Mobile Phones

Qualcomm ကနေ စမတ်ဖုန်းတွေမှာ ပါဝင်လာမယ့် 5G Modem ကို ထုတ်ဖော်ပြသ

October 23, 2017

Qualcomm ကနေ စမတ်ဖုန်းတွေမှာ ပါဝင်လာမယ့် 5G Modem ကို ထုတ်ဖော်ပြသ


Share this on:

Qualcomm ကုမ္ပဏီကနေ နောက်လာမယ့်နှစ်မှာ Mobile Network Speed ကို အခုထက်အဆများစွာမြန်ဆန်တဲ့ 5G Internet Speed ကိုပြောင်းလဲသွားတော့မှာဖြစ်ပါတယ်။ အခုနောက်ဆုံးအနေနဲ့ လာမယ့်နှစ်မှာထုတ်လုပ်သွားမယ့် Smartphone Chipset တွေမှာပါဝင်လာမယ့် X50 5G Modem ကို စမ်းသပ်အောင်မြင်သွားပြီပဲဖြစ်ပါတယ်။

အဆိုပါ Qualcomm ရဲ့ X50 5G Modem ဟာ မနှစ်ထဲက စတင်စမ်းသပ်နေတာဖြစ်ပြီး စတင်စမ်းသပ်တဲ့အချိန်တုန်းက 28Ghz Millimeter Wave Frequency Band နဲ့ပဲ စမ်းသပ်ခဲ့တာဖြစ်ပြီး အခုနောက်ဆုံးအကြိမ်မှာတော့ 5G Gigabit Speed နဲ့ စမ်းသပ်အောင်မြင်သွားတာဖြစ်ပြီး 5G Speed အစစ်အမှန်ကို စမတ်ဖုန်းတွေမှာ သုံးစွဲနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

Qualcomm ကနေ သူရဲ့ 5G Modem ကို အသုံးပြုထားတဲ့ 5G Smartphone Reference Design ကိုလည်း ထုတ်ပြခဲ့ပြီး အစောဆုံးအနေနဲ့ လာမယ့် ၂၀၁၉ ခုနှစ်အစမှာ အဆိုပါ 5G Reference Design ကို အခြေခံထားတဲ့ 5G Modem အသုံးပြုထားတဲ့ စမတ်ဖုန်းတွေပေါ်ထွက်လာမယ်လို့ သိရပါတယ်။

Qualcomm ကနေ အဆိုပါ X50 5G Modem အသစ်အပြင် Mid Range စမတ်ဖုန်းတွေအတွက် Qualcomm Snapdragon 636 Processor အသစ်ကိုလည်း မိတ်ဆက်ပေးခဲ့ပြီး အဆိုပါ Processor အသစ် အသုံးပြုထားတဲ့ စမတ်ဖုန်းတွေကိုတော့ နောက်နှစ်အစောပိုင်းမှာ စတင်မြင်တွေ့ရမယ်လို့ ပြောကြားထားပါတယ်။

Review

User Rating

0 (0 Votes)
error: Alert: Copyright © 2018. MyTech Myanmar