[Zawgyi]

တနလၤာေန႔က တရုတ္ႏုိင္ငံ ဖူးက်ဳိးတရားရုံးဟာ Qualcomm နဲ႔ Apple ကုမၸဏီတုိ႔အၾကား တရားရင္ဆုိင္မႈ အတြက္ အမိန္႔ခ်မွတ္ခဲ့ၿပီး သတ္မွတ္ထားတဲ့ အုိင္ဖုန္းအမ်ဳိးအစားေတြ တင္သြင္းခြင့္နဲ႔ ေရာင္းခ်ခြင့္တုိ႔ကို ပိတ္ပင္ခဲ့ပါတယ္။ ဒါ့ေၾကာင့္ Apple ကုမၸဏီဟာ iPhone 6s ကေန iPhone X အထိ ဟန္းဆက္မ်ားအား တရုတ္ႏုိင္ငံမွာ ဆက္ေရာင္းခ်ႏုိင္ေတာ့မွာ မဟုတ္ဘဲ ၂၀၁၈ ထုတ္ကုန္ေတြကေတာ့ ဒီတားျမစ္ခ်က္ထဲ အက်ဳံးမဝင္ပါဘူး။

ဒါေပမယ့္ နာမည္ေက်ာ္ခ်စ္ပ္ဆက္ထုတ္လုပ္ေရး ကုမၸဏီႀကီးကေတာ့ ဒီဆုံးျဖတ္ခ်က္ကို မေက်နပ္ႏုိင္ဘဲ တရုတ္ျပည္မွာ iPhone XS, XS Max နဲ႔ XR တုိ႔ကိုပါ ပိတ္ပင္ေစဖို႔ ထပ္မံ အဆုိတင္သြင္းခဲ့ၿပီး Apple နဲ႔ တုိက္ပြဲကို အရွိန္ထပ္ျမွင့္လိုက္ပါတယ္။

လုိင္စင္ေၾကးေတြနဲ႔ မူပုိင္ခြင့္ပုိင္းဆုိင္ရာ ညွိႏႈိင္းမႈမွာ အဆင္ေျပဖို႔ ေဝးေနေသးတဲ့ နည္းပညာကုမၸဏီႀကီး ႏွစ္ခုရဲ႕ ေနာက္ထပ္တုိက္ပြဲတစ္ခုကို ၾကည့္ရဦးမွာပါ။ အေမရိကန္အေျခစုိက္ ကုမၸဏီတစ္ခုက ေနာက္ထပ္ အေမရိကန္အေျခစုိက္ ကုမၸဏီတစ္ခုအား ႏုိင္ငံရပ္ျခား ေစ်းကြက္မွာ ပိတ္ပင္ခံရဖို႔ တရားစြဲဆုိတယ္ ဆုိတာ ေတာ္ေတာ္စိတ္ဝင္စားဖို႔ ေကာင္းေနပါတယ္။

Apple ကေတာ့ ဒီလိုပိတ္ပင္ျခင္းဟာ တရုတ္ျပည္တြင္းမွာ အုိင္ဖုန္းေတြကို တပ္ဆင္ေပးေနတဲ့ Foxconn လိုမ်ဳိး တရုတ္ျပည္တြင္းစက္ရုံ အလုပ္ရုံေတြကိုသာ ထိခုိက္ေစမွာျဖစ္ေၾကာင္း သတိေပးလုိက္ၿပီး တရုတ္ႏုိင္ငံရဲ႕ ထုတ္ကုန္ေလာကတေလွ်ာက္ အလုပ္အကုိင္ငါးသန္းခန္႔ကို ဖန္တီးေပးထားတာ ျဖစ္တယ္လို႔လည္း မွတ္ခ်က္ခ်ထားပါတယ္။ Apple ရဲ႕ေျပာေရးဆုိခြင့္ရွိသူကလည္း မုိဘုိင္းထုတ္လုပ္သူေတြအတြက္ အခုတေလာ မတရားသျဖင့္ က်သင့္ေနတဲ့ လိုင္စင္ေၾကးေတြကို တည္ျငိမ္မႈရွိေအာင္ ျပဳလုပ္သြားမယ္လို႔ ဆုိခဲ့ပါတယ္။

Ref – GSM Arena

[Unicode]

တနင်္လာနေ့က တရုတ်နိုင်ငံ ဖူးကျိုးတရားရုံးဟာ Qualcomm နဲ့ Apple ကုမ္ပဏီတို့အကြား တရားရင်ဆိုင်မှု အတွက် အမိန့်ချမှတ်ခဲ့ပြီး သတ်မှတ်ထားတဲ့ အိုင်ဖုန်းအမျိုးအစားတွေ တင်သွင်းခွင့်နဲ့ ရောင်းချခွင့်တို့ကို ပိတ်ပင်ခဲ့ပါတယ်။ ဒါ့ကြောင့် Apple ကုမ္ပဏီဟာ iPhone 6s ကနေ iPhone X အထိ ဟန်းဆက်များအား တရုတ်နိုင်ငံမှာ ဆက်ရောင်းချနိုင်တော့မှာ မဟုတ်ဘဲ ၂၀၁၈ ထုတ်ကုန်တွေကတော့ ဒီတားမြစ်ချက်ထဲ အကျုံးမဝင်ပါဘူး။

ဒါပေမယ့် နာမည်ကျော်ချစ်ပ်ဆက်ထုတ်လုပ်ရေး ကုမ္ပဏီကြီးကတော့ ဒီဆုံးဖြတ်ချက်ကို မကျေနပ်နိုင်ဘဲ တရုတ်ပြည်မှာ iPhone XS, XS Max နဲ့ XR တို့ကိုပါ ပိတ်ပင်စေဖို့ ထပ်မံ အဆိုတင်သွင်းခဲ့ပြီး Apple နဲ့ တိုက်ပွဲကို အရှိန်ထပ်မြှင့်လိုက်ပါတယ်။

လိုင်စင်ကြေးတွေနဲ့ မူပိုင်ခွင့်ပိုင်းဆိုင်ရာ ညှိနှိုင်းမှုမှာ အဆင်ပြေဖို့ ဝေးနေသေးတဲ့ နည်းပညာကုမ္ပဏီကြီး နှစ်ခုရဲ့ နောက်ထပ်တိုက်ပွဲတစ်ခုကို ကြည့်ရဦးမှာပါ။ အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခုက နောက်ထပ် အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခုအား နိုင်ငံရပ်ခြား ဈေးကွက်မှာ ပိတ်ပင်ခံရဖို့ တရားစွဲဆိုတယ် ဆိုတာ တော်တော်စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Apple ကတော့ ဒီလိုပိတ်ပင်ခြင်းဟာ တရုတ်ပြည်တွင်းမှာ အိုင်ဖုန်းတွေကို တပ်ဆင်ပေးနေတဲ့ Foxconn လိုမျိုး တရုတ်ပြည်တွင်းစက်ရုံ အလုပ်ရုံတွေကိုသာ ထိခိုက်စေမှာဖြစ်ကြောင်း သတိပေးလိုက်ပြီး တရုတ်နိုင်ငံရဲ့ ထုတ်ကုန်လောကတလျှောက် အလုပ်အကိုင်ငါးသန်းခန့်ကို ဖန်တီးပေးထားတာ ဖြစ်တယ်လို့လည်း မှတ်ချက်ချထားပါတယ်။ Apple ရဲ့ပြောရေးဆိုခွင့်ရှိသူကလည်း မိုဘိုင်းထုတ်လုပ်သူတွေအတွက် အခုတလော မတရားသဖြင့် ကျသင့်နေတဲ့ လိုင်စင်ကြေးတွေကို တည်ငြိမ်မှုရှိအောင် ပြုလုပ်သွားမယ်လို့ ဆိုခဲ့ပါတယ်။

Ref – GSM Arena