[Zawgyi]

လြန္ခဲ့တဲ့ ႏွစ္ပတ္ေလာက္တုန္းက Realme ဟာ ကုမၸဏီရဲ႕ ပထမဆုံး Heilo P70 Chipset သုံး စမတ္ဖုန္းကို ယူေဆာင္လာမယ္ဆိုတဲ့ ေကာလာဟလကို ၾကားခဲ့ၾကရပါေသးတယ္။ အခုအခ်ိန္မွာေတာ့ ေကာလာဟလကေန စစ္မွန္တဲ့ သတင္းတစ္ခုအျဖစ္ ေျပာင္းလဲသြားပါၿပီ။

ၿပီးခဲ့တဲ့ရက္တုန္းက Realme ရဲ႕ CEO Madhav Sheth က MediaTek ရဲ႕ Heilo P70 ကို အသုံးျပဳထားတဲ့ စမတ္ဖုန္းကို ႏိုင္ငံတကာေဈးကြက္ဆီ ျဖန႔္ခ်ိေတာ့မယ္လို႔ စာနယ္စင္းမိတ္ဆက္ပြဲျပဳလုပ္သြားခဲ့ပါတယ္။ ဒီပြဲအေၾကာင္းကို တ႐ုတ္မီဒီယာေတြက ေဝေဝဆာဆာေဖာ္ျပခဲ့ၾကတာမို႔ တစ္ဆင့္ျပန္လည္ၿပီး ေဖာ္ျပလိုက္ရပါတယ္။

ဒီ Chip အသစ္ဟာ 12nm FinFET ေပၚမွာ တည္ေဆာက္ထားပါတယ္။ Octa-core CU နဲ႔ Mali-G72 GPU ေပါင္းစပ္တဲ့ TSMC ပါ။ အတိအက်ေျပာရရင္ four Cortex-A73 cores at 2.1 GHz နဲ႔ four Cortex-A53 units at 2 GHz ျဖစ္ပါတယ္။ ဒါေၾကာင့္ Heilo P60 ထပ္ ပိုၿပီးေတာ့ ျမန္ဆန္တဲ့ စြမ္းေဆာင္ရည္ကို ေထာက္ပံ့ေပးပါလိမ့္မယ္။

Heilo P60 က AI အထူးျပဳ ‘AI processing unit’ APU ျဖစ္ၿပီး Heilo P70 ကေတာ့ Neural Processing Unit (NPU) ျဖစ္တာေၾကာင့္ ပိုၿပီးျမင့္မားတဲ့ စြမ္းေဆာင္ရည္ ရွိပါတယ္။ ဒါေၾကာင့္ Realme ရဲ႕ စမတ္ဖုန္းသစ္ေတြဟာ Voice assistants, Face Unlock တို႔အပါအဝင္ AI processing မွာ 10% နဲ႔ 20% ၾကား ပိုမိုတဲ့ထိေရာက္မႈကို ျဖစ္ေပၚေစပါတယ္။ ဒါ့ေၾကာင့္ Portrait Mode, Scene Recognition, Face Optimization တို႔လို ကင္မရာဆိုင္ရာ စြမ္းေဆာင္ရည္ကိုလည္း အေျမာက္အမ်ား ပိုေကာင္းေစႏိုင္ပါတယ္။

Realme ရဲ႕ စမတ္ဖုန္းသစ္နဲ႔ ပတ္သက္ၿပီး VOOC Charging အေၾကာင္းလည္း ေမးျမန္းခဲ့ရာမွာ Sheth က “Why not” လို႔ ျပန္ေျဖခဲ့တဲ့အတြက္ ဒီအျမန္အားသြင္းစနစ္ကလည္း ပါဝင္ၿပီးသားလို႔ မွတ္ယူရမွာ ျဖစ္ပါတယ္။ ဒီအျမန္အားသြင္း စနစ္က Oppo အျပင္ ေနာက္ထြက္ စမတ္ဖုန္းေတြမွာ ရရွိၿပီးသား ျဖစ္မယ္လို႔ ယူဆရပါတယ္။

Ref: gsmarena

 

[Unicode]

လွန်ခဲ့တဲ့ နှစ်ပတ်လောက်တုန်းက Realme ဟာ ကုမ္ပဏီရဲ့ ပထမဆုံး Heilo P70 Chipset သုံး စမတ်ဖုန်းကို ယူဆောင်လာမယ်ဆိုတဲ့ ကောလာဟလကို ကြားခဲ့ကြရပါသေးတယ်။ အခုအချိန်မှာတော့ ကောလာဟလကနေ စစ်မှန်တဲ့ သတင်းတစ်ခုအဖြစ် ပြောင်းလဲသွားပါပြီ။

ပြီးခဲ့တဲ့ရက်တုန်းက Realme ရဲ့ CEO Madhav Sheth က MediaTek ရဲ့ Heilo P70 ကို အသုံးပြုထားတဲ့ စမတ်ဖုန်းကို နိုင်ငံတကာဈေးကွက်ဆီ ဖြန့်ချိတော့မယ်လို့ စာနယ်စင်းမိတ်ဆက်ပွဲပြုလုပ်သွားခဲ့ပါတယ်။ ဒီပွဲအကြောင်းကို တရုတ်မီဒီယာတွေက ဝေဝေဆာဆာဖော်ပြခဲ့ကြတာမို့ တစ်ဆင့်ပြန်လည်ပြီး ဖော်ပြလိုက်ရပါတယ်။

ဒီ Chip အသစ်ဟာ 12nm FinFET ပေါ်မှာ တည်ဆောက်ထားပါတယ်။ Octa-core CU နဲ့ Mali-G72 GPU ပေါင်းစပ်တဲ့ TSMC ပါ။ အတိအကျပြောရရင် four Cortex-A73 cores at 2.1 GHz နဲ့ four Cortex-A53 units at 2 GHz ဖြစ်ပါတယ်။ ဒါကြောင့် Heilo P60 ထပ် ပိုပြီးတော့ မြန်ဆန်တဲ့ စွမ်းဆောင်ရည်ကို ထောက်ပံ့ပေးပါလိမ့်မယ်။

Heilo P60 က AI အထူးပြု ‘AI processing unit’ APU ဖြစ်ပြီး Heilo P70 ကတော့ Neural Processing Unit (NPU) ဖြစ်တာကြောင့် ပိုပြီးမြင့်မားတဲ့ စွမ်းဆောင်ရည် ရှိပါတယ်။ ဒါကြောင့် Realme ရဲ့ စမတ်ဖုန်းသစ်တွေဟာ Voice assistants, Face Unlock တို့အပါအဝင် AI processing မှာ 10% နဲ့ 20% ကြား ပိုမိုတဲ့ထိရောက်မှုကို ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် Portrait Mode, Scene Recognition, Face Optimization တို့လို ကင်မရာဆိုင်ရာ စွမ်းဆောင်ရည်ကိုလည်း အမြောက်အများ ပိုကောင်းစေနိုင်ပါတယ်။

Realme ရဲ့ စမတ်ဖုန်းသစ်နဲ့ ပတ်သက်ပြီး VOOC Charging အကြောင်းလည်း မေးမြန်းခဲ့ရာမှာ Sheth က “Why not” လို့ ပြန်ဖြေခဲ့တဲ့အတွက် ဒီအမြန်အားသွင်းစနစ်ကလည်း ပါဝင်ပြီးသားလို့ မှတ်ယူရမှာ ဖြစ်ပါတယ်။ ဒီအမြန်အားသွင်း စနစ်က Oppo အပြင် နောက်ထွက် စမတ်ဖုန်းတွေမှာ ရရှိပြီးသား ဖြစ်မယ်လို့ ယူဆရပါတယ်။

Ref: gsmarena