Xiaomi ရဲ႕ Redmi Note 6 Pro ဟန္းဆက္ ေရာက္လာမယ္ဆုိတဲ့ သတင္းပဲ ၾကားရေသးျပီး တရားဝင္ မိတ္မဆက္ရေသးခင္မွာ ဒီစမတ္ဖုန္းအသစ္ကုိ Retailer တစ္ဦးက အြန္လိုင္းေစ်းဝယ္ဝက္ဘ္ဆုိက္ AliExpress ေပၚေရာင္းခ်ေနခဲ့ပါျပီ။ စမတ္ဖုန္းအသစ္ကို Spec အျပည့္အစုံ၊ ပုံရိပ္မ်ားနဲ႔အတူ ေစ်းႏႈန္းကိုပါ ေဖာ္ျပထားရုံမက၊ ေရာင္းခ်ေနတဲ့ ဗားရွင္းက ျမန္မာဘာသာအပါအဝင္ ဘာသာစကား ၇၀ ေက်ာ္ကို ေထာက္ပံ့ေပးႏုိင္တဲ့ Global ဗားရွင္း ျဖစ္ေနတာကို ေတြ႕ရပါတယ္။ ဒါ့ေၾကာင့္ သူဟာ Google ဝန္ေဆာင္မႈေတြနဲ႔ Update လုပ္ႏုိင္စြမ္း ပါဝင္လာမွာပါ။

Xiaomi Redmi Note 6 Pro ကိုေတာ့ Snapdragon 636 ခ်စ္ပ္ဆက္ အသုံးျပဳထားျပီး သတင္းအခ်ဳိ႕မွာ Snapdragon 660 အသုံးျပဳမယ္လုိ႔ ထြက္ရွိထားခဲ့တာ ျဖစ္ပါတယ္။ မန္မုိရီက 3GB RAM နဲ႔ 32GB Storage ပမာဏ ျဖစ္ျပီး မ်က္ႏွာျပင္က 6.26” အရြယ္ 1080x 2160p Resolution ျဖစ္ပါတယ္။ 19:9 အခ်ဳိးအရဆုိရင္ 2280p ျဖစ္သင့္တဲ့အတြက္ တင္ထားတဲ့ စာရင္းဟာ သံသယဝင္ခ်င္စရာေတာ့ ျဖစ္ပါတယ္။

Redmi Note 6 Pro ရဲ႕ ယခင္ထြက္ရွိခဲ့တဲ့ Leak ပုံရိပ္ေတြမွာ ပါခဲ့တဲ့အတုိင္းပဲ ကင္မရာေလးခု ပါလာခဲ့ျပီး ေရွ႕ဘက္မွာ ကင္မရာအတြက္ Notch တစ္ခုရွိပါတယ္။ ေက်ာဘက္ကင္မရာက 12MP + 5MP ျဖစ္ျပီး ဆယ္လ္ဖီ ကင္မရာကေတာ့ 20MP + 2MP ပါ။ ဒုတိယဆယ္လ္ဖီကင္မရာငယ္က အခ်ဳိ႕ေသာ ေနာက္ခံဝန္းက်င္ကို ဝါးေပးႏုိင္ပါတယ္။ စက္ႏွင္စနစ္ကေတာ့ Android Oreo ျဖစ္ျပီး အေပၚကေန MIUI 9 အုပ္ထားတယ္။

ဘကၳရီက 4000 mAh ပမာဏျဖစ္ပါတယ္။ Redmi Note 6 Pro ဟာ အေရာင္ေလးမ်ဳိး ထြက္ရွိလာျပီး အနက္၊ အျပာ၊ အနီနဲ႔ Rose Gold တုိ႔ပါ။ ဒီစမတ္ဖုန္းအသစ္ကိုေတာ့ အေမရိကန္ေဒၚလာ ၂၀၀ ဝန္းက်င္ သတ္မွတ္ထားပါတယ္။

Ref – https://www.gsmarena.com/global_xiaomi_redmi_note_6_pro_aliexpress-news-33310.php

Unicode

Xiaomi ရဲ့ Redmi Note 6 Pro ဟန်းဆက် ရောက်လာမယ်ဆိုတဲ့ သတင်းပဲ ကြားရသေးပြီး တရားဝင် မိတ်မဆက်ရသေးခင်မှာ ဒီစမတ်ဖုန်းအသစ်ကို Retailer တစ်ဦးက အွန်လိုင်းဈေးဝယ်ဝက်ဘ်ဆိုက် AliExpress ပေါ်ရောင်းချနေခဲ့ပါပြီ။ စမတ်ဖုန်းအသစ်ကို Spec အပြည့်အစုံ၊ ပုံရိပ်များနဲ့အတူ ဈေးနှုန်းကိုပါ ဖော်ပြထားရုံမက၊ ရောင်းချနေတဲ့ ဗားရှင်းက မြန်မာဘာသာအပါအဝင် ဘာသာစကား ၇၀ ကျော်ကို ထောက်ပံ့ပေးနိုင်တဲ့ Global ဗားရှင်း ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် သူဟာ Google ဝန်ဆောင်မှုတွေနဲ့ Update လုပ်နိုင်စွမ်း ပါဝင်လာမှာပါ။

Xiaomi Redmi Note 6 Pro ကိုတော့ Snapdragon 636 ချစ်ပ်ဆက် အသုံးပြုထားပြီး သတင်းအချို့မှာ Snapdragon 660 အသုံးပြုမယ်လို့ ထွက်ရှိထားခဲ့တာ ဖြစ်ပါတယ်။ မန်မိုရီက 3GB RAM နဲ့ 32GB Storage ပမာဏ ဖြစ်ပြီး မျက်နှာပြင်က 6.26” အရွယ် 1080x 2160p Resolution ဖြစ်ပါတယ်။ 19:9 အချိုးအရဆိုရင် 2280p ဖြစ်သင့်တဲ့အတွက် တင်ထားတဲ့ စာရင်းဟာ သံသယဝင်ချင်စရာတော့ ဖြစ်ပါတယ်။

Redmi Note 6 Pro ရဲ့ ယခင်ထွက်ရှိခဲ့တဲ့ Leak ပုံရိပ်တွေမှာ ပါခဲ့တဲ့အတိုင်းပဲ ကင်မရာလေးခု ပါလာခဲ့ပြီး ရှေ့ဘက်မှာ ကင်မရာအတွက် Notch တစ်ခုရှိပါတယ်။ ကျောဘက်ကင်မရာက 12MP + 5MP ဖြစ်ပြီး ဆယ်လ်ဖီ ကင်မရာကတော့ 20MP + 2MP ပါ။ ဒုတိယဆယ်လ်ဖီကင်မရာငယ်က အချို့သော နောက်ခံဝန်းကျင်ကို ဝါးပေးနိုင်ပါတယ်။ စက်နှင်စနစ်ကတော့ Android Oreo ဖြစ်ပြီး အပေါ်ကနေ MIUI 9 အုပ်ထားတယ်။

ဘက္ထရီက 4000 mAh ပမာဏဖြစ်ပါတယ်။ Redmi Note 6 Pro ဟာ အရောင်လေးမျိုး ထွက်ရှိလာပြီး အနက်၊ အပြာ၊ အနီနဲ့ Rose Gold တို့ပါ။ ဒီစမတ်ဖုန်းအသစ်ကိုတော့ အမေရိကန်ဒေါ်လာ ၂၀၀ ဝန်းကျင် သတ်မှတ်ထားပါတယ်။

Ref – https://www.gsmarena.com/global_xiaomi_redmi_note_6_pro_aliexpress-news-33310.php