Zawgyi

Realme U1 ဆိုတာ OPPO ရဲ႕ Brand ခြဲျဖစ္တဲ့ Realme ကေန ထုတ္လိုက္တဲ့ေနာက္ဖုန္းတစ္လံုးျဖစ္ျပီး ႏိုဝင္ဘာ ၂၈ မွာတရားဝင္မိတ္ဆက္မွာပါ။ Realme U1 ဟာ Realme ရဲ႕ Series အသစ္တဲ့ U Series ရဲ႕ ပထမဆံုး ဖုန္းတစ္လံုးျဖစ္ျပီး ကင္မရာအသားေပးဖုန္းတစ္လံုး ျဖစ္လာမယ္လို႔လည္း သတင္းေတြထြက္ေနပါေသးတယ္။ ဒါ့အျပင္ Mediatek ရဲ႕ ေနာက္ဆံုးထြက္ Flagship SoC ျဖစ္တဲ့ Helio P70 ကိုအသံုးျပဳမယ့္ ပထမဆံုးဖုန္းျဖစ္လာမယ္လို႔လည္း သိရပါတယ္။

ႏိုဝင္ဘာ ၂၈ တရားဝင္မိတ္ဆက္ပြဲ မတိုင္ခင္မွာပဲ Redmi Note 6 Pro နဲ႔ Honor 8X တို႔နဲ႔ ယွဥ္ျပီး Realme U1 ရဲ႕ AnTuTu ရမွတ္ေတြထြက္ေပၚလို႔လာပါျပီ။ AnTuTu ရမွတ္ေတြဟာ Realme U1, Honor 8X နဲ႔ Redmi Note 6 Pro တို႔ကို ေဘးခ်င္းကပ္ ျပီး AnTuTu ရမွတ္ယွဥ္ျပထားတဲ့ပံုအေနနဲ႔ ထြက္ေပၚလာတာျဖစ္ပါတယ္။

ပံုမွာျမင္ရတဲ့အတိုင္းပဲ ညာဘက္ေထာင့္စြန္းက Realme U1 ျဖစ္ျပီး ေမာ္ဒယ္နံပါတ္ RMX1833 ျဖစ္ကာ Geekbench မွာေတြ႔ခဲ့ရတဲ့ ေမာ္ဒယ္နံပါတ္နဲ႔ အတူတူပါပဲ။ Honor 8X ကေတာ့ အလယ္မွာျဖစ္ျပီး Redmi Note 6 Pro ကေတာ့ ဘယ္ဘက္ေထာင့္စြန္းမွာပါ။ ျမင္ရတဲ့အတိုင္းပဲ Helio P70 အသံုးျပဳထားတဲ့ Realme U1 ဟာ စုစုေပါင္းရမွတ္ 245,021 ရရွိျပီး Kirin 710 အသံုးျပဳထားတဲ့ Honor 8X ထက္ အမွတ္ 5,000 ပိုသာျပီး Snapdragon 636 အသံုးျပဳထားတဲ့ Redmi Note 6 Pro ထက္ အမွတ္ေပါင္း 30,000 ပိုသာေနပါတယ္။

Benchmark ရလဒ္ေတြက ဖုန္းရဲ႕ အေသးစိတ္အခ်က္အလက္ေတြနဲ႔ ပက္သက္ျပီး တစ္စံုတရာေဖာ္ျပသြားျခင္း မရွိပါဘူး။ ဒါေပမယ့္ ဖုန္း Screen ထိပ္ဘက္မွာ OPPO ရဲ႕ Trend ျဖစ္တဲ့ Water Drop Notch ကိုေတြ႔ရပါတယ္။ ကင္မရာ ဦးစားေပးဖုန္းတစ္လံုးျဖစ္ျပီး အေနာက္ဘက္ ကင္မရာ ႏွစ္လံုးတြဲ စနစ္ပါလာမယ္လို႔လည္း သတင္းထြက္ေနပါတယ္။ အဆိုပါ အခ်က္ေတြ မွန္မမွန္ကိုေတာ့ ႏိုဝင္ဘာ ၂၈ မွအေသအခ်ာ သိရမွာပါ။

Ref: Gizmo China

Unicode

Realme U1 ဆိုတာ OPPO ရဲ့ Brand ခွဲဖြစ်တဲ့ Realme ကနေ ထုတ်လိုက်တဲ့နောက်ဖုန်းတစ်လုံးဖြစ်ပြီး နိုဝင်ဘာ ၂၈ မှာတရားဝင်မိတ်ဆက်မှာပါ။ Realme U1 ဟာ Realme ရဲ့ Series အသစ်တဲ့ U Series ရဲ့ ပထမဆုံး ဖုန်းတစ်လုံးဖြစ်ပြီး ကင်မရာအသားပေးဖုန်းတစ်လုံး ဖြစ်လာမယ်လို့လည်း သတင်းတွေထွက်နေပါသေးတယ်။ ဒါ့အပြင် Mediatek ရဲ့ နောက်ဆုံးထွက် Flagship SoC ဖြစ်တဲ့ Helio P70 ကိုအသုံးပြုမယ့် ပထမဆုံးဖုန်းဖြစ်လာမယ်လို့လည်း သိရပါတယ်။

နိုဝင်ဘာ ၂၈ တရားဝင်မိတ်ဆက်ပွဲ မတိုင်ခင်မှာပဲ Redmi Note 6 Pro နဲ့ Honor 8X တို့နဲ့ ယှဉ်ပြီး Realme U1 ရဲ့ AnTuTu ရမှတ်တွေထွက်ပေါ်လို့လာပါပြီ။ AnTuTu ရမှတ်တွေဟာ Realme U1, Honor 8X နဲ့ Redmi Note 6 Pro တို့ကို ဘေးချင်းကပ် ပြီး AnTuTu ရမှတ်ယှဉ်ပြထားတဲ့ပုံအနေနဲ့ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ပုံမှာမြင်ရတဲ့အတိုင်းပဲ ညာဘက်ထောင့်စွန်းက Realme U1 ဖြစ်ပြီး မော်ဒယ်နံပါတ် RMX1833 ဖြစ်ကာ Geekbench မှာတွေ့ခဲ့ရတဲ့ မော်ဒယ်နံပါတ်နဲ့ အတူတူပါပဲ။ Honor 8X ကတော့ အလယ်မှာဖြစ်ပြီး Redmi Note 6 Pro ကတော့ ဘယ်ဘက်ထောင့်စွန်းမှာပါ။ မြင်ရတဲ့အတိုင်းပဲ Helio P70 အသုံးပြုထားတဲ့ Realme U1 ဟာ စုစုပေါင်းရမှတ် 245,021 ရရှိပြီး Kirin 710 အသုံးပြုထားတဲ့ Honor 8X ထက် အမှတ် 5,000 ပိုသာပြီး Snapdragon 636 အသုံးပြုထားတဲ့ Redmi Note 6 Pro ထက် အမှတ်ပေါင်း 30,000 ပိုသာနေပါတယ်။

Benchmark ရလဒ်တွေက ဖုန်းရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ ပက်သက်ပြီး တစ်စုံတရာဖော်ပြသွားခြင်း မရှိပါဘူး။ ဒါပေမယ့် ဖုန်း Screen ထိပ်ဘက်မှာ OPPO ရဲ့ Trend ဖြစ်တဲ့ Water Drop Notch ကိုတွေ့ရပါတယ်။ ကင်မရာ ဦးစားပေးဖုန်းတစ်လုံးဖြစ်ပြီး အနောက်ဘက် ကင်မရာ နှစ်လုံးတွဲ စနစ်ပါလာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အဆိုပါ အချက်တွေ မှန်မမှန်ကိုတော့ နိုဝင်ဘာ ၂၈ မှအသေအချာ သိရမှာပါ။

Ref: Gizmo China