[Zawgyi]

Oppo ရဲ႕ အရင္က Brand ခြဲတစ္ခု ျဖစ္ခဲ့ဖူးတဲ့ Realme ကေတာ့ သူ႔ရဲ႕ U-Series ရဲ႔ ပထမဆံုး စမတ္ဖုန္းကို မၾကာေသးခင္ကပဲမိတ္ဆက္္ခဲ့တာပါ။ အဲ့ဒီဖုန္းေလးကေတာ့ အားလံုးသိျပီးသားျဖစ္တဲ့ Realme U1 ေလး ျဖစ္ျပီးေတာ့ မေန႔ကပဲ အိႏိၵယမွာ Amazon India မွာတင္ သီးသန္႔အေနနဲ႔ ပထမဆံုးစေရာင္းခဲ့တာ ျဖစ္ပါတယ္။

အိႏိၵယမွာ ပထမဆံုးေရာင္းလိုက္ခ်ိန္မွာပဲ ၆မိနစ္အတြင္း အလံုးေရေပါင္း 205,400 လံုး ေရာင္းလိုက္ရတာပါ။ အဲေလာက္ေတာင္ေရာင္းလိုက္ရေအာင္ ဖုန္းရဲ႕ မက္ေလာက္စရာ Specification ေလးေတြကို ၾကည့္ရမယ္ဆိုရင္…

6.3″ Full HD+ Display ကိုမွ 2340x1080p Resolution နဲ႔လာပါတယ္။ 19.5:9 Ratio နဲ႔ ေရွ႕မွာ Waterdrop Notch ေလး ပါပါတယ္။ MediaTek ရဲ႕ HelioP70 12nm Chipset ကို ပထမဆံုး သံုးလိုက္တာပါ။ Storage 3GB/32GB နဲ႔ 4GB/64GB ဆိုျပီး ထြက္လာပါတယ္။

ေက်ာဘက္မွာေတာ့ 13MP + 2MP Sensor ေလးေတြတပ္ထားျပီးေတာ့ AI Photography, AI Beautigy+ Studio Portrait Lighting ရိုက္ႏုိင္ေအာင္ ေထာက္ပံ့ေပးထားတဲ့ Feature ေတြ၊ Super Vivid 2.0 နဲ႔ AI Scene Detection ေတြ Slow-Motion ဗီဒီယိုေတြပါ ရိုက္ကူးႏုိင္မွာျဖစ္ပါတယ္။

ေရွ႕ဘက္မွာေတာ့  25MP Sony IMX576 Sensor (f/2.0) ကို သံုးထားျပီး Groupfi Selfie ေတြလည္း ရိုက္ကူးႏုိင္မွာပါ။ ဖုန္းကို ေလာ့ခ္ဖြင့္ကို 0.1 စကၠန္႔သာ ၾကာတဲ့ AI Front Unlock Feature လည္း ပါဝင္လာေတာ့ Spec ေတြအရ ေတာ္ေတာ္ေတာ့မိုက္ေနပါျပီ။

Android 8.1 Oreo Based လုပ္ထားတဲ့ ColorOS5.2 နဲ႔ လာမွာျဖစ္ျပီး Battery 3500mAh ေတာင္ ထည့္သြင္းေပးထားပါတယ္။

Realme U1 ေလးက ကုမၸဏီအတြက္ေတာ့ ပထမဆံုးေသာ Selfie ဦးစားေပးဖုန္းျဖစ္ျပီး MediaTek ရဲ႕ Helio P70 Chipset ကို ပထမဆံုးသံုးထားတဲ့ ဖုန္းတစ္လံုးလို႔လည္း ေျပာလို႔ရပါတယ္။ အေရာင္ေတြကေတာ့ Ambitious Black, Brave Blue နဲ႔ Fiery Gold ဆိုျပီး ၃ေရာင္နဲ႔ လာတာပါ။

RAM 3GB Version ကိုေတာ့  $170 ဝန္းက်င္ (ျမန္မာေငြ ၂သိန္းခြဲေက်ာ္)ပဲရိွျပီး 4GB Version ကေတာ့ $212(ျမန္မာေငြ 3သိန္းေက်ာ္ေလာက္)ပဲရိွပါတယ္။ ဒီကုိ ဝင္လာတဲ့အခ်ိန္က်ရင္လည္း ေတာ္ေတာ္ေလးကို ေရပန္းစားဦးမယ့္ ဖုန္းတစ္လံုးလုိ႔ေတာ့ ျမင္မိပါတယ္။

Ref: GizmoChina

[Unicode]

Oppo ရဲ့ အရင်က Brand ခွဲတစ်ခု ဖြစ်ခဲ့ဖူးတဲ့ Realme ကတော့ သူ့ရဲ့ U-Series ရဲ့ ပထမဆုံး စမတ်ဖုန်းကို မကြာသေးခင်ကပဲမိတ်ဆက်ခဲ့တာပါ။ အဲ့ဒီဖုန်းလေးကတော့ အားလုံးသိပြီးသားဖြစ်တဲ့ Realme U1 လေး ဖြစ်ပြီးတော့ မနေ့ကပဲ အိန္ဒိယမှာ Amazon India မှာတင် သီးသန့်အနေနဲ့ ပထမဆုံးစရောင်းခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယမှာ ပထမဆုံးရောင်းလိုက်ချိန်မှာပဲ ၆မိနစ်အတွင်း အလုံးရေပေါင်း 205,400 လုံး ရောင်းလိုက်ရတာပါ။ အဲလောက်တောင်ရောင်းလိုက်ရအောင် ဖုန်းရဲ့ မက်လောက်စရာ Specification လေးတွေကို ကြည့်ရမယ်ဆိုရင်…

6.3″ Full HD+ Display ကိုမှ 2340x1080p Resolution နဲ့လာပါတယ်။ 19.5:9 Ratio နဲ့ ရှေ့မှာ Waterdrop Notch လေး ပါပါတယ်။ MediaTek ရဲ့ HelioP70 12nm Chipset ကို ပထမဆုံး သုံးလိုက်တာပါ။ Storage 3GB/32GB နဲ့ 4GB/64GB ဆိုပြီး ထွက်လာပါတယ်။

ကျောဘက်မှာတော့ 13MP + 2MP Sensor လေးတွေတပ်ထားပြီးတော့ AI Photography, AI Beautigy+ Studio Portrait Lighting ရိုက်နိုင်အောင် ထောက်ပံ့ပေးထားတဲ့ Feature တွေ၊ Super Vivid 2.0 နဲ့ AI Scene Detection တွေ Slow-Motion ဗီဒီယိုတွေပါ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ရှေ့ဘက်မှာတော့  25MP Sony IMX576 Sensor (f/2.0) ကို သုံးထားပြီး Groupfi Selfie တွေလည်း ရိုက်ကူးနိုင်မှာပါ။ ဖုန်းကို လော့ခ်ဖွင့်ကို 0.1 စက္ကန့်သာ ကြာတဲ့ AI Front Unlock Feature လည်း ပါဝင်လာတော့ Spec တွေအရ တော်တော်တော့မိုက်နေပါပြီ။

Android 8.1 Oreo Based လုပ်ထားတဲ့ ColorOS5.2 နဲ့ လာမှာဖြစ်ပြီး Battery 3500mAh တောင် ထည့်သွင်းပေးထားပါတယ်။

Realme U1 လေးက ကုမ္ပဏီအတွက်တော့ ပထမဆုံးသော Selfie ဦးစားပေးဖုန်းဖြစ်ပြီး MediaTek ရဲ့ Helio P70 Chipset ကို ပထမဆုံးသုံးထားတဲ့ ဖုန်းတစ်လုံးလို့လည်း ပြောလို့ရပါတယ်။ အရောင်တွေကတော့ Ambitious Black, Brave Blue နဲ့ Fiery Gold ဆိုပြီး ၃ရောင်နဲ့ လာတာပါ။

RAM 3GB Version ကိုတော့  $170 ဝန်းကျင် (မြန်မာငွေ ၂သိန်းခွဲကျော်)ပဲရှိပြီး 4GB Version ကတော့ $212(မြန်မာငွေ 3သိန်းကျော်လောက်)ပဲရှိပါတယ်။ ဒီကို ဝင်လာတဲ့အချိန်ကျရင်လည်း တော်တော်လေးကို ရေပန်းစားဦးမယ့် ဖုန်းတစ်လုံးလို့တော့ မြင်မိပါတယ်။

Ref: GizmoChina