[Zawgyi]

Qualcomm ဟာ Federal Trade Commission ကို ဦးတိုက္ေလွ်ာက္ထားၿပီး ရင္ဆိုင္ေနတဲ့ တရားစြဲဆိုမႈ ေတြအနက္ တစ္ခုကေတာ့ တရား႐ုံးရဲ႕ အမိန႔္ခ်မွတ္မႈ ရရွိလာၿပီျဖစ္ပါတယ္။ ဒါကေတာ့ ကုမၸဏီအေနနဲ႔ သူ႔ရဲ႕ Chip ေတြကို မူပိုင္ခြင့္အတြက္ မွတ္ပုံတင္ထားရမယ္လို႔ အေမရိကန္ ဖက္ဒရယ္တရား႐ုံးက ခ်မွတ္လိုက္တာပဲ ျဖစ္ပါတယ္။

ဒီ အမိန႔္ခ်မွတ္မႈအရ Qualcomm ဟာ Chip ထုတ္လုပ္မႈ ေဈးကြက္မွာ လက္ဝါးႀကီးအုပ္ထားႏိုင္မယ့္ အခြင့္အေရး ေလ်ာ့နည္းသြားၿပီး ေဈးကြက္ကို မွ်ေဝရေတာ့မယ့္ အလားအလာကို ေရာက္ရွိသြားပါေတာ့တယ္။ Qualcomm အေနနဲ႔ဆိုရင္ေတာ့ ဒီတရားဆုံးျဖတ္မႈဟာ ကုမၸဏီအတြက္ ဆုံးရႈံးမႈကို ျဖစ္ေစတယ္လို႔ ဆိုရမွာပါပဲ။

ကုမၸဏီအေနနဲ႔ Modems တည္ေဆာက္မႈအတြက္ သူ႔ရဲ႕မူပိုင္ခြင့္အေပၚ မွတ္ပုံတင္ထားျခင္း မရွိဘူးဆိုရင္ တရားေရးအရ အက်ဳံးမဝင္ဘူးလို႔ ဆိုရမွာ ျဖစ္ပါတယ္။ Qualcomm အေနနဲ႔ Intel, Samsung, Huawei တို႔လို ၿပိဳင္ဘက္ ကုမၸဏီေတြ Smartphone modem တည္ေဆာက္ဖို႔အတြက္ မူပိုင္ခြင့္တင္ထားရမွာ ျဖစ္ပါတယ္။ အခုအခ်ိန္ထိေတာ့ စမတ္ဖုန္းေတြကို တိုက္႐ိုက္ထုတ္လုပ္ဖို႔အတြက္ လိုင္စင္ပဲ လုပ္ထားေသးတာ ျဖစ္ပါတယ္။ အဓိပၸါယ္ကေတာ့ Chips ေတြကို တိုက္႐ိုက္ေရာင္းလိုက္သလိုပါပဲ။

Qualcomm ဟာ ဒီမတိုင္မီတုန္းက စီးပြားၿပိဳင္ဘက္ေတြၾကားမွာ နည္းပညာအတြက္ လိုင္စင္ေတာ့ ရယူထားပါတယ္။ ဒါေပမယ့္ မူပိုင္ခြင့္ေတာ့ မရယူထားပါဘူး။ ဒါေၾကာင့္ တရားသူႀကီးရဲ႕ အၿပီးသတ္ စီရင္ခ်က္ခ်မွတ္မႈ ေရာက္ရွိလာရင္ေတာ့ Qualcomm လိုခ်င္တဲ့ ရလဒ္ေတာ့ ျဖစ္ႏိုင္ေခ်မရွိဘူးလို႔ သုံးသပ္ရပါတယ္။ Samsung နဲ႔ Intel တို႔လို ကုမၸဏီေတြအတြက္ေတာ့ သူတို႔ရဲ႕ Chip နဲ႔ သူတို႔ဖာသာ Modems ေတြ တည္ေဆာက္ႏိုင္ၿပီး ေဈးကြက္သစ္ကို ဖြင့္ႏိုင္ဖြယ္ ရွိေနပါတယ္။ ေသခ်ာတာကေတာ့ ၿပိဳင္ဆိုင္မႈအတြက္ ပိုအားေကာင္းေစလာၿပီး ေနာက္ဆုံးအသုံးျပဳရမယ့္ (စမတ္ဖုန္းဝယ္ယူသုံးစြဲသူေတြ) End consumer ေတြအတြက္ ပိုေကာင္းတဲ့ သက္ေရာက္မႈေတြကို ျဖစ္ေစႏိုင္ပါလိမ့္မယ္။

Ref: The Verge

 

[Unicode]

Qualcomm ဟာ Federal Trade Commission ကို ဦးတိုက်လျှောက်ထားပြီး ရင်ဆိုင်နေတဲ့ တရားစွဲဆိုမှု တွေအနက် တစ်ခုကတော့ တရားရုံးရဲ့ အမိန့်ချမှတ်မှု ရရှိလာပြီဖြစ်ပါတယ်။ ဒါကတော့ ကုမ္ပဏီအနေနဲ့ သူ့ရဲ့ Chip တွေကို မူပိုင်ခွင့်အတွက် မှတ်ပုံတင်ထားရမယ်လို့ အမေရိကန် ဖက်ဒရယ်တရားရုံးက ချမှတ်လိုက်တာပဲ ဖြစ်ပါတယ်။

ဒီ အမိန့်ချမှတ်မှုအရ Qualcomm ဟာ Chip ထုတ်လုပ်မှု ဈေးကွက်မှာ လက်ဝါးကြီးအုပ်ထားနိုင်မယ့် အခွင့်အရေး လျော့နည်းသွားပြီး ဈေးကွက်ကို မျှဝေရတော့မယ့် အလားအလာကို ရောက်ရှိသွားပါတော့တယ်။ Qualcomm အနေနဲ့ဆိုရင်တော့ ဒီတရားဆုံးဖြတ်မှုဟာ ကုမ္ပဏီအတွက် ဆုံးရှုံးမှုကို ဖြစ်စေတယ်လို့ ဆိုရမှာပါပဲ။

ကုမ္ပဏီအနေနဲ့ Modems တည်ဆောက်မှုအတွက် သူ့ရဲ့မူပိုင်ခွင့်အပေါ် မှတ်ပုံတင်ထားခြင်း မရှိဘူးဆိုရင် တရားရေးအရ အကျုံးမဝင်ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ Qualcomm အနေနဲ့ Intel, Samsung, Huawei တို့လို ပြိုင်ဘက် ကုမ္ပဏီတွေ Smartphone modem တည်ဆောက်ဖို့အတွက် မူပိုင်ခွင့်တင်ထားရမှာ ဖြစ်ပါတယ်။ အခုအချိန်ထိတော့ စမတ်ဖုန်းတွေကို တိုက်ရိုက်ထုတ်လုပ်ဖို့အတွက် လိုင်စင်ပဲ လုပ်ထားသေးတာ ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ Chips တွေကို တိုက်ရိုက်ရောင်းလိုက်သလိုပါပဲ။

Qualcomm ဟာ ဒီမတိုင်မီတုန်းက စီးပွားပြိုင်ဘက်တွေကြားမှာ နည်းပညာအတွက် လိုင်စင်တော့ ရယူထားပါတယ်။ ဒါပေမယ့် မူပိုင်ခွင့်တော့ မရယူထားပါဘူး။ ဒါကြောင့် တရားသူကြီးရဲ့ အပြီးသတ် စီရင်ချက်ချမှတ်မှု ရောက်ရှိလာရင်တော့ Qualcomm လိုချင်တဲ့ ရလဒ်တော့ ဖြစ်နိုင်ချေမရှိဘူးလို့ သုံးသပ်ရပါတယ်။ Samsung နဲ့ Intel တို့လို ကုမ္ပဏီတွေအတွက်တော့ သူတို့ရဲ့ Chip နဲ့ သူတို့ဖာသာ Modems တွေ တည်ဆောက်နိုင်ပြီး ဈေးကွက်သစ်ကို ဖွင့်နိုင်ဖွယ် ရှိနေပါတယ်။ သေချာတာကတော့ ပြိုင်ဆိုင်မှုအတွက် ပိုအားကောင်းစေလာပြီး နောက်ဆုံးအသုံးပြုရမယ့် (စမတ်ဖုန်းဝယ်ယူသုံးစွဲသူတွေ) End consumer တွေအတွက် ပိုကောင်းတဲ့ သက်ရောက်မှုတွေကို ဖြစ်စေနိုင်ပါလိမ့်မယ်။

Ref: The Verge