Zawgyi
Razer Phone Vs Razer Phone 2
Razer Phone 2
Razer Phone 2
Unicode
မူလ ပထမ Razer Phone နဲ့ Razer Phone 2 တို့ရဲ့ ကွာခြားချက်များ
Gaming Products တွေကို ထုတ်လုပ်ရောင်းချတဲ့ Razer ဟာ ဒီနေ့မှာတော့ ဒုတိယမျိူးဆက် Razer Phone 2 ကို တရားဝင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Razer Phone 2 ရဲ့ ဒီဇိုင်းကို ရှေ့ဘက်က ကြည့်မယ်ဆိုရင် မူလ ပထမ Razer Phone နဲ့ သိပ်မကွာပေမယ့်၊ နောက်ကျောဘက်က ကြည့်မယ်ဆိုရင်တော့ Dual-camera နဲ့ Flashlight အထားအသိုလေးတွေ အနည်းငယ် ပြောင်းလဲထားတာကို တွေ့ရမှာပါ။ ဒါ့အပြင် Razer Phone မှာတုန်းက မပါခဲ့တဲ့ Razer Logo ရဲ့ RGB Backlit ကို Razer Phone 2 မှာ ထည့်သွင်းပေးထားပြီး Razer Chroma အထောက်အပံ့လည်း ရရှိမှာ ဖြစ်ပါတယ်။
မူလ ပထမ Razer Phone မှာ မပါခဲ့တဲ့ Wireless Charging ကို Razer Phone 2 မှာ ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် Razer Phone 2 ဟာ Water Resistance မှာ IP67 ရရှိထားတာကြောင့် ရေအောက် ၁မီတာအနက်မှာ မိနစ် ၃၀အကြာထိ ရေစိမ်ခံနိုင်မှာ ဖြစ်ပါတယ်။ Razer Phone 2 ရဲ့ Display က Razer Phone ထက် ၀.၀၂လက်မသာ ပိုကြီးလာပြီး Resolution ကတော့ အရင်အတိုင်းပါပဲ။ ဒါပေမယ့်လည်း Razer Phone 2 ရဲ့ Display ကို Corning Gorilla Glass 5 နဲ့ ဖုံးအုပ်ထားပြီး Maximum Brightness ကလည်း 650 nits အထိ ရှိလာပါတယ်။ Razer Phone မှာတော့ Corning Gorilla Glass 3 နဲ့ ဖုံးအုပ်ထားပြီး Maximum Brightness က 300 nits သာ ရှိပါတယ်။ မော်ဒယ် ၂မျိူးစလုံးမှာ 120Hz IGZO LCD Display အမျိူးအစားကို အသုံးပြုထားပြီး Reslution ကတော့ 1080 x 2560 pixels ရှိမှာပါ။
Processor အပိုင်းအတွက် Razer Phone မှာ Snapdragon 835 SoC ကို အသုံးပြုခဲ့ပြီး Razer Phone 2 မှာတော့ Snapdragon 845 SoC ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် Razer Phone 2 မှာ အသုံးပြုထားတဲ့ Snapdragon 845 SoC ဟာဆိုရင် Vapor Chamber Cooling လို့ခေါ်တဲ့ အအေးပေးစနစ်လည်း ပါဝင်တယ်လို့ သိရပါတယ်။ Razer Phone မှာတုန်းက RAM 8GB/ Storag 64GB တစ်မျိူးတည်းသာ ထုတ်လုပ်ခဲ့ပေမယ့်၊ Razer Phone 2 မှာတော့ RAM 8GB/ Storage 64GB နဲ့ RAM 8GB/ Storage 128GB ဆိုပြီး ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မှာပါ။
Razer Phone နဲ့ Razer Phone 2 တို့ရဲ့ Camera Sensor တွေက တူညီနေပေမယ့် Razer Phone 2 မှာတော့ Optical Image Stabilization လို့ခေါ်တဲ့ OIS စနစ်ကို နောက်ကျောဘက် ကင်မရာမှာ ပေါင်းထည့်ပေးထားပါတယ်။ ဒါတွေကတော့ Razer Phone နဲ့ Razer Phone 2 တို့ရဲ့ ကွာခြားချက်များ ဖြစ်ပါတယ်။ Razer Phone 2 ရဲ့ Specification အပြည့်အစုံကိုတော့ အောက်ကလင့်မှာ သွားရောက်ကြည့်ရှု့နိုင်ပါတယ်။
Spec Ref: gsmarena, gadgets.ndtv