[Zawgyi]







[Unicode]

Nubia ကတော့ သူ့ရဲ့ ဒုတိယမြောက် Gaming ဖုန်းကို မိတ်ဆက်လိုက်ပါပြီ။ 2nd Generation ဆိုတော့ အရင် Red Magic ထက်တော့ သာမှာကျိန်းသေပါပဲ။ ဘာတွေ ပိုမြင့်သွားလဲဆိုတာ တစ်ချက်ကြည့်ကြည့်ရအောင်..

Nubia Red Magic 2 မှာ သုံးထားတဲ့ Processor ကတော့ ClockSpeed 2.8GHz ရှိတဲ့  Snapdragon 845 Processor ပါပဲ။ RAM 10GB ဆိုတဲ့ ပမာဏကတော့ ဒီနေ့လိုခေတ်မှာတောင် ရှာမှရှားအဆင့်မှာပဲ ရှိပါသေးတယ်။ အဲ့လောက် RAM ပမာဏကြီးနဲ့အတူ UFS 2.1 Storage ကိုလည်း 256GB ထိ ပေးထားပါသေးတယ်။

မိုက်နေတာက သူ့ရဲ့ Dual Cooling System ကြီးပါပဲ။ Air+ Liquid Cooling ဆိုပြီး ၂မျိုးလုံးနဲ့ Support လုပ်ထားပြီး CPU ရဲ့ အပူချိန်ကို 13.2 ံC ထိ လျှော့ပေးခြင်းအားဖြင့် စွမ်းဆောင်ရည်ကို 70% လောက်ထိ မြင့်လာစေပါတယ်။

DTS 7.1 Surround Sound, 3D Stereo Audio, AI Noise Canceling, DTSX Ultra နဲ့ SMART PA  Amplifier တွေနဲ့ဆိုတော့ အသံထွက်ကလည်း ရှယ်ကြီးပါပဲ။

OS ကတော့ Android 9 Pie ကိုအခြေခံထားတဲ့ Red Magic OS နဲ့ပါပဲ။ GameBoost Mode အတွက်ကတော့ ခလုတ်လေးသက်သက်ပါပါတယ် ။ RGB Light တွေအပြင် Red Magic Buttons လို့ခေါ်တဲ့ AirTrigger လေးတွေကတော့ ဖုန်းရဲ့ ညာဘက်အခြမ်းမှာ ရှိနေပါတယ်။

ကင်မရာတွေ Screen Spec တွေတော့ မသိရသေးပေမယ့် မကြာခင်တော့ထွက်လာတော့မှာပါ။ ဈေးကတော့ မှန်းရသလောက် $560 ရဲ့ အထက်မှာပဲ ရှိမှာပါ။