Zawgyi

ႏွစ္အနည္းငယ္ အၾကာကပဲ နာမည္ၾကီး စမတ္ဖုန္း ထုတ္လုပ္သူေတြဟာ သူ႔တို႔ကိုယ္ပိုင္ နဂိုမူလ Brand ကေန ခြဲထြက္ျပီး Brand အခြဲေတြနဲ႔့တူ ဖုန္းအသစ္ေတြ မိတ္ဆက္လာတာ ေတြ႔ရပါတယ္။ အဆိုပါ အခ်က္က အဆန္းေတာ့မဟုတ္ပဲ Huawei ကေန Honor ဆိုတဲ့ Brand အခြဲတစ္ခုစျပီး တည္ေထာင္လိုက္ရာကေန ေအာင္ျမင္သြားျပီး တစ္ျခား ဖုန္းထုတ္လုပ္သူေတြကပါ လိုက္ျပီး Brand အခြဲေတြထုတ္လာခဲ့ၾကပါတယ္။ Xiaomi ရဲ႕ Poco ဆိုတဲ့ Brand အခြဲဟာလည္း မၾကာေသးခင္ကမွ ေပၚေပါက္လာတာျဖစ္ျပီး Huawei ရဲ႕ Honor Brand အခြဲ တည္ေထာင္ရတဲ့ အိုင္ဒီယာ အတုိင္းပဲ ေစ်းႏွုန္းသင့္တင့္ျပီး အရည္အေသြးေကာင္းတဲ့ ဖုန္းေတြထုတ္ဖို႔ပါ။ Poco F1 ဟာဆိုရင္ Snapdragon 845 အသံုးျပဳထားတဲ့ ေစ်းအသက္သာဆံုး ဖုန္းတစ္လံုးျဖစ္လာခဲ့ပါတယ္။ ဒါေပမယ့္ အခုေျပာျပမယ့္ ဖုန္းကေတာ့ Poco F1 မဟုတ္ပါဘူး။ Oppo ရဲ႕ Brand အခြဲျဖစ္တဲ့ Realme ရဲ႕ ဖုန္းအသစ္ေတြျဖစ္တဲ့ Realme 2 Series ကို မေလးရွားမွာ စတင္မိတ္ဆက္လိုက္ျပီ ဆိုတဲ့အေၾကာင္းပါ။

Realme 2, Realme 2 Pro နဲ႔ Realme C1 တို႔ကို မေလးရွားႏိုင္ငံမွာ မေန႔ကပဲ စတင္မိတ္ဆက္လိုက္တာပါ။ တရုတ္ျပည္တြင္းမွာ မိတ္ဆက္ျပီးျပီးခ်င္းပဲ အိႏိၵယႏိုင္ငံမွာ အဆိုပါ ဖုန္းသံုးလံုးကို မိတ္ဆက္ျပီး ျဖစ္လို႔ မေလးရွားႏိုင္ငံဟာ Realme Series အသစ္ေတြကို စတင္မိတ္ဆက္တဲ့ တရုတ္ျပည္ပ ႏိုင္ငံတစ္ႏိုင္ငံေတာ့ မဟုတ္ခဲ့ပါဘူး။ အိႏိၵယ စမတ္ဖုန္းေစ်းကြက္ဟာ အေရွ႕ေတာင္အာရွ ႏိုင္ငံေတြနဲ႔ ယွဥ္ရင္ အေတာ္ကို ၾကီးမားတဲ့ အတြက္ အိႏိၵယကို ဦးစားေပးမိတ္ဆက္လိုက္တာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ မေလးရွားမွာ ေရာင္းခ်တဲ့ ေစ်းေတြက အိႏိၵယေစ်းထက္ အနည္းငယ္ ျမင့္မားေနတာေတြ႔ရပါတယ္။

Realme ဖုန္းအသစ္သံုးလံုးထဲမွာ Realme C1 ဟာ တန္ဖိုးအနည္းဆံုး ဖုန္းတစ္လံုးျဖစ္ျပီး Budget ဖုန္းကိုမွ အရည္ေသြးေကာင္းေကာင္းနဲ႔ အသံုးျပဳခ်င္တဲ့သူေတြအတြက္ အေတာ္ေလး အဆင္ေျပပါတယ္။ Realme C1 မွာ Snapdragon 450 SoC ကိုအသံုးျပဳထားျပီး 6.2-inch အရြယ္ Notch ပါဝင္တဲ့ HD+ IPS LCD Display ကိုတပ္ဆင္အသံုးျပဳထားပါတယ္။ RAM ပမာဏကေတာ့ Budget ဖုန္းပီပီ 2GB ပဲ ပါဝင္ျပီး Internal Storage 16GB ပါဝင္ပါတယ္။ အေနာက္ဘက္ ကင္မရာကေတာ့ 13MP + 2MP တြဲဖက္ထားတဲ့ ကင္မရာႏွစ္လံုးတြဲ စနစ္ျဖစ္ျပီးေတာ့ အေရွကဘက္ Selfie Camera ကေတာ့ 5MP ရွိပါတယ္။ ဘက္ထရီ ပမာဏ 4,230mAh တပ္ဆင္ေပးထားပါတယ္။ ေစ်းႏွုန္းကေတာ့ $108 နဲ႔ေရာင္းခ်မွာပါ။

Realme 2 ကိုေတာ့ Realme 1 ရဲ႕ ေနာက္ဆက္တြဲဖုန္းလို႔ ေခၚရမွာျဖစ္ေပမယ့္ သူ႔မွာ အသံုးျပဳထားတဲ့ ပစၥည္းေတြအရ အဆင့္ျမွင့္တင္ထားျခင္းမရွိပဲ အဆင့္ႏွိမ့္ထားတယ္လို႔ ဆိုႏိုင္ပါတယ္။ Realme C1 လိုပဲ Snapdragon 450 SoC နဲ႔အတူ 6.2-inch အရြယ္ Notch ပါဝင္တဲ့ HD+ IPS LCD Display ကိုပဲ အသံုးျပဳေပးထားပါတယ္။ အေနာက္ဘက္ ကင္မရာ စနစ္ကလည္း Realme C1 လိုပဲ 13MP + 2MP ပဲျဖစ္ျပီး မတူညီတဲ့အခ်က္ကေတာ့ Megapixel ပမာဏပိုမ်ားတဲ့ အေရွ႕ဘက္ Selfie ကင္မရာပဲျဖစ္ပါတယ္။ RAM ပမာဏ ကလည္း 3GB နဲ႔ 4GB ေရြးခ်ယ္ဝယ္ယူႏိုင္ပါတယ္။ RAM 3GB နဲ႔ဆိုရင္ $144 က်ျပီး RAM 4GB ဆိုရင္ေတာ့ $168 က်မွာပါ။

Realme 2 Pro ကေတာ့ Realme ဖုန္းအသစ္ေတြထဲမွာ Spec အျမင့္ဆံုးျဖစ္ျပီး နာမည္ၾကီး Upper Mid-range SoC ျဖစ္တဲ့ Snapdragon 660 ကို အသံုးျပဳထားပါတယ္။ RAM ပမာဏကလည္း 8GB ထိ ေရြးခ်ယ္ဝယ္ယူႏိုင္ပါေသးတယ္။ Oppo F9 ရဲ႕Waterdrop Notch လိုမ်ိဳး “Dewdrop Notch” ဆိုတဲ့ Selfie Camera ပဲပါဝင္တဲ့ Notch Display ပါဝင္လာပါတယ္။ Display အမ်ိဳးအစားကေတာ့ IPS LCD ပဲျဖစ္ျပီး Full HD+ Resolution ရွိပါတယ္။ ကင္မရာ ပိုင္းလည္း ပိုအဆင့္ျမင့္သြားျပီး အေနာက္ဘက္ အဓိက ကင္မရာက 16MP ရွိကာ 2MP ရွိတဲ့ Depth Sensor နဲ႔တြဲဘက္ေပးထားပါတယ္။ အေရွ႔ဘက္ Selfie Camera ကလည္း 16MP ရွိျပီး Snapdragon 660 ရဲ႕ AI စြမ္းေဆာင္ႏိုင္စြမ္းေၾကာင့္ AI Feature ေတြပါဝင္ဦးမွာပါ။ RAM ပမာဏ 4GB/6GB အျပင္ 8GB အထိပါ ေရြးခ်ယ္ဝယ္ယူႏိုင္ျပီး Internal Storage ပမာဏကေတာ့ 64GB နဲ႔ 128GB ဆိုျပီး ႏွစ္မ်ိဳးရွိပါတယ္။ ေစ်းႏွုန္းကေတာ့ RAM ပမာဏနဲ႔ Internal Storage ေပၚလိုက္ျပီး $217 ကေန $265 အထိရွိပါတယ္။ Realme Series ဖုန္းအသစ္ေတြကို ႏိုဝင္ဘာ ၁၁ မွာ စတင္ျပီး ေရာင္းခ်ေတာ့မွာျဖစ္ပါတယ္။

Ref: XDA

Unicode

နှစ်အနည်းငယ် အကြာကပဲ နာမည်ကြီး စမတ်ဖုန်း ထုတ်လုပ်သူတွေဟာ သူ့တို့ကိုယ်ပိုင် နဂိုမူလ Brand ကနေ ခွဲထွက်ပြီး Brand အခွဲတွေနဲ့တူ ဖုန်းအသစ်တွေ မိတ်ဆက်လာတာ တွေ့ရပါတယ်။ အဆိုပါ အချက်က အဆန်းတော့မဟုတ်ပဲ Huawei ကနေ Honor ဆိုတဲ့ Brand အခွဲတစ်ခုစပြီး တည်ထောင်လိုက်ရာကနေ အောင်မြင်သွားပြီး တစ်ခြား ဖုန်းထုတ်လုပ်သူတွေကပါ လိုက်ပြီး Brand အခွဲတွေထုတ်လာခဲ့ကြပါတယ်။ Xiaomi ရဲ့ Poco ဆိုတဲ့ Brand အခွဲဟာလည်း မကြာသေးခင်ကမှ ပေါ်ပေါက်လာတာဖြစ်ပြီး Huawei ရဲ့ Honor Brand အခွဲ တည်ထောင်ရတဲ့ အိုင်ဒီယာ အတိုင်းပဲ ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးကောင်းတဲ့ ဖုန်းတွေထုတ်ဖို့ပါ။ Poco F1 ဟာဆိုရင် Snapdragon 845 အသုံးပြုထားတဲ့ ဈေးအသက်သာဆုံး ဖုန်းတစ်လုံးဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အခုပြောပြမယ့် ဖုန်းကတော့ Poco F1 မဟုတ်ပါဘူး။ Oppo ရဲ့ Brand အခွဲဖြစ်တဲ့ Realme ရဲ့ ဖုန်းအသစ်တွေဖြစ်တဲ့ Realme 2 Series ကို မလေးရှားမှာ စတင်မိတ်ဆက်လိုက်ပြီ ဆိုတဲ့အကြောင်းပါ။

Realme 2, Realme 2 Pro နဲ့ Realme C1 တို့ကို မလေးရှားနိုင်ငံမှာ မနေ့ကပဲ စတင်မိတ်ဆက်လိုက်တာပါ။ တရုတ်ပြည်တွင်းမှာ မိတ်ဆက်ပြီးပြီးချင်းပဲ အိန္ဒိယနိုင်ငံမှာ အဆိုပါ ဖုန်းသုံးလုံးကို မိတ်ဆက်ပြီး ဖြစ်လို့ မလေးရှားနိုင်ငံဟာ Realme Series အသစ်တွေကို စတင်မိတ်ဆက်တဲ့ တရုတ်ပြည်ပ နိုင်ငံတစ်နိုင်ငံတော့ မဟုတ်ခဲ့ပါဘူး။ အိန္ဒိယ စမတ်ဖုန်းဈေးကွက်ဟာ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ယှဉ်ရင် အတော်ကို ကြီးမားတဲ့ အတွက် အိန္ဒိယကို ဦးစားပေးမိတ်ဆက်လိုက်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မလေးရှားမှာ ရောင်းချတဲ့ ဈေးတွေက အိန္ဒိယဈေးထက် အနည်းငယ် မြင့်မားနေတာတွေ့ရပါတယ်။

Realme ဖုန်းအသစ်သုံးလုံးထဲမှာ Realme C1 ဟာ တန်ဖိုးအနည်းဆုံး ဖုန်းတစ်လုံးဖြစ်ပြီး Budget ဖုန်းကိုမှ အရည်သွေးကောင်းကောင်းနဲ့ အသုံးပြုချင်တဲ့သူတွေအတွက် အတော်လေး အဆင်ပြေပါတယ်။ Realme C1 မှာ Snapdragon 450 SoC ကိုအသုံးပြုထားပြီး 6.2-inch အရွယ် Notch ပါဝင်တဲ့ HD+ IPS LCD Display ကိုတပ်ဆင်အသုံးပြုထားပါတယ်။ RAM ပမာဏကတော့ Budget ဖုန်းပီပီ 2GB ပဲ ပါဝင်ပြီး Internal Storage 16GB ပါဝင်ပါတယ်။ အနောက်ဘက် ကင်မရာကတော့ 13MP + 2MP တွဲဖက်ထားတဲ့ ကင်မရာနှစ်လုံးတွဲ စနစ်ဖြစ်ပြီးတော့ အရှေကဘက် Selfie Camera ကတော့ 5MP ရှိပါတယ်။ ဘက်ထရီ ပမာဏ 4,230mAh တပ်ဆင်ပေးထားပါတယ်။ ဈေးနှုန်းကတော့ $108 နဲ့ရောင်းချမှာပါ။

Realme 2 ကိုတော့ Realme 1 ရဲ့ နောက်ဆက်တွဲဖုန်းလို့ ခေါ်ရမှာဖြစ်ပေမယ့် သူ့မှာ အသုံးပြုထားတဲ့ ပစ္စည်းတွေအရ အဆင့်မြှင့်တင်ထားခြင်းမရှိပဲ အဆင့်နှိမ့်ထားတယ်လို့ ဆိုနိုင်ပါတယ်။ Realme C1 လိုပဲ Snapdragon 450 SoC နဲ့အတူ 6.2-inch အရွယ် Notch ပါဝင်တဲ့ HD+ IPS LCD Display ကိုပဲ အသုံးပြုပေးထားပါတယ်။ အနောက်ဘက် ကင်မရာ စနစ်ကလည်း Realme C1 လိုပဲ 13MP + 2MP ပဲဖြစ်ပြီး မတူညီတဲ့အချက်ကတော့ Megapixel ပမာဏပိုများတဲ့ အရှေ့ဘက် Selfie ကင်မရာပဲဖြစ်ပါတယ်။ RAM ပမာဏ ကလည်း 3GB နဲ့ 4GB ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ RAM 3GB နဲ့ဆိုရင် $144 ကျပြီး RAM 4GB ဆိုရင်တော့ $168 ကျမှာပါ။

Realme 2 Pro ကတော့ Realme ဖုန်းအသစ်တွေထဲမှာ Spec အမြင့်ဆုံးဖြစ်ပြီး နာမည်ကြီး Upper Mid-range SoC ဖြစ်တဲ့ Snapdragon 660 ကို အသုံးပြုထားပါတယ်။ RAM ပမာဏကလည်း 8GB ထိ ရွေးချယ်ဝယ်ယူနိုင်ပါသေးတယ်။ Oppo F9 ရဲ့Waterdrop Notch လိုမျိုး “Dewdrop Notch” ဆိုတဲ့ Selfie Camera ပဲပါဝင်တဲ့ Notch Display ပါဝင်လာပါတယ်။ Display အမျိုးအစားကတော့ IPS LCD ပဲဖြစ်ပြီး Full HD+ Resolution ရှိပါတယ်။ ကင်မရာ ပိုင်းလည်း ပိုအဆင့်မြင့်သွားပြီး အနောက်ဘက် အဓိက ကင်မရာက 16MP ရှိကာ 2MP ရှိတဲ့ Depth Sensor နဲ့တွဲဘက်ပေးထားပါတယ်။ အရှေ့ဘက် Selfie Camera ကလည်း 16MP ရှိပြီး Snapdragon 660 ရဲ့ AI စွမ်းဆောင်နိုင်စွမ်းကြောင့် AI Feature တွေပါဝင်ဦးမှာပါ။ RAM ပမာဏ 4GB/6GB အပြင် 8GB အထိပါ ရွေးချယ်ဝယ်ယူနိုင်ပြီး Internal Storage ပမာဏကတော့ 64GB နဲ့ 128GB ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဈေးနှုန်းကတော့ RAM ပမာဏနဲ့ Internal Storage ပေါ်လိုက်ပြီး $217 ကနေ $265 အထိရှိပါတယ်။ Realme Series ဖုန်းအသစ်တွေကို နိုဝင်ဘာ ၁၁ မှာ စတင်ပြီး ရောင်းချတော့မှာဖြစ်ပါတယ်။

Ref: XDA