရှိမယ်ဆိုတာပါပဲ။

Snapdragon X55 Modem ဟာ X50 ထက် ပိုပြီးတိုးတက်ကောင်းမွန်လာတယ်ဆိုတာကတော့ သံသယ ဖြစ်စရာမရှိပါဘူး။ ဒါပေမယ့် ဒီ Modem ကလည်း တွဲဖက်အသုံးပြုနိုင်တဲ့ Processor ကို ရွေးချယ်ရာမှာ ကန့်သတ်ချက် ရှိနေတာဖြစ်ပါတယ်။ တစ်ဘက်မှာတော့ တရုတ်နည်းပညာကုမ္ပဏီဖြစ်တဲ့ Huawei ဟာ Multi-mode 5G Modem တစ်ခုဖြစ်တဲ့ Balong 5000 ကို ထုတ်လုပ်ထားပြီးဖြစ်ပါတယ်။

Ref: GSMArena