Zawgyi

Realme ဟာ OPPO ကုမၸဏီ ကပိုင္တဲ့ Brand အခြဲတစ္္ခုျဖစ္ျပီး Xiaomi ရဲ႕ POCO နဲ႔ HUAWEI ရဲ႕ Honor တို႔လိုမ်ိဳး Brand ခြဲထားတာျဖစ္ပါတယ္။ Realme ဖုန္းေတြဟာ အိႏိၵယလို Entry-Level စမတ္ဖုန္း အသံုးမ်ားတဲ့ ေစ်းကြက္မွာ အေတာ္ေလး ေအာင္ျမင္ေနျပီး Xiaomi ရဲ႕ Entry-Level ဖုန္းေတြရဲ႕ အဓိက ျပိဳင္ဘက္ျဖစ္လာပါတယ္။ ျမန္မာျပည္တြင္းကိုလည္း မၾကာေသးခင္ကမွ ဝင္ေရာက္လာျပီး Entry-Level စမတ္ဖုန္း အသံုးျပဳလိုသူေတြၾကားမွာ ေရပန္းစားခဲ့ပါတယ္။ Realme C1 နဲ႔ U1 တို႔လို လူငယ္ၾကိဳက္ ဒီဇိုင္းနဲ႔ Entry-Level ဖုန္းေတြကို မၾကာေသးခင္ကမွ မိတ္ဆက္ထားေပမယ့္ Realme ကေန Realme A1 လို႔ေခၚတဲ့ေနာက္ထပ္ Entry-Level ဖုန္းတစ္လံုးကို ထပ္မံမိတ္ဆက္ေတာ့မွာျဖစ္ပါတယ္။

Realme A1 ဟာ Realme U1 ထက္ ေစ်းသက္သာႏိုင္ျပီး ျမန္မာေငြ ႏွစ္သိန္းေလာက္ပဲ ရွိမွာပါ။ Realme A1 မွာ အသံုးျပဳမယ့္ SoC ဟာ Helio P60 နဲ႔ Snapdrgon 600 Series ထဲက တစ္ခုခုျဖစ္ႏိုင္တယ္လို႔ ခန္႔မွန္းေနၾကပါတယ္။ ဒါေပမယ့္ ေစ်းပိုသက္သာျပီး လုပ္ေဆာင္ခ်က္ပိုမ်ားတဲ့ Helio P60 ကိုတပ္ဆင္ေပးထားဖို႔ပိုမ်ားပါတယ္။ Realme ဖုန္းေတြထံုးစံအတိုု္င္းပဲ Dew Drop ပံုစံ Notch ေလးပါဝင္မွာျဖစ္ျပီး Display အမ်ိဳးအစားကေတာ့ LCD ပဲျဖစ္ျပီး HD+ နဲ႔ Full HD+ Resolution တစ္မ်ိဳးမ်ိဳး ပါဝင္ႏိုင္ပါတယ္။ ေနာက္ေက်ာဘက္ ကင္မရာ စနစ္ကိုေတာ့ U1 မွာ တပ္ဆင္ေပးထားတဲ့ ကင္မရာစနစ္ကိုပဲ အသံုးျပဳသြားႏိုင္ပါတယ္။ Operating System အေနနဲ႔ ကေတာ့ Android 8.1 အေျခခံ OPPO ရဲ႕ကိုယ္ပိုင္ Android UI ျဖစ္တဲ့ Color OS 5.2 ကိုသံုးစြဲထားပါတယ္။ Realme A1 ကို ၂၀၁၉ ခုႏွစ္အေစာပိုင္းမွာ စတင္မိတ္ဆက္ သြားႏိုင္ျပီး အိႏၵိယနဲ႔ အေရွ႕ေတာင္အာရွ ေစ်းကြက္ေတြကို အဓိက ဦးတည္ျပီးေရာင္းခ်သြားႏိုင္ပါတယ္။

အခုေလာေလာဆယ္မွာေတာ့ Realme ကေန ဖုန္း Series သံုးခု ထုတ္ထားပါတယ္။ Realme C, Realme U နဲ႔ Original Series ျဖစ္တဲ့ Realme 1/2/pro တို႔ျဖစ္ပါတယ္။ ျပည္တြင္းမွာေတာ့ C Series ဟာ အေတာ္ေလး လူၾကိဳက္မ်ားေနပါတယ္။ Realme ဖုန္းေတြဟာ ဒီဇိုင္းပိုင္းလွပျပီး Selfie ရိုက္တာ ဝါသနာပါတဲ့ လူငယ္ေတြအတြက္ ေရြးခ်ယ္စရာ တစ္ခုျဖစ္လာပါတယ္။

Ref: Right Brothers Net

Unicode

Realme ဟာ OPPO ကုမ္ပဏီ ကပိုင်တဲ့ Brand အခွဲတစ်ခုဖြစ်ပြီး Xiaomi ရဲ့ POCO နဲ့ HUAWEI ရဲ့ Honor တို့လိုမျိုး Brand ခွဲထားတာဖြစ်ပါတယ်။ Realme ဖုန်းတွေဟာ အိန္ဒိယလို Entry-level စမတ်ဖုန်း အသုံးများတဲ့ ဈေးကွက်မှာ အတော်လေး အောင်မြင်နေပြီး Xiaomi ရဲ့ Entry-level ဖုန်းတွေရဲ့ အဓိက ပြိုင်ဘက်ဖြစ်လာပါတယ်။ မြန်မာပြည်တွင်းကိုလည်း မကြာသေးခင်ကမှ ဝင်ရောက်လာပြီး Entry-level စမတ်ဖုန်း အသုံးပြုလိုသူတွေကြားမှာ ရေပန်းစားခဲ့ပါတယ်။ Realme C1 နဲ့ U1 တို့လို လူငယ်ကြိုက် ဒီဇိုင်းနဲ့ Entry-level ဖုန်းတွေကို မကြာသေးခင်ကမှ မိတ်ဆက်ထားပေမယ့် Realme ကနေ Realme A1 လို့ခေါ်တဲ့နောက်ထပ် Entry-level ဖုန်းတစ်လုံးကို ထပ်မံမိတ်ဆက်တော့မှာဖြစ်ပါတယ်။

Realme A1 ဟာ Realme U1 ထက် ဈေးသက်သာနိုင်ပြီး မြန်မာငွေ နှစ်သိန်းလောက်ပဲ ရှိမှာပါ။ Realme A1 မှာ အသုံးပြုမယ့် SoC ဟာ Helio P60 နဲ့ Snapdrgon 600 Series ထဲက တစ်ခုခုဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါပေမယ့် ဈေးပိုသက်သာပြီး လုပ်ဆောင်ချက်ပိုများတဲ့ Helio P60 ကိုတပ်ဆင်ပေးထားဖို့ပိုများပါတယ်။ Realme ဖုန်းတွေထုံးစံအတိုု်င်းပဲ Dew Drop ပုံစံ Notch လေးပါဝင်မှာဖြစ်ပြီး Display အမျိုးအစားကတော့ LCD ပဲဖြစ်ပြီး HD+ နဲ့ Full HD+ Resolution တစ်မျိုးမျိုး ပါဝင်နိုင်ပါတယ်။ နောက်ကျောဘက် ကင်မရာ စနစ်ကိုတော့ U1 မှာ တပ်ဆင်ပေးထားတဲ့ ကင်မရာစနစ်ကိုပဲ အသုံးပြုသွားနိုင်ပါတယ်။ Operating System အနေနဲ့ ကတော့ Android 8.1 အခြေခံ OPPO ရဲ့ကိုယ်ပိုင် Android UI ဖြစ်တဲ့ Color OS 5.2 ကိုသုံးစွဲထားပါတယ်။ Realme A1 ကို ၂၀၁၉ ခုနှစ်အစောပိုင်းမှာ စတင်မိတ်ဆက် သွားနိုင်ပြီး အိန္ဒိယနဲ့ အရှေ့တောင်အာရှ ဈေးကွက်တွေကို အဓိက ဦးတည်ပြီးရောင်းချသွားနိုင်ပါတယ်။

အခုလောလောဆယ်မှာတော့ Realme ကနေ ဖုန်း Series သုံးခု ထုတ်ထားပါတယ်။ Realme C, Realme U နဲ့ Original Series ဖြစ်တဲ့ Realme 1/2/pro တို့ဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ C Series ဟာ အတော်လေး လူကြိုက်များနေပါတယ်။ Realme ဖုန်းတွေဟာ ဒီဇိုင်းပိုင်းလှပပြီး Selfie ရိုက်တာ ဝါသနာပါတဲ့ လူငယ်တွေအတွက် ရွေးချယ်စရာ တစ်ခုဖြစ်လာပါတယ်။

Ref: Right Brothers Net