[Zawgyi]

Qualcomm နဲ႔ MediaTek တို႔ဟာ ၂၀၁၉ စမတ္ဖုန္းထုတ္လုပ္ေရးမွာ အႀကီးမားဆုံး ပူးေပါင္းသူေတြ ျဖစ္လာပါလိမ့္မယ္။ ဒါေပမယ့္ ေတာင္ကိုရီးယားကေန ထြက္ေပၚလာတဲ့ သတင္းအရ လာမယ့္ႏွစ္အတြက္ သူတို႔ရဲ႕ ေဈးကြက္ကို လႊမ္းမိုးမွာကေတာ့ Qualcomm လို႔ သိရပါတယ္။

ထုတ္လုပ္မႈနယ္ပယ္ထဲက အတြင္းသတင္းေတြအရေတာ့ Qualcomm ဟာ Samsung ရဲ႕ Midrange နဲ႔ High-end Galaxy models ေတြအတြက္ Ultrasonic FFP sensor မွာယူမႈကို ေအာင္ျမင္စြာ ရရွိၿပီးသားလို႔ သိရပါတယ္။ ကုန္ပစၥည္းေတြပို႔ေဆာင္ရမယ့္ လုပ္ငန္းစဥ္က ၂၀၁၈ ေႏွာင္းပိုင္းနဲ႔ ၂၀၁၉ အေစာပိုင္း အခ်ိန္ေတြျဖစ္တယ္လို႔ သိရပါတယ္။ ကိုရီးယား ထုတ္လုပ္သူႀကီးဟာ Iris scanner ကို စြန႔္ပစ္မယ္ဆိုတဲ့ အေစာပိုင္းက ထြက္ေပၚခဲတဲ့ သတင္းေတြေၾကာင့္ ဒီသတင္းက အမ်ားႀကီး အံ့ၾသဖို႔မေကာင္းေတာ့ပါဘူး။

အခုအခ်ိန္မွာ မ်က္ႏွာျပင္ေအာက္ လက္ေဗြဖတ္စနစ္က စမတ္ဖုန္းေရစီးေၾကာင္းမွာ ေရပန္းအစားဆုံးလို ျဖစ္ေနတာပါ။ ဒီနည္းပညာ ထည့္သြင္းထားတဲ့ စမတ္ဖုန္းေတြလည္း အေတာ္မ်ားလာပါၿပီ။ တ႐ုတ္စမတ္ဖုန္း ထုတ္လုပ္မႈကုမၸဏီျဖစ္တဲ့ Vivo ကေတာ့ Under Display Fingerprint နဲ႔ စမတ္ဖုန္းကို ဦးဆုံးထုတ္ႏိုင္ခဲ့ပါတယ္။ ဇန္နဝါရီမွာ ျဖန္ခ်ိခဲ့တဲ့ သူတို႔ရဲ႕ X20 Plus ဟာ Synaptics Sensor နဲ႔ ျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ Huawei Mate 20 Pro, OnePlus 6T, Xiaomi Mi 8 Pro နဲ႔ Oppo RX17 Pro စတဲ့ဖုန္းေတြကလည္း အလားတူ Feature ေတြ ပါဝင္လာၾကပါၿပီ။

Qualcomm ဟာ သူ႔ရဲ႕ ထိုင္ဝမ္က မိုဘိုင္းလ္ AI ေထာက္ကူမႈ စင္တာ၊ ကယ္လီဖိုးနီးယားက Ultrasonic fingerprint sensor ဓာတ္ခြဲခန္း ေတြကို ေပါင္းစည္းလိုက္ပါတယ္။ ၿပီးေတာ့ ထိုင္ဝမ္ TFT panel ျပဳလုပ္သူေတြနဲ႔ ေပါင္းၿပီး Under-display fingerprint scanner ထုတ္လုပ္မႈကုန္က်စရိတ္ကို ေလွ်ာ့ခ်လိုက္ႏိုင္ခဲ့ပါတယ္။ Qulcomm က Samsung နဲ႔ မိတ္ဖက္အျဖစ္ပူးေပါင္းလိုက္တဲ့အတြက္ Goodix ကေတာ့ တ႐ုတ္ကုမၸဏီေတြျဖစ္တဲ့ Lenovo, Huawei, Xiaomi and vivo စတာေတြနဲ႔ အလုပ္လုပ္သြားဖြယ္ ရွိပါတယ္။

Ref: gsmarena

 

[Unicode]

Qualcomm နဲ့ MediaTek တို့ဟာ ၂၀၁၉ စမတ်ဖုန်းထုတ်လုပ်ရေးမှာ အကြီးမားဆုံး ပူးပေါင်းသူတွေ ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် တောင်ကိုရီးယားကနေ ထွက်ပေါ်လာတဲ့ သတင်းအရ လာမယ့်နှစ်အတွက် သူတို့ရဲ့ ဈေးကွက်ကို လွှမ်းမိုးမှာကတော့ Qualcomm လို့ သိရပါတယ်။

ထုတ်လုပ်မှုနယ်ပယ်ထဲက အတွင်းသတင်းတွေအရတော့ Qualcomm ဟာ Samsung ရဲ့ Midrange နဲ့ High-end Galaxy models တွေအတွက် Ultrasonic FFP sensor မှာယူမှုကို အောင်မြင်စွာ ရရှိပြီးသားလို့ သိရပါတယ်။ ကုန်ပစ္စည်းတွေပို့ဆောင်ရမယ့် လုပ်ငန်းစဉ်က ၂၀၁၈ နှောင်းပိုင်းနဲ့ ၂၀၁၉ အစောပိုင်း အချိန်တွေဖြစ်တယ်လို့ သိရပါတယ်။ ကိုရီးယား ထုတ်လုပ်သူကြီးဟာ Iris scanner ကို စွန့်ပစ်မယ်ဆိုတဲ့ အစောပိုင်းက ထွက်ပေါ်ခဲတဲ့ သတင်းတွေကြောင့် ဒီသတင်းက အများကြီး အံ့သြဖို့မကောင်းတော့ပါဘူး။

အခုအချိန်မှာ မျက်နှာပြင်အောက် လက်ဗွေဖတ်စနစ်က စမတ်ဖုန်းရေစီးကြောင်းမှာ ရေပန်းအစားဆုံးလို ဖြစ်နေတာပါ။ ဒီနည်းပညာ ထည့်သွင်းထားတဲ့ စမတ်ဖုန်းတွေလည်း အတော်များလာပါပြီ။ တရုတ်စမတ်ဖုန်း ထုတ်လုပ်မှုကုမ္ပဏီဖြစ်တဲ့ Vivo ကတော့ Under Display Fingerprint နဲ့ စမတ်ဖုန်းကို ဦးဆုံးထုတ်နိုင်ခဲ့ပါတယ်။ ဇန်နဝါရီမှာ ဖြန်ချိခဲ့တဲ့ သူတို့ရဲ့ X20 Plus ဟာ Synaptics Sensor နဲ့ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ Huawei Mate 20 Pro, OnePlus 6T, Xiaomi Mi 8 Pro နဲ့ Oppo RX17 Pro စတဲ့ဖုန်းတွေကလည်း အလားတူ Feature တွေ ပါဝင်လာကြပါပြီ။

Qualcomm ဟာ သူ့ရဲ့ ထိုင်ဝမ်က မိုဘိုင်းလ် AI ထောက်ကူမှု စင်တာ၊ ကယ်လီဖိုးနီးယားက Ultrasonic fingerprint sensor ဓာတ်ခွဲခန်း တွေကို ပေါင်းစည်းလိုက်ပါတယ်။ ပြီးတော့ ထိုင်ဝမ် TFT panel ပြုလုပ်သူတွေနဲ့ ပေါင်းပြီး Under-display fingerprint scanner ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချလိုက်နိုင်ခဲ့ပါတယ်။ Qulcomm က Samsung နဲ့ မိတ်ဖက်အဖြစ်ပူးပေါင်းလိုက်တဲ့အတွက် Goodix ကတော့ တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ Lenovo, Huawei, Xiaomi and vivo စတာတွေနဲ့ အလုပ်လုပ်သွားဖွယ် ရှိပါတယ်။

Ref: gsmarena