[Zawgyi]

Redmi ကေန မၾကာေသးခင္ကပဲ မိတ္ဆက္ခဲ့လိုက္တဲ့ Redmi Note 7 ဟာ ေတာ္ေတာ္ၾကီးကို ေဟာ့ေနျပီး ေနရာတုိင္းမွာ Note 7 ဆိုတာကိုပဲ ေတြ႔ေနရေလာက္ေအာင္ ေတာ္ေတာ္လႊမ္းမိုးထားႏုိင္ခဲ့ပါတယ္။ Redmi Note 7 ေလးရဲ႕ ေစ်းႏႈန္းေလးကေတာ့ တရုတ္ယြမ္ ၉၉၉ က်ပ္ ($147 ဝန္းက်င္၊ ျမန္မာေငြ ၂သိန္းေက်ာ္) ေလာက္နဲ႔ မိတ္ဆက္ခဲ့တာျဖစ္ပါတယ္။

လာမယ့္လမွာလည္း Redmi Note 7 Pro ေလးကို Redmi ကေန မိတ္ဆက္လာဖို႔ရိွျပီးေတာ့ သူျပီးသိပ္မၾကာခင္မွာ ထံုးစံအတိုင္း Redmi 7 Series ေတြကိုလည္း မိတ္ဆက္လာေတာ့မယ္လို႔ ခန္႔မွန္းရပါတယ္။

မေန႔ကပဲ Xiaomi ရဲ႕ စီအီးအို Lei Jun က Redmi ကေန 7 Series ထြက္ေတာ့မွာျဖစ္တဲ့အေၾကာင္း Redmi Fans ေတြကို ေဖာ္ျပခဲ့ျပီးေတာ့ ေစ်းကေတာ့ တရုတ္ယြမ္ ၇၀၀ကေန ၈၀၀ ၾကား ($103 ကေန $118) (ျမန္မာေငြ ၁သိန္းခြဲကေန ၁သိန္း၈ေသာင္းဝန္းက်င္) ေလာက္ေစး်နဲ႔ ထြက္လာမယ္လို႔ ေဖာ္ျပထားပါတယ္။ ဒီကိုေရာက္ရင္ ျမန္မာေငြ ၂သိန္းပတ္ခ်ာလည္ေလာက္မွာ ရိွေလာက္မယ္ထင္ပါတယ္။

Jun ကေတာ့ လာေတာ့မယ့္ Redmi 7 Series ေတြရဲ႕ ေစ်းႏႈန္းကိုပဲ ေဖာ္ျပထားျပီး တျခား ဖုန္းန႔ဲ ပတ္သတ္တဲ့ ဘာ Specification ကိုမွ ေဖာ္ျပထားျခင္း မရိွပါဘူး။ ကုမၸဏီအေနနဲ႔ Redmi 6A, Redmi 6 နဲ႔ Redmi 6 Pro တို႔ရဲ႕ ေနာက္ဆက္တြဲအေနနဲ႔ Redmi 7A, Redmi 7 နဲ႔ Redmi 7 Pro ဆိုျပီး ထြက္လာဦးမလားဆိုတာလည္း ေစာင့္ေမွ်ာ္ေနရဆဲပါပဲ။

Xiaomi ရဲ႕ အားသာခ်က္လို႔ပဲ ေျပာရမလား ေပးရတဲ့ေစ်းထက္ကို ပိုပိုတန္တဲ့ စိတ္ဝင္စားစရာ Specs မ်ိဳးေတြ Xiaomi ဖုန္းေတြမွာပဲ ေတြ႔ေနရဆဲပါ။ ေဖာ္ျပထားတဲ့ေစ်းႏႈန္းအတုိင္းဆိုရင္လည္း အဲဒီေစ်းနဲ႔ ျပန္ရမယ့္ Specs ေတြက P-to-P King ျဖစ္ေနတယ္ဆိုတာကို သက္ေသျပေနသလိုပါပဲ။

အရင္တစ္ပတ္တုန္းကလည္း Jun က ကုမၸဏီအေနနဲ႔ Snapdragon 855 သံုးထားတဲ့ Flagship ဖုန္းတစ္လံုး စတင္ဖန္တီးေနျပီျဖစ္ျပီး ေစ်းႏႈန္ကလည္း တရုတ္ယြမ္ ၂၅၀၀ ($369, ျမန္မာေငြ ၅သိန္းခြဲေက်ာ္ေက်ာ္) ေလာက္နဲ႔ Flagship ဖုန္းတစ္လံုးရမယ္ဆိုေတာ့ ရင္ခုန္စရာပါပဲ။

ခုခ်ိန္ထိ Note 7 Pro ရဲ႕ အေၾကာင္းကေတာ့ တိတိပပ မသိရေသးေပမယ့္ အဓိကေျပာင္းလဲသြားမွာက Note 7 မွာ 48-MP Samsung GM1 Sensor ကိုသံုးထားျပီး Note 7 Pro မွာေတာ့ သူ႔ထက္ပိုေကာင္းတဲ့ 49MP Sony IMX586 Sensor ကိုသံုးထားမယ္ဆိုတာပါ။

Note 7 ရဲ႕ Display ကေတာ့ မထြက္ခင္ကတည္းက သူ႔ရဲ႕ Gorilla Glass 5 Panel ေတြ ဘယ္ေလာက္မာေၾကာင္း ျပျပေနခဲ့တာပါ။ က်န္တဲ့ Specs ေတြကေတာ့ Snapdragon 660, Waterdrop Notch နဲ႔ 6.3″ Full HD+ Display, ဓာတ္ပံုရိုက္ဖို႔ 48MP+5MP Dual Camera, 13MP Selfie Camera, 4000mAh Battery ကိုမွ (Type-C) Quick Charge 4 နဲ႔ဆိုေတာ့ ၂သိန္းခြဲဆိုတဲ့ ေစ်းဝန္းက်င္မွာ အရမ္းကိုတန္ေနတယ္လို႔ပဲ ေျပာရမွာပါပဲ။

Redmi 7 Series ေတြနဲ႔ ပတ္သတ္လို႔ကေတာ့ ဘာသတင္းမွ မၾကားေသးေတာ့ Rumors ေတြ ထြင္တဲ့အထိ ရင္ခုန္စြာနဲ႔ ေစာင့္ရဦးမွာပါပဲ။

[Unicode]

Redmi ကနေ မကြာသေးခင်ကပဲ မိတ်ဆက်ခဲ့လိုက်တဲ့ Redmi Note 7 ဟာ တော်တော်ကြီးကို ဟော့နေပြီး နေရာတိုင်းမှာ Note 7 ဆိုတာကိုပဲ တွေ့နေရလောက်အောင် တော်တော်လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ Redmi Note 7 လေးရဲ့ ဈေးနှုန်းလေးကတော့ တရုတ်ယွမ် ၉၉၉ ကျပ် ($147 ဝန်းကျင်၊ မြန်မာငွေ ၂သိန်းကျော်) လောက်နဲ့ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

လာမယ့်လမှာလည်း Redmi Note 7 Pro လေးကို Redmi ကနေ မိတ်ဆက်လာဖို့ရှိပြီးတော့ သူပြီးသိပ်မကြာခင်မှာ ထုံးစံအတိုင်း Redmi 7 Series တွေကိုလည်း မိတ်ဆက်လာတော့မယ်လို့ ခန့်မှန်းရပါတယ်။

မနေ့ကပဲ Xiaomi ရဲ့ စီအီးအို Lei Jun က Redmi ကနေ 7 Series ထွက်တော့မှာဖြစ်တဲ့အကြောင်း Redmi Fans တွေကို ဖော်ပြခဲ့ပြီးတော့ ဈေးကတော့ တရုတ်ယွမ် ၇၀၀ကနေ ၈၀၀ ကြား ($103 ကနေ $118) (မြန်မာငွေ ၁သိန်းခွဲကနေ ၁သိန်း၈သောင်းဝန်းကျင်) လောက်စေးျနဲ့ ထွက်လာမယ်လို့ ဖော်ပြထားပါတယ်။ ဒီကိုရောက်ရင် မြန်မာငွေ ၂သိန်းပတ်ချာလည်လောက်မှာ ရှိလောက်မယ်ထင်ပါတယ်။

Jun ကတော့ လာတော့မယ့် Redmi 7 Series တွေရဲ့ ဈေးနှုန်းကိုပဲ ဖော်ပြထားပြီး တခြား ဖုန်းနဲ့ ပတ်သတ်တဲ့ ဘာ Specification ကိုမှ ဖော်ပြထားခြင်း မရှိပါဘူး။ ကုမ္ပဏီအနေနဲ့ Redmi 6A, Redmi 6 နဲ့ Redmi 6 Pro တို့ရဲ့ နောက်ဆက်တွဲအနေနဲ့ Redmi 7A, Redmi 7 နဲ့ Redmi 7 Pro ဆိုပြီး ထွက်လာဦးမလားဆိုတာလည်း စောင့်မျှော်နေရဆဲပါပဲ။

Xiaomi ရဲ့ အားသာချက်လို့ပဲ ပြောရမလား ပေးရတဲ့ဈေးထက်ကို ပိုပိုတန်တဲ့ စိတ်ဝင်စားစရာ Specs မျိုးတွေ Xiaomi ဖုန်းတွေမှာပဲ တွေ့နေရဆဲပါ။ ဖော်ပြထားတဲ့ဈေးနှုန်းအတိုင်းဆိုရင်လည်း အဲဒီဈေးနဲ့ ပြန်ရမယ့် Specs တွေက P-to-P King ဖြစ်နေတယ်ဆိုတာကို သက်သေပြနေသလိုပါပဲ။

အရင်တစ်ပတ်တုန်းကလည်း Jun က ကုမ္ပဏီအနေနဲ့ Snapdragon 855 သုံးထားတဲ့ Flagship ဖုန်းတစ်လုံး စတင်ဖန်တီးနေပြီဖြစ်ပြီး ဈေးနှုန်ကလည်း တရုတ်ယွမ် ၂၅၀၀ ($369, မြန်မာငွေ ၅သိန်းခွဲကျော်ကျော်) လောက်နဲ့ Flagship ဖုန်းတစ်လုံးရမယ်ဆိုတော့ ရင်ခုန်စရာပါပဲ။

ခုချိန်ထိ Note 7 Pro ရဲ့ အကြောင်းကတော့ တိတိပပ မသိရသေးပေမယ့် အဓိကပြောင်းလဲသွားမှာက Note 7 မှာ 48-MP Samsung GM1 Sensor ကိုသုံးထားပြီး Note 7 Pro မှာတော့ သူ့ထက်ပိုကောင်းတဲ့ 49MP Sony IMX586 Sensor ကိုသုံးထားမယ်ဆိုတာပါ။

Note 7 ရဲ့ Display ကတော့ မထွက်ခင်ကတည်းက သူ့ရဲ့ Gorilla Glass 5 Panel တွေ ဘယ်လောက်မာကြောင်း ပြပြနေခဲ့တာပါ။ ကျန်တဲ့ Specs တွေကတော့ Snapdragon 660, Waterdrop Notch နဲ့ 6.3″ Full HD+ Display, ဓာတ်ပုံရိုက်ဖို့ 48MP+5MP Dual Camera, 13MP Selfie Camera, 4000mAh Battery ကိုမှ (Type-C) Quick Charge 4 နဲ့ဆိုတော့ ၂သိန်းခွဲဆိုတဲ့ ဈေးဝန်းကျင်မှာ အရမ်းကိုတန်နေတယ်လို့ပဲ ပြောရမှာပါပဲ။

Redmi 7 Series တွေနဲ့ ပတ်သတ်လို့ကတော့ ဘာသတင်းမှ မကြားသေးတော့ Rumors တွေ ထွင်တဲ့အထိ ရင်ခုန်စွာနဲ့ စောင့်ရဦးမှာပါပဲ။

Source: GizmoChina