[Zawgyi]




[Unicode]

Realme C1 Launch Event အတွက် Live Stream ထုတ်လွှင့်မှုကိုစောင့်မျှော်ကြည့်ရှုကာ Realme C1 ဖုန်းသစ်တစ်လုံး ကံထူးနိုင်ပြီ

Realme C1 Launch Event ကြီးကို လာမယ့် ဒီဇင်ဘာလ (၂၇)ရက်၊ Melia Hotel မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး Realme C1 ထုတ်ကုန်သစ်အကြောင်းနဲ့တကွ ဈေးနှုန်းတွေကိုပါ တစ်ပါတည်း ကြေညာပေးသွားမယ်လို့ သိရပါတယ်။

Realme C1 နဲ့အတူ နောက်ထပ် One More Thing ထုတ်ကုန်တစ်ခုကိုပါ ဖြည့်စွက်ကြေညာပေးသွားမယ့်အကြောင်းကိုလည်း Oppo Myanmar မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားထားပါသေးတယ်။ အထူးအစီအစဉ်တစ်ရပ်အနေနဲ့ Live Stream ကနေတစ်ဆင့် Realme C1 Launch Event ကို စောင်ကြည့်နေသူများအတွက် Realme C1 စမတ်ဖုန်းတစ်လုံးကို Lucky Draw အဖြစ်မဲဖောက်ပေးသွားမယ်လို့ သိရပါတယ်။

အဆိုပါ Lucky Draw အစီအစဉ်မှာ ပါဝင်ချင်သူများအနေနဲ့ (Realme C1 Launch Event) စာသားနဲ့အတူ မိမိနှစ်သက်တဲ့ Realme C1 အချက်အလက်တစ်ခုကို တွဲဖက်ရေးသားပြီး Live Stream လွှင့်နေတဲ့ Post အောက်မှာ Comment ပေးထားခဲ့ရမှာ ဖြစ်ပါတယ်။ ကံထူးရှင်ကို Random စနစ်နဲ့ရွေးချယ်ကာ ဒီဇင်ဘာလ (၂၈) ရက်နေ့မှာ Realme Page ကနေတစ်ဆင့် ကြေညာပေးသွားမယ်လို့ သိရပါတယ်။