[Zawgyi]

Realme ကေတာ့ ၿပီးခဲ့တဲ့ ၂၀၁၈ ကို ေအာင္ျမင္စြာနဲ႔ ျဖတ္သန္းႏိုင္ခဲ့ပါတယ္။ သူ႔ရဲ႕ ပြဲဦးထြက္ႏွစ္မွာ အဖိုးႏႈန္းခ်ိဳသာတဲ့ စမတ္ဖုန္းေတြကို အေျမာက္အမ်ားေရာင္းခ်ႏိုင္ခဲ့ၿပီး Realme ဆိုတဲ့ အမွတ္တံဆိပ္တစ္ခုကို ေကာင္းမြန္စြာပဲ ရယူႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

Realme ဟာ လြန္ခဲ့တဲ့ ၂၀၁၀ ျပည့္ႏွစ္တုန္းက “OPPO Real” အမည္နဲ႔ ေပၚထြက္လာခဲ့ပါတယ္။ အဲဒီတုန္းကေတာ့ OPPO အီလက္ထေရာနစ္ ေကာ္ပိုေရးရွင္းရဲ႕ လက္ေအာက္ခံ ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ၂၀၁၈ ခုႏွစ္ ဇူလိုင္လ ၃၀ ရက္ေန႔မွာ OPPO ရဲ႕ ဒုတိယဥကၠ႒ေဟာင္းနဲ႔ ျပည္ပစီးပြားေရးဆိုင္ရာဌာန အႀကီးအကဲျဖစ္တဲ့ Sky Li က OPPO ကေန ႏုတ္ထြက္ေၾကာင္းေၾကညာခဲ့ၿပီး ၂၀၁၈ ခုႏွစ္ ေမလ ၄ ရက္ေန႔ မွာေတာ့ Realme ဟာ Sky Li ရဲ႕ ဦးေဆာင္မႈနဲ႔အတူ သီးသန႔္ရပ္တည္တဲ့ ကုမၸဏီျဖစ္လာခဲ့တာပါ။

Realme ဟာ ၂၀၁၈ ခုႏွစ္ ေမလမွာ “Realme 1” ကို အိႏၵိယေဈးကြက္မွာ စတင္ ျဖန႔္ခ်ိခဲ့ပါတယ္။ ဒီေနာက္မွာေတာ့ အေရွ႕ေတာင္အာရွေဈးကြက္ကို ဆက္လက္ထိုးေဖာက္ခဲ့တာပဲျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္ရဲ႕ အစဦးဆုံးရက္ျဖစ္တဲ့ ဇန္နဝါရီလ ၁ ရက္ေန႔မွာ Realme ကိုအသုံးျပဳသူေပါင္း ေလးသန္းရွိေနေၾကာင္းကို ထုတ္ေဖာ္ေျပာဆိုသြားခဲ့ၿပီး ႏႈတ္ခြန္းဆက္သခဲ့ပါတယ္။

ႏႈိင္းယွဥ္ရမယ္ဆိုရင္ေတာ့ ထိုင္ဝမ္အမွတ္တံဆိပ္ HTC ရဲ႕ ၂၀၁၈ မွာ အလုံးေရ ၂ သန္းေအာက္သာ ေရာင္းခ်ဖို႔ ေမွ်ာ္မွန္းထားတာထက္ Realme က ႏွစ္ဆပိုၿပီး ေရာင္းခ်ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ အိႏၵိယေဈးကြက္ျဖစ္တဲ့ ဒီပါဝလီ အားလပ္ရက္ရာသီေဈးေရာင္းပြဲမွာလည္း Realme ရဲ႕ ေရာင္းအားက Xiaomi နဲ႔ Samsung တို႔ရဲ႕ေနာက္ တတိယေနရာကို ေရာက္ရွိခဲ့တာ ေတြ႕ရပါတယ္။

၂၀၁၉ ခုႏွစ္ဟာ စမတ္ဖုန္းအမွတ္တံဆိပ္တိုင္းအတြက္ နည္းပညာ၊ အရည္အေသြး၊ ေဈးႏႈန္း စတဲ့ ေတာင္းဆိုမႈေတြနဲ႔ ၿပိဳင္ဆိုင္ရမယ့္ႏွစ္လို႔ သတ္မွတ္ထားၾကတဲ့ႏွစ္ပါ။ ဒါေၾကာင့္ Realme အေနနဲ႔ ထုတ္ကုန္ေတြရဲ႕အရည္အေသြးကို ဘယ္ေလာက္ထိ ျမႇင့္တင္ႏိုင္ၿပီး သတ္မွတ္ေဈးႏႈန္းေတြကို ဘယ္ေလာက္ထိေလွ်ာ့ခ်ႏိုင္မယ္၊ ဖုန္းအလုံးေရ ဘယ္ေလာက္ထိ ထပ္ၿပီးေရာင္းခ်ႏိုင္ဦးမလဲဆိုတာကို ေစာင့္ၾကည့္သြားရမွာ ျဖစ္ပါတယ္။

Ref: Android Authority

[Unicode]

Realme ကတော့ ပြီးခဲ့တဲ့ ၂၀၁၈ ကို အောင်မြင်စွာနဲ့ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ပွဲဦးထွက်နှစ်မှာ အဖိုးနှုန်းချိုသာတဲ့ စမတ်ဖုန်းတွေကို အမြောက်အများရောင်းချနိုင်ခဲ့ပြီး Realme ဆိုတဲ့ အမှတ်တံဆိပ်တစ်ခုကို ကောင်းမွန်စွာပဲ ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Realme ဟာ လွန်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်တုန်းက “OPPO Real” အမည်နဲ့ ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီတုန်းကတော့ OPPO အီလက်ထရောနစ် ကော်ပိုရေးရှင်းရဲ့ လက်အောက်ခံ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့မှာ OPPO ရဲ့ ဒုတိယဥက္ကဋ္ဌဟောင်းနဲ့ ပြည်ပစီးပွားရေးဆိုင်ရာဌာန အကြီးအကဲဖြစ်တဲ့ Sky Li က OPPO ကနေ နုတ်ထွက်ကြောင်းကြေညာခဲ့ပြီး ၂၀၁၈ ခုနှစ် မေလ ၄ ရက်နေ့ မှာတော့ Realme ဟာ Sky Li ရဲ့ ဦးဆောင်မှုနဲ့အတူ သီးသန့်ရပ်တည်တဲ့ ကုမ္ပဏီဖြစ်လာခဲ့တာပါ။

Realme ဟာ ၂၀၁၈ ခုနှစ် မေလမှာ “Realme 1” ကို အိန္ဒိယဈေးကွက်မှာ စတင် ဖြန့်ချိခဲ့ပါတယ်။ ဒီနောက်မှာတော့ အရှေ့တောင်အာရှဈေးကွက်ကို ဆက်လက်ထိုးဖောက်ခဲ့တာပဲဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ရဲ့ အစဦးဆုံးရက်ဖြစ်တဲ့ ဇန်နဝါရီလ ၁ ရက်နေ့မှာ Realme ကိုအသုံးပြုသူပေါင်း လေးသန်းရှိနေကြောင်းကို ထုတ်ဖော်ပြောဆိုသွားခဲ့ပြီး နှုတ်ခွန်းဆက်သခဲ့ပါတယ်။

နှိုင်းယှဉ်ရမယ်ဆိုရင်တော့ ထိုင်ဝမ်အမှတ်တံဆိပ် HTC ရဲ့ ၂၀၁၈ မှာ အလုံးရေ ၂ သန်းအောက်သာ ရောင်းချဖို့ မျှော်မှန်းထားတာထက် Realme က နှစ်ဆပိုပြီး ရောင်းချနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အိန္ဒိယဈေးကွက်ဖြစ်တဲ့ ဒီပါဝလီ အားလပ်ရက်ရာသီဈေးရောင်းပွဲမှာလည်း Realme ရဲ့ ရောင်းအားက Xiaomi နဲ့ Samsung တို့ရဲ့နောက် တတိယနေရာကို ရောက်ရှိခဲ့တာ တွေ့ရပါတယ်။

၂၀၁၉ ခုနှစ်ဟာ စမတ်ဖုန်းအမှတ်တံဆိပ်တိုင်းအတွက် နည်းပညာ၊ အရည်အသွေး၊ ဈေးနှုန်း စတဲ့ တောင်းဆိုမှုတွေနဲ့ ပြိုင်ဆိုင်ရမယ့်နှစ်လို့ သတ်မှတ်ထားကြတဲ့နှစ်ပါ။ ဒါကြောင့် Realme အနေနဲ့ ထုတ်ကုန်တွေရဲ့အရည်အသွေးကို ဘယ်လောက်ထိ မြှင့်တင်နိုင်ပြီး သတ်မှတ်ဈေးနှုန်းတွေကို ဘယ်လောက်ထိလျှော့ချနိုင်မယ်၊ ဖုန်းအလုံးရေ ဘယ်လောက်ထိ ထပ်ပြီးရောင်းချနိုင်ဦးမလဲဆိုတာကို စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

Ref: Android Authority