ေလာေလာဆယ္ အိႏၵိယမုိဘုိင္းေစ်းကြက္သီးသန္႔ျဖစ္ျပီး ပါဝင္ပစၥည္းေတြနဲ႔ ယွဥ္ၾကည့္ရင္ အဆမတန္ ေစ်းခ်ဳိသာတဲ့ ေဒၚလာ ၁၃၀ ဝန္းက်င္ ေစ်းႏႈန္းေၾကာင့္ Oppo Realme 2 ရဲ႕အဖြင့္ေန႔ကို ေစာင့္ၾကည့္ေနခဲ့ၾကတာပါ။ Oppo ရဲ႕ Sub-brand ဟာ ေမွ်ာ္လင့္ထားတဲ့အတုိင္းပဲ သူတုိ႔ရဲ႕ ပထမအၾကိမ္ Flash Sale မွာ ငါးမိနစ္ အတြင္း အလုံးေရ ႏွစ္သိန္းေရာင္းခ်ခဲ့ရေၾကာင္း တြစ္တာမွာ ဂုဏ္ယူစြာ ေၾကျငာခဲ့ပါတယ္။

Oppo Realme 2 ဟာ အိႏၵိယေစ်းကြက္ကိုပဲ သီးသန္႔ျဖန္႔ခ်ိခဲ့တာ ျဖစ္ျပီး Snapdragon 450 ခ်စ္ပ္ဆက္ အသုံးျပဳထားကာ 4230 mAh ဘတၳရီ ပါဝင္ပါတယ္။ Android Oreo ကုိ အေျခခံထားတဲ့ Color OS 5.1 ကို အသုံးျပဳထားျပီး 13MP + 2MP Dual ကင္မရာ သုံးစြဲထားတယ္။

အထက္က ေစ်းႏႈန္းဟာ RAM 3GB / 32 GB Storage ဗားရွင္းအတြက္ျဖစ္ျပီး မန္မုိရီပိုမ်ားတဲ့ 6 / 64 GB ေမာ္လ္ဒယ္ ဟန္းဆက္ကလည္း အေမရိကန္ေဒၚလာ ၁၅၅ ဝန္းက်င္သာရွိပါတယ္။ အေရာင္ကေတာ့ ေလာေလာဆယ္ Diamond Black နဲ႔ Diamond Red တုိ႔ပဲ ရေသးျပီး ေအာက္တုိဘာလမွာ Diamond Blue ကာလာနဲ႔ပါ ရရွိလာမွာပါ။

Ref – https://www.gsmarena.com/oppo_sell_200000_realme_2_phones_5_minutes-news-33090.php

Unicode

လောလောဆယ် အိန္ဒိယမိုဘိုင်းဈေးကွက်သီးသန့်ဖြစ်ပြီး ပါဝင်ပစ္စည်းတွေနဲ့ ယှဉ်ကြည့်ရင် အဆမတန် ဈေးချိုသာတဲ့ ဒေါ်လာ ၁၃၀ ဝန်းကျင် ဈေးနှုန်းကြောင့် Oppo Realme 2 ရဲ့အဖွင့်နေ့ကို စောင့်ကြည့်နေခဲ့ကြတာပါ။ Oppo ရဲ့ Sub-brand ဟာ မျှော်လင့်ထားတဲ့အတိုင်းပဲ သူတို့ရဲ့ ပထမအကြိမ် Flash Sale မှာ ငါးမိနစ် အတွင်း အလုံးရေ နှစ်သိန်းရောင်းချခဲ့ရကြောင်း တွစ်တာမှာ ဂုဏ်ယူစွာ ကြေငြာခဲ့ပါတယ်။

Oppo Realme 2 ဟာ အိန္ဒိယဈေးကွက်ကိုပဲ သီးသန့်ဖြန့်ချိခဲ့တာ ဖြစ်ပြီး Snapdragon 450 ချစ်ပ်ဆက် အသုံးပြုထားကာ 4230 mAh ဘတ္ထရီ ပါဝင်ပါတယ်။ Android Oreo ကို အခြေခံထားတဲ့ Color OS 5.1 ကို အသုံးပြုထားပြီး 13MP + 2MP Dual ကင်မရာ သုံးစွဲထားတယ်။

အထက်က ဈေးနှုန်းဟာ RAM 3GB / 32 GB Storage ဗားရှင်းအတွက်ဖြစ်ပြီး မန်မိုရီပိုများတဲ့ 6 / 64 GB မော်လ်ဒယ် ဟန်းဆက်ကလည်း အမေရိကန်ဒေါ်လာ ၁၅၅ ဝန်းကျင်သာရှိပါတယ်။ အရောင်ကတော့ လောလောဆယ် Diamond Black နဲ့ Diamond Red တို့ပဲ ရသေးပြီး အောက်တိုဘာလမှာ Diamond Blue ကာလာနဲ့ပါ ရရှိလာမှာပါ။