[Zawgyi]

ၿပီးခဲ့တဲ့ႏွစ္မွာ Realme အမွတ္တံဆိပ္ဟာ ေကာင္းမြန္တဲ့အစကို ရရွိခဲ့ၿပီး တန္ဖိုးနဲ႔ စြမ္းေဆာင္ရည္မွ်ေျခ ေကာင္းမြန္တဲ့ ဖုန္းငါးလုံးကို ထုတ္လုပ္ခဲ့ကာ စံခ်ိန္အခ်ဳိ႕ကို ခ်ဳိးဖ်က္ႏုိင္ခဲ့ပါတယ္။ အခုႏွစ္မွာလည္း ဒီအရွိန္ကို ဆက္ထိန္းထားမယ္လို႔ ယူဆရၿပီး ၂၀၁၉ ရဲ႕ပထမသုံးလအတြင္းမွာ Realme 3 ဖုန္းသစ္ကို ထုတ္လုပ္လာမွာ ျဖစ္ေၾကာင္း သတင္းေတြ ထြက္လာခဲ့ပါၿပီ။

ထြက္ေပၚလာတဲ့ သတင္းမွာေတာ့ Realme ကလည္း အခုလက္ရွိေရစီးနဲ႔အတူ 48MP ကင္မရာတစ္လုံး ပါတဲ့ ဖုန္းတစ္လုံးကို မိတ္ဆက္လာမယ္လို႔လည္း ပါဝင္ေပမယ့္ အဲ့ဒီဖုန္းက Realme 3 စီးရီးထဲ အပါအဝင္လား ဆုိတာကိုေတာ့ အတိအက် မသိရေသးပါဘူး။

Realme ရဲ႕အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္သူ Madhav Sheth ဟာ အိႏၵိယန္းအိတ္စ္ပရက္နဲ႔ အင္တာဗ်ဴးမွာ ၂၀၁၉ ခုႏွစ္အတြက္ အစီအစဥ္အခ်ဳိ႕ကို ထုတ္ေဖာ္ေျပာခဲ့တာပါ။ အိႏၵိယရဲ႕ ေစ်းကြက္ထိန္းခ်ဳပ္ေရး အစီအစဥ္ေၾကာင့္ Amazon နဲ႔ Flipkart တုိ႔ဟာ ဒီဖုန္းသစ္ေတြကို Exclusive အေနနဲ႔ ကမ္းလွမ္းလာမွာ မဟုတ္ပါဘူး။

Realme 3 အျပင္ အျခားထုတ္ကုန္ေတြထဲမွာ အလြန္ေစ်းခ်ဳိတဲ့ Realme C1 နဲ႔ ဆယ္ဖီအသားေပး Realme U1 တုိ႔ၾကားထဲက ေစ်းႏႈန္းဝန္းက်င္နဲ႔ Realme A1 ကိုလည္း ေတြ႕ရေတာ့မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ကုမၸဏီဟာ သူတုိ႔ရဲ႕ ပထမဆုံး ခုနစ္လအခ်ိန္တြင္းမွာ ဖုန္းအလုံးေပါင္း ေလးသန္းေက်ာ္ ေရာင္းခ်ႏုိင္ခဲ့ၿပီး ၂၀၁၉ မွာလည္း စမတ္ဖုန္းေစ်းကြက္ကို အလားတူ ထပ္မံထုိးေဖာက္လာဦးမွာပါ။

Ref – GSM Arena

[Unicode]

ပြီးခဲ့တဲ့နှစ်မှာ Realme အမှတ်တံဆိပ်ဟာ ကောင်းမွန်တဲ့အစကို ရရှိခဲ့ပြီး တန်ဖိုးနဲ့ စွမ်းဆောင်ရည်မျှခြေ ကောင်းမွန်တဲ့ ဖုန်းငါးလုံးကို ထုတ်လုပ်ခဲ့ကာ စံချိန်အချို့ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ အခုနှစ်မှာလည်း ဒီအရှိန်ကို ဆက်ထိန်းထားမယ်လို့ ယူဆရပြီး ၂၀၁၉ ရဲ့ပထမသုံးလအတွင်းမှာ Realme 3 ဖုန်းသစ်ကို ထုတ်လုပ်လာမှာ ဖြစ်ကြောင်း သတင်းတွေ ထွက်လာခဲ့ပါပြီ။

ထွက်ပေါ်လာတဲ့ သတင်းမှာတော့ Realme ကလည်း အခုလက်ရှိရေစီးနဲ့အတူ 48MP ကင်မရာတစ်လုံး ပါတဲ့ ဖုန်းတစ်လုံးကို မိတ်ဆက်လာမယ်လို့လည်း ပါဝင်ပေမယ့် အဲ့ဒီဖုန်းက Realme 3 စီးရီးထဲ အပါအဝင်လား ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

Realme ရဲ့အမှုဆောင်အရာရှိချုပ်ဖြစ်သူ Madhav Sheth ဟာ အိန္ဒိယန်းအိတ်စ်ပရက်နဲ့ အင်တာဗျူးမှာ ၂၀၁၉ ခုနှစ်အတွက် အစီအစဉ်အချို့ကို ထုတ်ဖော်ပြောခဲ့တာပါ။ အိန္ဒိယရဲ့ ဈေးကွက်ထိန်းချုပ်ရေး အစီအစဉ်ကြောင့် Amazon နဲ့ Flipkart တို့ဟာ ဒီဖုန်းသစ်တွေကို Exclusive အနေနဲ့ ကမ်းလှမ်းလာမှာ မဟုတ်ပါဘူး။

Realme 3 အပြင် အခြားထုတ်ကုန်တွေထဲမှာ အလွန်ဈေးချိုတဲ့ Realme C1 နဲ့ ဆယ်ဖီအသားပေး Realme U1 တို့ကြားထဲက ဈေးနှုန်းဝန်းကျင်နဲ့ Realme A1 ကိုလည်း တွေ့ရတော့မယ်လို့ မျှော်လင့်ရပါတယ်။ ကုမ္ပဏီဟာ သူတို့ရဲ့ ပထမဆုံး ခုနစ်လအချိန်တွင်းမှာ ဖုန်းအလုံးပေါင်း လေးသန်းကျော် ရောင်းချနိုင်ခဲ့ပြီး ၂၀၁၉ မှာလည်း စမတ်ဖုန်းဈေးကွက်ကို အလားတူ ထပ်မံထိုးဖောက်လာဦးမှာပါ။

Ref – GSM Arena