Razer Blade 2018 Laptop အသစ်ဟာ လာမယ့် ဇွန်လမှာ စတင် ရောင်းချတော့မှာ ဖြစ်ပါတယ်။ ဒီ Laptop အသစ်ဟာ Gamer တွေကို စိတ်ကျေနပ်မှု ပေးနိုင်မှာလား။ တခြား Gaming Laptop တွေထက် ဘာတွေများ ပိုထူးခြားလာလဲ။

Source: techradar.com

ပထမဆုံး မြင်လိုက်တာနဲ့ ဒီဇိုင်းက လုံးဝ ကြွေစရာပါ။ Razer Laptop တွေရဲ့ ပင်ကိုယ်စတိုင်ထဲက မခွဲထွက်ပဲ ပိုထူးခြားအောင် လုပ်ထားတာပါ။ အနားသတ်တွေကို လုံးထားတာမျိုးတွေ မရှိတော့ပဲ ပိုပြီးပါးထားပါတယ်။ အလူမီနီယမ်နဲ့ လုပ်ထားတဲ့အတွက် အလေးချိန်ကတော့ 2kg လောက်ရှိပါမယ်။ အရမ်းကြီး မလေးဘူး ဆိုပေမယ့် သယ်ရတာ နည်းနည်းတော့ သိသာနေပါလိမ့်မယ်။ Screen Size ကတော့ 15.6-Inch ရှိမှာဖြစ်ပြီး ဒီ Laptop ဟာ 15.6-Inch Gaming Laptop တွေထဲမှာတော့ အသေးဆုံး ဖြစ်လာမှာပါ။

Source: techradar.com

ဒီ Razer Blade 2018 Gaming Laptop ဟာ $1899 လောက်တန် Full HD 60Hz Display Nividia GTX 1060 GPU / 256GB SSD Model ကနေ $2899 တန် 4K Touch Screen GTX 1070 / 512GB SSD  အထိ Model ၅ မျိုးနဲ့ထွက်လာမှာပါ။ Model အားလုံးဟာ Intel Core i7 8th-Gen 6-Core Processor ကို သုံးထားမှာ ဖြစ်ပြီး RAM ကတော့ 16GB အထိ တိုးလို့ရမှာ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော ဒီ Laptop ထွက်လာရင် ဝယ်ဖို့ စိတ်ကူးထားကြလား။