[Zawgyi]

မေန႔က မိတ္ဆက္လိုက္တဲ့ Redmi Note 7 ေၾကာင့္ လူေတာ္ေတာ္မ်ားမ်ား ပါးစပ္အေဟာင္းသား ျဖစ္သြားရသလို စမတ္ဖုန္းေလာကႀကီးတစ္ခုလုံးလည္း ကယက္ထၿပီး တုန္လႈပ္သြားခဲ့ပါတယ္။ အံ့ၾသေလာက္စရာေကာင္းတဲ့ နည္းပညာ အသစ္အဆန္းပါဝင္လာတာေၾကာင့္ မဟုတ္ဘဲ Price-to-Performance ဆိုတဲ့ Ratio ေကာင္းမြန္မႈ႕ ေၾကာင့္ပါ။

48MP Camera Sensor, Snapdragon 660, Battery 4000mAh, Quick Charge 4.0, USB Type-C , Gorilla Glass 5, Dust & Water Resistance (no IP68) စတာေတြပါတဲ့ ဖုန္းကို တ႐ုတ္ေငြ ၉၉၉ ယြမ္ (ျမန္မာေငြ ၂၂၅,၀၀၀ ဝန္းက်င္)နဲ႔ ေရာင္းခ်ေပးႏိုင္တာ နည္းတဲ့ စေကးမွ မဟုတ္တာ။ ဒါ့ေၾကာင့္လည္း Redmi ဆိုတဲ့ အသံၾကားတာနဲ႔ ေျပးနမ္းခ်င္စိတ္ေပါက္သြားေအာင္ ေက်ာ္ၾကားသြားတာ ျဖစ္ပါတယ္။

Redmi Note 7 မိတ္ဆက္ပြဲအၿပီး မီဒီယာအင္တာဗ်ဴးမွာ Lei Jun ေျပာဆိုသြားတဲ့ စကားေတြကို ျပန္လည္ေကာက္ႏႈတ္ရမယ္ဆိုရင္ Redmi အေနနဲ႔ တ႐ုတ္ေငြ ၂၅၀၀ ယြမ္ (ျမန္မာေငြ ၅သိန္းခြဲ ဝန္းက်င္) ေလာက္သာ က်သင့္မယ့္ Flagship စမတ္ဖုန္းကို ထုတ္လုပ္ဦးမွာ ျဖစ္တယ္လို႔ သိရပါတယ္။ Xiaomi ရဲ႕ CEO ျဖစ္သူ Lei Jun ေျပာသြားတဲ့ Redmi Flagship စမတ္ဖုန္း ထုတ္လုပ္မႈက ဘယ္အဆင့္ကို ေရာက္ရွိၿပီလဲဆိုတာ အတိအက် မသိရေသးပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ့ မ်က္လုံးထဲမွာေတာ့ Snapdrgon 855 ကို အသုံးျပဳထားမယ့္ ၅သိန္းခြဲတန္ Redmi ဖုန္းႀကီးကို ျမင္ေယာင္ေနမိပါတယ္။

Redmi Note 7 အေၾကာင္းကို အေသးစိတ္ သိရွိလိုပါက ဒီလင့္မွာ ဖတ္ရႈ႕ႏိုင္ပါတယ္။

Ref: Gizmochina

[Unicode]

တန်ဖိုးနည်း Redmi Flagship ဖုန်း ထုတ်လုပ်ဦးမှာဖြစ်ကြောင်း Xiaomi CEO ဖြစ်သူ Lei Jun အတည်ပြု

မနေ့က မိတ်ဆက်လိုက်တဲ့ Redmi Note 7 ကြောင့် လူတော်တော်များများ ပါးစပ်အဟောင်းသား ဖြစ်သွားရသလို စမတ်ဖုန်းလောကကြီးတစ်ခုလုံးလည်း ကယက်ထပြီး တုန်လှုပ်သွားခဲ့ပါတယ်။ အံ့သြလောက်စရာကောင်းတဲ့ နည်းပညာ အသစ်အဆန်းပါဝင်လာတာကြောင့် မဟုတ်ဘဲ Price-to-Performance ဆိုတဲ့ Ratio ကောင်းမွန်မှု့ ကြောင့်ပါ။

48MP Camera Sensor, Snapdragon 660, Battery 4000mAh, Quick Charge 4.0, USB Type-C , Gorilla Glass 5, Dust & Water Resistance (no IP68) စတာတွေပါတဲ့ ဖုန်းကို တရုတ်ငွေ ၉၉၉ ယွမ် (မြန်မာငွေ ၂၂၅,၀၀၀ ဝန်းကျင်)နဲ့ ရောင်းချပေးနိုင်တာ နည်းတဲ့ စကေးမှ မဟုတ်တာ။ ဒါ့ကြောင့်လည်း Redmi ဆိုတဲ့ အသံကြားတာနဲ့ ပြေးနမ်းချင်စိတ်ပေါက်သွားအောင် ကျော်ကြားသွားတာ ဖြစ်ပါတယ်။

Redmi Note 7 မိတ်ဆက်ပွဲအပြီး မီဒီယာအင်တာဗျူးမှာ Lei Jun ပြောဆိုသွားတဲ့ စကားတွေကို ပြန်လည်ကောက်နှုတ်ရမယ်ဆိုရင် Redmi အနေနဲ့ တရုတ်ငွေ ၂၅၀၀ ယွမ် (မြန်မာငွေ ၅သိန်းခွဲ ဝန်းကျင်) လောက်သာ ကျသင့်မယ့် Flagship စမတ်ဖုန်းကို ထုတ်လုပ်ဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။ Xiaomi ရဲ့ CEO ဖြစ်သူ Lei Jun ပြောသွားတဲ့ Redmi Flagship စမတ်ဖုန်း ထုတ်လုပ်မှုက ဘယ်အဆင့်ကို ရောက်ရှိပြီလဲဆိုတာ အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် ကျွန်တော့ မျက်လုံးထဲမှာတော့ Snapdrgon 855 ကို အသုံးပြုထားမယ့် ၅သိန်းခွဲတန် Redmi ဖုန်းကြီးကို မြင်ယောင်နေမိပါတယ်။

Redmi Note 7 အကြောင်းကို အသေးစိတ် သိရှိလိုပါက ဒီလင့်မှာ ဖတ်ရှု့နိုင်ပါတယ်။

Ref: Gizmochina