Zawgyi

OPPO ၏ Second Brand အျဖစ္ မိုဘိုင္းေလာကတြင္ေပၚထြက္လာခဲ့သည့္ Realme အမွတ္တံဆိပ္သည္ ၎တို႔၏ပထမဆုံးထုတ္ကုန္ျဖစ္ေသာ Realme 1 ကို အိႏၵိယႏိုင္ငံတြင္ ၂ဝ၁၈ ေမလ ၁၆ရက္တြင္စတင္မိတ္ဆက္ေပးခဲ့ၿပီးေနာက္ Amazon ၏ Best Seller စာရင္းဝင္ဖုန္းျဖစ္လာခဲ့ကာ အျမင့္ဆုံးရမွတ္ 5 တြင္ 4.5 အထိ ရယူႏိုင္ခဲ့သည္။ ထို႔ေနာက္တြင္ Realme 2 ကို ၾသဂုတ္လ၂၆တြင္ဆက္လက္မိတ္ဆက္ေပးခဲ့ကာ အိႏၵိယႏိုင္ငံ၏ အြန္လိုင္းအေရာင္းပလပ္ေဖာင္းျဖစ္ေသာ Flipkart တြင္ ၅မိနစ္အတြင္း အလုံးေရ ၂ဝဝ,ဝဝဝ အထိ ေရာင္းခ်ခဲ့ရသလို အဆိုပါ ပလပ္ေဖာင္း၏ မိုဘိုင္းက႑အတြက္ေရာင္းအေကင္းဆုံးစံခ်ိန္ကိုပါ ခ်ိဳးဖ်က္ႏိုင္ခဲ့သည္။

စက္တင္ဘာ ၂၇ရက္တြင္ Realme အေနျဖင့္ ၎တို႔၏ထုတ္ကုန္သစ္မ်ားျဖစ္ၾကသည့္ Realme 2 Pro ႏွင့္ Realme C1 တို႔ကို တရားဝင္မိတ္ဆက္ေပးခဲ့သလို Realme အမွတ္တံဆိပ္ကိုစတင္တည္ေထာင္ခဲ့ၿပီးေနာက္ ၄လအၾကာတြင္ royal user အေရအတြက္မွာ ၁သန္းေက်ာ္အထိေရာက္ရွိလာခဲ့သည္။ ထို႔အျပင္ ၂ဝ၁၈ ေအာက္တိုဘာလအတြင္းတြင္ Realme မွာ အိႏၵိယႏိုင္ငံ၏ အြန္လိုင္းေဈးေရာင္းပြဲေတာ္ျဖစ္ေသာ Indian E-Commerce Festival တြင္ အခ်ိန္၁၂နာရီအတြင္းမွာပင္ ဖုန္းအလုံး ၇သိန္းေရာင္းခ်ရသည့္စံခ်ိန္ကိုရ ယူႏိုင္ခဲ့သည္။

Realme အေနျဖင့္ အိႏၵိယေဈးကြက္အျပင္ အျခားေသာေဈးကြက္မ်ားသို႔ပါဆက္လက္ထိုးေဖာက္ဝင္ေရာက္လ်က္ရွိရာ ၂ဝ၁၈ ေအာက္တိုဘာလအတြင္းမွာပင္ အင္ဒိုနီးရွားႏွင့္ ဗီယက္နမ္ေဈးကြက္မ်ားသို႔တရားဝင္ ဝင္ေရာက္ေနရာယူႏိုင္ခဲ့သည္။ အင္ဒိုနီးရွားေဈးကြက္တြင္လည္း Realme အေနျဖင့္ အေရွ႕ေတာင္အာရွာ၏ အႀကီးမားဆုံးအြန္လိုင္းအေရာင္းအဖြဲ႕အစည္းျဖစ္ေသာ Lazada ႏွင့္ လက္တြဲပူးေပါင္းကာ ပထမဆုံးစတင္ေရာင္းခ်ေပးသည့္ Realme 2 ထုတ္ကုန္မွာ အဆိုပါပလပ္ေဖာင္း၏ ေရာင္းအားစံခ်ိန္ကို ခ်ိဳး ဖ်က္ႏိုင္ခဲ့သည္။ ဆက္လက္၍ Realme 2 Pro ၏ေရာင္းအားမွာလည္း အင္ဒိုနီးရွားေငြ (႐ူပီယာ) ၃၃ဘီလီယံအထိ ၃မိနစ္အတြင္းမွာပင္ေရာင္းခ်ကာ ေနာက္ထပ္စံခ်ိန္ေကာင္းမ်ားကိုဆက္လက္ရယူႏိုင္ခဲ့သည္။

Realme 2 Pro

ထို႔အျပင္ Realme အမွတ္တံဆိပ္ကိုစတင္မိတ္ဆက္လိုက္သည့္ ၆လအတြင္းမွာပင္ ေနာက္ထပ္ေဈးကြက္သစ္မ်ားျဖစ္ၾကသည့္ မေလးရွား၊ ဖိလစ္ပိုင္၊ ထိုင္းႏိုင္ငံတို႔တြင္ပါ အသီးသီးမိတ္ဆက္မႈမ်ားျပဳလုပ္ကာ တရားဝင္ ဝင္ေရာက္ခဲ့ၾကသည္။ ႏိုဝင္ဘာလ ၁၁ ရက္ေန႔တြင္ အင္ဒိုနီးရွားအေျခစိုက္ Realme အေနျဖင့္ အြန္လိုင္းပလပ္ေဖာင္း Lazada တြင္ ၂၁မိနစ္အတြင္း ဖုန္းအလုံးေရ ၄ဝ,ဝဝဝ ေက်ာ္အထိေရာင္းခ်ကာ တစ္ေန႔တာအတြင္း အြန္လိုင္းပ လပ္ေဖာင္း၏ နံပါတ္(၁) ဆု၃ဆုျဖစ္ေသာ စုစုေပါင္းဖုန္းအမ်ားဆုံးေရာင္းခ်ရမႈ၊ ပစၥည္းအလိုက္ေရာင္းအားေကာင္းမႈႏွင့္ အျမန္ဆုံးေရာင္းအားတိုးတက္မႈ ဆုမ်ားကိုသိမ္းပိုက္ရယူႏိုင္ခဲ့သည္။

ထိုင္းႏိုင္ငံတြင္လည္း Realme မွာ Lazada ၏တစ္ေန႔တာအတြင္း ေရာင္းအားအေကာင္းဆုံးစမတ္ဖုန္းခ်န္ပီယံ ျဖစ္လာခဲ့ၿပီး မေလးရွားႏိုင္ငံတြင္မူ Realme မွာ အြန္လိုင္းအေရာင္းပလပ္ေဖာင္းျဖစ္သည့္ Shopee တြင္ တစ္ေန႔တာေရာင္းအားအေကာင္းဆုံး စံခ်ိန္သစ္ကိုစိုက္ထူးႏိုင္ခဲ့ကာ ဗီယက္နမ္ႏိုင္ငံတြင္ေရာင္းခ်သည့္ Realme ထုတ္ကုန္မ်ားမွာလည္း ပစၥည္းပ်က္လတ္သည္အထိ ေရာင္းခ်ခဲ့ရသည္။

Realme 2 Pro

ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၂၈ရက္တြင္ ကင္မရာဘုရင္သစ္ဟု အမည္ေပးထားသည့္ ထုတ္ကုန္သစ္ျဖစ္ေသာ U series (U1)ကို တရားဝင္မိတ္ဆက္ေပးခဲ့သလို ႏိုင္ငံတကာေဈးကြက္တိုင္းတြင္ Realme အေနျဖင့္ Mi Killer အမွတ္တံဆိပ္အျဖစ္ မိုဘိုင္းမွတ္တိုင္သစ္မ်ားကို အရွိန္ျမႇင့္စိုက္ထူလ်က္ရွိသည္။

Unicode

နိုင်ငံတကာဈေးကွက်တွင် မိုဘိုင်းမှတ်တိုင်သစ်များကို အရှိန်မြှင့်စိုက်ထူလျက်ရှိတဲ့ Realme

OPPO ၏ Second Brand အဖြစ် မိုဘိုင်းလောကတွင်ပေါ်ထွက်လာခဲ့သည့် Realme အမှတ်တံဆိပ်သည် ၎င်းတို့၏ပထမဆုံးထုတ်ကုန်ဖြစ်သော Realme 1 ကို အိန္ဒိယနိုင်ငံတွင် ၂ဝ၁၈ မေလ ၁၆ရက်တွင်စတင်မိတ်ဆက်ပေးခဲ့ပြီးနောက် Amazon ၏ Best Seller စာရင်းဝင်ဖုန်းဖြစ်လာခဲ့ကာ အမြင့်ဆုံးရမှတ် 5 တွင် 4.5 အထိ ရယူနိုင်ခဲ့သည်။ ထို့နောက်တွင် Realme 2 ကို သြဂုတ်လ၂၆တွင်ဆက်လက်မိတ်ဆက်ပေးခဲ့ကာ အိန္ဒိယနိုင်ငံ၏ အွန်လိုင်းအရောင်းပလပ်ဖောင်းဖြစ်သော Flipkart တွင် ၅မိနစ်အတွင်း အလုံးရေ ၂ဝဝ,ဝဝဝ အထိ ရောင်းချခဲ့ရသလို အဆိုပါ ပလပ်ဖောင်း၏ မိုဘိုင်းကဏ္ဍအတွက်ရောင်းအကေင်းဆုံးစံချိန်ကိုပါ ချိုးဖျက်နိုင်ခဲ့သည်။

စက်တင်ဘာ ၂၇ရက်တွင် Realme အနေဖြင့် ၎င်းတို့၏ထုတ်ကုန်သစ်များဖြစ်ကြသည့် Realme 2 Pro နှင့် Realme C1 တို့ကို တရားဝင်မိတ်ဆက်ပေးခဲ့သလို Realme အမှတ်တံဆိပ်ကိုစတင်တည်ထောင်ခဲ့ပြီးနောက် ၄လအကြာတွင် royal user အရေအတွက်မှာ ၁သန်းကျော်အထိရောက်ရှိလာခဲ့သည်။ ထို့အပြင် ၂ဝ၁၈ အောက်တိုဘာလအတွင်းတွင် Realme မှာ အိန္ဒိယနိုင်ငံ၏ အွန်လိုင်းဈေးရောင်းပွဲတော်ဖြစ်သော Indian E-Commerce Festival တွင် အချိန်၁၂နာရီအတွင်းမှာပင် ဖုန်းအလုံး ၇သိန်းရောင်းချရသည့်စံချိန်ကိုရ ယူနိုင်ခဲ့သည်။

Realme အနေဖြင့် အိန္ဒိယဈေးကွက်အပြင် အခြားသောဈေးကွက်များသို့ပါဆက်လက်ထိုးဖောက်ဝင်ရောက်လျက်ရှိရာ ၂ဝ၁၈ အောက်တိုဘာလအတွင်းမှာပင် အင်ဒိုနီးရှားနှင့် ဗီယက်နမ်ဈေးကွက်များသို့တရားဝင် ဝင်ရောက်နေရာယူနိုင်ခဲ့သည်။ အင်ဒိုနီးရှားဈေးကွက်တွင်လည်း Realme အနေဖြင့် အရှေ့တောင်အာရှာ၏ အကြီးမားဆုံးအွန်လိုင်းအရောင်းအဖွဲ့အစည်းဖြစ်သော Lazada နှင့် လက်တွဲပူးပေါင်းကာ ပထမဆုံးစတင်ရောင်းချပေးသည့် Realme 2 ထုတ်ကုန်မှာ အဆိုပါပလပ်ဖောင်း၏ ရောင်းအားစံချိန်ကို ချိုး ဖျက်နိုင်ခဲ့သည်။ ဆက်လက်၍ Realme 2 Pro ၏ရောင်းအားမှာလည်း အင်ဒိုနီးရှားငွေ (ရူပီယာ) ၃၃ဘီလီယံအထိ ၃မိနစ်အတွင်းမှာပင်ရောင်းချကာ နောက်ထပ်စံချိန်ကောင်းများကိုဆက်လက်ရယူနိုင်ခဲ့သည်။

Realme 2 Pro

ထို့အပြင် Realme အမှတ်တံဆိပ်ကိုစတင်မိတ်ဆက်လိုက်သည့် ၆လအတွင်းမှာပင် နောက်ထပ်ဈေးကွက်သစ်များဖြစ်ကြသည့် မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတို့တွင်ပါ အသီးသီးမိတ်ဆက်မှုများပြုလုပ်ကာ တရားဝင် ဝင်ရောက်ခဲ့ကြသည်။ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အင်ဒိုနီးရှားအခြေစိုက် Realme အနေဖြင့် အွန်လိုင်းပလပ်ဖောင်း Lazada တွင် ၂၁မိနစ်အတွင်း ဖုန်းအလုံးရေ ၄ဝ,ဝဝဝ ကျော်အထိရောင်းချကာ တစ်နေ့တာအတွင်း အွန်လိုင်းပ လပ်ဖောင်း၏ နံပါတ်(၁) ဆု၃ဆုဖြစ်သော စုစုပေါင်းဖုန်းအများဆုံးရောင်းချရမှု၊ ပစ္စည်းအလိုက်ရောင်းအားကောင်းမှုနှင့် အမြန်ဆုံးရောင်းအားတိုးတက်မှု ဆုများကိုသိမ်းပိုက်ရယူနိုင်ခဲ့သည်။

ထိုင်းနိုင်ငံတွင်လည်း Realme မှာ Lazada ၏တစ်နေ့တာအတွင်း ရောင်းအားအကောင်းဆုံးစမတ်ဖုန်းချန်ပီယံ ဖြစ်လာခဲ့ပြီး မလေးရှားနိုင်ငံတွင်မူ Realme မှာ အွန်လိုင်းအရောင်းပလပ်ဖောင်းဖြစ်သည့် Shopee တွင် တစ်နေ့တာရောင်းအားအကောင်းဆုံး စံချိန်သစ်ကိုစိုက်ထူးနိုင်ခဲ့ကာ ဗီယက်နမ်နိုင်ငံတွင်ရောင်းချသည့် Realme ထုတ်ကုန်များမှာလည်း ပစ္စည်းပျက်လတ်သည်အထိ ရောင်းချခဲ့ရသည်။

Realme 2 Pro

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ရက်တွင် ကင်မရာဘုရင်သစ်ဟု အမည်ပေးထားသည့် ထုတ်ကုန်သစ်ဖြစ်သော U series (U1)ကို တရားဝင်မိတ်ဆက်ပေးခဲ့သလို နိုင်ငံတကာဈေးကွက်တိုင်းတွင် Realme အနေဖြင့် Mi Killer အမှတ်တံဆိပ်အဖြစ် မိုဘိုင်းမှတ်တိုင်သစ်များကို အရှိန်မြှင့်စိုက်ထူလျက်ရှိသည်။