အခုတလောမှာတင်ဘဲ Samsung က ဖုန်းအသစ်တွေထပ်ထုတ်လိုက် iPhone က စမတ်ဖုန်း အသစ်တွေထပ်ထုတ်နေပါတယ်။ လူတိုင်းကတော့ အသစ်ပေါ်တိုင်း ကိုင်ချင်သုံးချင်ကြတဲ့စိတ်ကတော့ ရှိစမြဲပါ။ ဒါပေမယ့် ကိုယ့်လက်ရှိစမတ်ဖုန်းက ကောင်းနေသေးရင် ဖုန်းမလဲခင် အောက်ဖော်ပြပါအချက်တွေကို စဉ်းစားကြည့်ပါ။

ဖုန်းအသစ်မှာ ပြဿနာအသစ်တွေရှိမယ်

Face ID တို့ Wireless Charging တို့လို နည်းပညာအသစ်တွေ ပေါ်ထွက်နေပါတယ်။ ဒါပေမယ့် Facial Recognition မျက်နှာကို စစ်ဆေးပြီး ဖုန်း Lock ဖွင့်တဲ့စနစ်တွေကို မှောင်နေတဲ့အချိန်မှာ အလုပ်လုပ်သလား မလုပ်သလားဆိုတာ မသေချာပါဘူး။ Wireless Charging သွင်းဖို့အတွက် ဖုန်း ကာဗာပြန်ချွတ်နေရတာမျိုးလည်းရှိနိုင်ပါတယ်။ ဒါကြောင့် တခြား iPhone Users တွေ နည်းပညာအသစ်နဲ့ ပြဿနာတတ်နေချိန်မှာ ကိုယ့်ဖုန်းအဟောင်းလေး အေးဆေးသုံးပြီး APPLE က ဖြေရှင်းနိုင်ချိန်ကို စောင့်ဆိုင်းလိုက်ပါ။

Headphone Jack

လက်ရှိ စမတ်ဖုန်းဘဲ ဆက်သုံးသင့်တဲ့ အကြောင်းအရင်းများ

iPhone X တို့ iPhone 8 တို့မှာ နားကျပ်ပေါက်မပါတော့ပါဘူး။ ဒါကြောင့် ကိုယ့်အိမ်က နားကျပ်လေးနဲ့ နားထောင်ချင်သေးရင်တော့ iPhone 6 တို့မှာ နားထောင်လို့ရသေးပါတယ်။

ပိုမြန်တဲ့ Processor က တကယ်တမ်းတော့ အဲ့လောက်အသုံးမ၀င်

Apple က iPhone 8 တို့ iPhone X တို့မှာသုံးထားတဲ့ processor က A11 Bionic Processor ဖြစ်ပြီး အရင်ထက် ၂၅ ရာခိုင်နှုန်းပိုမြန်တယ်လို့ ပြောထားကြပါတယ်။

တကယ်တမ်းရော အဲ့လောက်မြန်ဖို့ လိုနေသလားလို့ ပြန်စဉ်းစားကြည့်သင့်ပါတယ်။ iPhone 6s Plus တောင် Graphics မြင့်တဲ့ ဂိမ်းဆော့ဖို့အတွက်ဆိုရင် စက္ကန့်အနည်းငယ်ဘဲ စောင့်ရတာပါ။ နေ့စဉ် သုံးစွဲနေရတဲ့ လုပ်ငန်းဆောင်တာတွေမှာ အဲ့လောက်မြန်ဖို့ မလိုလောက်ဘူးထင်ပါတယ်။

ကိုယ့်ဖုန်းကို အသစ်ပုံစံမျိုးပြောင်းနိုင်

ကိုယ့် စမတ်ဖုန်းအဟောင်းလေးက ဘက်ထရီသိပ်မကောင်းတော့ဘူးလား ဖြုတ်ပြီးအသစ်လဲလိုက်ရင် ဒေါ်လာ ၅၀ လောက်ဘဲ ကုန်ကျမှာပါ။ ဖုန်းအသစ်တစ်လုံးဝယ်မှာထက်စာရင် ပိုအကုန်အကျသက်သာပါတယ်။ iOS တို့ Android Version အသစ်ကိုလည်း Install လုပ်ပြီးသုံးရင် အသစ်အတိုင်းပြန်ခံစားရမှာပါ။

ဈေးတွေက ကျလာမှာပါဘဲ

စမတ်ဖုန်းတွေ အသစ်တစ်မျိုးထွက်တိုင်းအဟောင်းက အမြဲလိုလိုဈေးကျနေတာပါဘဲ။ ဥပမာ iPhone 8 နဲ့ iPhone X မိတ်ဆက်လိုက်တဲ့အခါမှာတော့ iPhone 7 က Amazon ဈေးအရ ဒေါ်လာ ၆၇၀ ကျော်ကနေ ၅၄၀ နဲ့ ၆၄၉ ကြား ရောက်သွားပါတယ်။ iPhone 7 Plus ဆိုရင် ဒေါ်လာ ၉၇၉ ကနေ ၆၆၉ ၀န်းကျင်ကျသွားပါတယ်။

မျိုးဆက် ၂ဆက်အောက်သွားရင်တောင် ဈေးတော်တော်သက်သာသွားတတ်ပြီး Performance သိပ်မကွာတဲ့ iPhone 6s ဒေါ်လာ ၃၀၀ ကျော်နဲ့ ၀ယ်နိုင်ပါပြီ။

ဒါကြောင့် တခါတလေ ၆ လ၊ ၁ နှစ်လောက် စောင့်လိုက်ရင် အရည်အသွေးမြင့်တဲ့ စမတ်ဖုန်းတွေကို ဈေးသက်သက်သာသာနဲ့ဝယ်နိုင်ပါတယ်။