Zawgyi

Redmi Note 6 Pro ဆိုတာ Xiaomi ပရိတ္သတ္ေတြ ေမွ်ာ္လင့္ေစာင့္စားေနၾကတဲ့ ဖုန္းတစ္လုံးပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ Redmi Note 5 Pro ဟာ Budget စမတ္ဖုန္းေလာကမွာ နာမည္ေက်ာ္ၾကား လူႀကိဳက္မ်ားတဲ့ ဖုန္းအျဖစ္ ရပ္တည္ႏိုင္ခဲ့လို႔ပါ။ ဒီေန႔မွာေတာ့ Xiaomi အေနနဲ႔ Redmi Note 6 Pro ကို ထိုင္းႏိုင္ငံမွာ တရားဝင္ မိတ္ဆက္ေပးလိုက္ၿပီ ျဖစ္ပါတယ္။

Xiaomi Redmi Note 6 Pro Specifications
Redmi Note 6 Pro ရဲ႕ Display အပိုင္းအတြက္ ၆.၂၆လက္မ မ်က္ႏွာျပင္အက်ယ္ရွိ Full-HD+ LCD Display ကို အသုံးျပဳထားၿပီး Resolution ကေတာ့ 1080 x 2280 pixels ရွိပါတယ္။ Processor အပိုင္းအတြက္ Redmi Note 5 Pro မွာ သုံးခဲ့တဲ့ Snapdragon 636 SoC အသုံးျပဳထားၿပီး RAM အေနနဲ႔ 4GB ပါဝင္မွာပါ။ Memory Storage ကိုေတာ့ 64GB ထည့္သြင္းေပးထားပါတယ္။

ကင္မရာ အပိုင္းအတြက္ 12MP+5MP Camera ေတြကို ေနာက္ေက်ာဘက္မွာ တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 20MP+2MP Camera ေတြကို တပ္ဆင္ထားပါတယ္။ Security အပိုင္းအတြက္ Fingerprint Sensor အသုံးျပဳႏိုင္မွာ ျဖစ္သလို AI Face Unlock စနစ္ကိုလည္း ထည့္သြင္းေပးထားပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏက 4000mAh ပါဝင္မွာ ျဖစ္ပါတယ္။

Redmi Note 5 Pro ကို အေရာင္ေတြအေနနဲ႔ Black, Blue, နဲ႔ Rose Gold ဆိုၿပီး အေရာင္ ၃မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္ၿပီး ထိုင္းႏိုင္ငံမွာ ေရာင္းခ်သြားမယ့္ ေစ်းႏႈန္းကေတာ့ ထိုင္းဘတ္ ၆၉၉၀ (ျမန္မာေငြ ၃၃၅,၀၀၀ ဝန္းက်င္) က်သင့္မွာ ျဖစ္ပါတယ္။

Ref: gadgets.ndtv

Unicode

Redmi Note 6 Pro ကို တရားဝင် မိတ်ဆက်လိုက်ပြီ

Redmi Note 6 Pro ဆိုတာ Xiaomi ပရိတ်သတ်တွေ မျှော်လင့်စောင့်စားနေကြတဲ့ ဖုန်းတစ်လုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ Redmi Note 5 Pro ဟာ Budget စမတ်ဖုန်းလောကမှာ နာမည်ကျော်ကြား လူကြိုက်များတဲ့ ဖုန်းအဖြစ် ရပ်တည်နိုင်ခဲ့လို့ပါ။ ဒီနေ့မှာတော့ Xiaomi အနေနဲ့ Redmi Note 6 Pro ကို ထိုင်းနိုင်ငံမှာ တရားဝင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။

Xiaomi Redmi Note 6 Pro Specifications
Redmi Note 6 Pro ရဲ့ Display အပိုင်းအတွက် ၆.၂၆လက်မ မျက်နှာပြင်အကျယ်ရှိ Full-HD+ LCD Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2280 pixels ရှိပါတယ်။ Processor အပိုင်းအတွက် Redmi Note 5 Pro မှာ သုံးခဲ့တဲ့ Snapdragon 636 SoC အသုံးပြုထားပြီး RAM အနေနဲ့ 4GB ပါဝင်မှာပါ။ Memory Storage ကိုတော့ 64GB ထည့်သွင်းပေးထားပါတယ်။

 

ကင်မရာ အပိုင်းအတွက် 12MP+5MP Camera တွေကို နောက်ကျောဘက်မှာ တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 20MP+2MP Camera တွေကို တပ်ဆင်ထားပါတယ်။ Security အပိုင်းအတွက် Fingerprint Sensor အသုံးပြုနိုင်မှာ ဖြစ်သလို AI Face Unlock စနစ်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏက 4000mAh ပါဝင်မှာ ဖြစ်ပါတယ်။

 

Redmi Note 5 Pro ကို အရောင်တွေအနေနဲ့ Black, Blue, နဲ့ Rose Gold ဆိုပြီး အရောင် ၃မျိူး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပြီး ထိုင်းနိုင်ငံမှာ ရောင်းချသွားမယ့် စျေးနှုန်းကတော့ ထိုင်းဘတ် ၆၉၉၀ (မြန်မာငွေ ၃၃၅,၀၀၀ ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။

Ref: gadgets.ndtv