Xiaomi ရဲ႕ Redmi Note စီးရီးဟာ Mid-Range စမတ္ဖုန္းေတြထဲမွာ လူၾကိဳက္အမ်ားဆုံး စီးရီးတစ္ခုပါ။ Redmi Note 5 Pro ကို ျပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာမွာ မိတ္ဆက္ခဲ့ျပီး အခုခ်ိန္မွာေတာ့ ကုမၸဏီဟာ သူ႕ရဲ႕ မ်ဳိးဆက္သစ္ ကို မိတ္ဆက္ဖို႔ ျပင္ဆင္ေနျပီလို႔ ယူဆရပါတယ္။

မၾကာေသးခင္က Redmi Note 6 Pro လို႔ယူဆရတဲ့ အဆုိပါဟန္းဆက္ဟာ လိုအပ္တဲ့ အရည္အေသြး စစ္ေဆးမႈ Certificate ေတြ ရယူေနတဲ့အတြက္ ေစ်းကြက္ထဲကို မၾကာခင္ေရာက္လာေတာ့မယ္လို႔ ယူဆရပါတယ္။ အခုခ်ိန္မွာေတာ့ Redmi Note 6 Pro ကို ထုတ္ပုိးထားတဲ့ ဗူးအတြင္းက ပုံရိပ္တစ္ခ်ဳိ႕ ထြက္ေပၚလာတဲ့အတြက္ ဒီဟန္းဆက္အသစ္မွာ ဘာေတြပါလာမယ္ဆုိတာ အၾကမ္းဖ်င္းသိခြင့္ရခဲ့ပါျပီ။

သူ႕ရဲ႕ဗူးအေပၚမွာ ေဖာ္ျပထားတဲ့ ပုံအရ ဟန္းဆက္အသစ္မွာ 6.26” အရြယ္ Full HD+ FullView Display စနစ္ပါဝင္လာမွာျဖစ္ျပီး ေက်ာဘက္ကင္မရာကေတာ့ Dual 12MP + 5MP ျဖစ္ပါတယ္။ ဆယ္လ္ဖီကင္မရာလည္း Dual အစုံျဖစ္ျပီး 20MP + 2MP ပမာဏေတာင္ ပါဝင္ေနတာ ေတြ႕ရပါတယ္။ ဘကၳရီက 4000 mAh ျဖစ္ျပီး ဖယ္ရွားလို႔မရတဲ့ Non-Removable အမ်ဳိးအစားပါ။ မန္မိုရီ ပုိင္းမွာေတာ့ 4GB RAM နဲ႔ 64GB Storage လို႔ေတြ႕ရေပမယ့္ အျခားေရြးခ်ယ္မႈေတြလည္း ရွိလာဖို႔ ေမွ်ာ္လင့္ရတယ္။ ေစ်းႏႈန္းကိုေတာ့ မျမင္ရေသးသလို တရားဝင္မိတ္ဆက္လာမွပဲ သိရမယ္လို႔ ယူဆရပါတယ္။

ျပန္စဥ္းစားၾကည့္ရင္ Redmi Note 5 Pro တုန္းက 5.99” Full HD+ Display နဲ႔အတူ Snapdragon 636 ခ်စ္ပ္ဆက္နဲ႔ ထြက္လာခဲ့တာေၾကာင့္ အခုသတင္းေတြထြက္ေနသလို Note 6 Pro မွာ Snapdragon 660 နဲ႔ ထြက္လာမယ္ဆုိရင္ ပရိုဆက္ဆာ စြမ္းေဆာင္ရည္လည္း တုိးျမွင့္ျပီးသား ျဖစ္ေနမွာပါပဲ။ အတည္ျပဳခ်က္ကိုေတာ့ မၾကာခင္မွာ တရားဝင္မိတ္ဆက္လာမယ့္ အခ်ိန္ကို ေစာင့္ေမွ်ာ္ရင္း လူၾကိဳက္အမ်ားဆုံး စမတ္ဖုန္းစီးရီးတစ္ခုကို ကုမၸဏီက ဘယ္လိုအသစ္မိတ္ဆက္လာမလဲ ဆုိတာ ေစာင့္ၾကည့္ရဦးမွာပါ။

Ref – https://globemobiles.com/xiaomi-redmi-note-6-pro-box-leaked-revealing-some-key-specifications-36183.html

Unicode

Xiaomi ရဲ့ Redmi Note စီးရီးဟာ Mid-Range စမတ်ဖုန်းတွေထဲမှာ လူကြိုက်အများဆုံး စီးရီးတစ်ခုပါ။ Redmi Note 5 Pro ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ မိတ်ဆက်ခဲ့ပြီး အခုချိန်မှာတော့ ကုမ္ပဏီဟာ သူ့ရဲ့ မျိုးဆက်သစ် ကို မိတ်ဆက်ဖို့ ပြင်ဆင်နေပြီလို့ ယူဆရပါတယ်။

မကြာသေးခင်က Redmi Note 6 Pro လို့ယူဆရတဲ့ အဆိုပါဟန်းဆက်ဟာ လိုအပ်တဲ့ အရည်အသွေး စစ်ဆေးမှု Certificate တွေ ရယူနေတဲ့အတွက် ဈေးကွက်ထဲကို မကြာခင်ရောက်လာတော့မယ်လို့ ယူဆရပါတယ်။ အခုချိန်မှာတော့ Redmi Note 6 Pro ကို ထုတ်ပိုးထားတဲ့ ဗူးအတွင်းက ပုံရိပ်တစ်ချို့ ထွက်ပေါ်လာတဲ့အတွက် ဒီဟန်းဆက်အသစ်မှာ ဘာတွေပါလာမယ်ဆိုတာ အကြမ်းဖျင်းသိခွင့်ရခဲ့ပါပြီ။

သူ့ရဲ့ဗူးအပေါ်မှာ ဖော်ပြထားတဲ့ ပုံအရ ဟန်းဆက်အသစ်မှာ 6.26” အရွယ် Full HD+ FullView Display စနစ်ပါဝင်လာမှာဖြစ်ပြီး ကျောဘက်ကင်မရာကတော့ Dual 12MP + 5MP ဖြစ်ပါတယ်။ ဆယ်လ်ဖီကင်မရာလည်း Dual အစုံဖြစ်ပြီး 20MP + 2MP ပမာဏတောင် ပါဝင်နေတာ တွေ့ရပါတယ်။ ဘက္ထရီက 4000 mAh ဖြစ်ပြီး ဖယ်ရှားလို့မရတဲ့ Non-Removable အမျိုးအစားပါ။ မန်မိုရီ ပိုင်းမှာတော့ 4GB RAM နဲ့ 64GB Storage လို့တွေ့ရပေမယ့် အခြားရွေးချယ်မှုတွေလည်း ရှိလာဖို့ မျှော်လင့်ရတယ်။ ဈေးနှုန်းကိုတော့ မမြင်ရသေးသလို တရားဝင်မိတ်ဆက်လာမှပဲ သိရမယ်လို့ ယူဆရပါတယ်။

ပြန်စဉ်းစားကြည့်ရင် Redmi Note 5 Pro တုန်းက 5.99” Full HD+ Display နဲ့အတူ Snapdragon 636 ချစ်ပ်ဆက်နဲ့ ထွက်လာခဲ့တာကြောင့် အခုသတင်းတွေထွက်နေသလို Note 6 Pro မှာ Snapdragon 660 နဲ့ ထွက်လာမယ်ဆိုရင် ပရိုဆက်ဆာ စွမ်းဆောင်ရည်လည်း တိုးမြှင့်ပြီးသား ဖြစ်နေမှာပါပဲ။ အတည်ပြုချက်ကိုတော့ မကြာခင်မှာ တရားဝင်မိတ်ဆက်လာမယ့် အချိန်ကို စောင့်မျှော်ရင်း လူကြိုက်အများဆုံး စမတ်ဖုန်းစီးရီးတစ်ခုကို ကုမ္ပဏီက ဘယ်လိုအသစ်မိတ်ဆက်လာမလဲ ဆိုတာ စောင့်ကြည့်ရဦးမှာပါ။

Ref – https://globemobiles.com/xiaomi-redmi-note-6-pro-box-leaked-revealing-some-key-specifications-36183.html