[Zawgyi]

Xiaomi ဟာ လာမယ့္ ဇန္နဝါရီလ ၁၀ရက္ေန႔မွာ 48MP Camera ႀကီးကို တပ္ဆင္ထားမယ့္ Redmi စမတ္ဖုန္းသစ္ကို မိတ္ဆက္ႏိုင္ဖို႔အတြက္ ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။ Xiaomi ဘက္က အဆိုပါ Redmi စမတ္ဖုန္းသစ္ရဲ႕ နာမည္ကို ခုခ်ိန္ထိ ထုတ္ေဖာ္ေျပာၾကားျခင္း မရွိေသးေပမယ့္ တခ်ိဴ႕ေသာ ကြၽမ္းက်င္ပညာရွင္ေတြကေတာ့ Redmi 7 ဒါမွမဟုတ္ Redmi Pro 2 ျဖစ္ႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုေနၾကပါတယ္။

ဒီေန႔မွာေတာ့ Xiaomi Redmi Note 7 ဆိုတဲ့ စမတ္ဖုန္းဟာ Geekbench ဝက္ဆိုက္ေပၚကို ဝင္ေရာက္လည္ပတ္သြားခဲ့ပါတယ္။ ဒါ့ေၾကာင့္ Xiaomi ဟာ ဇန္နဝါရီလ ၁၀ရက္ေန႔မွာ က်င္းပမယ့္ Redmi စမတ္ဖုန္းသစ္ မိတ္ဆက္ပြဲႀကီးမွာ Redmi 7 စီးရီးအျပင္ Redmi Note 7 ကိုပါ မိတ္ဆက္လာႏိုင္ပါတယ္။

Redmi Note 7 နဲ႔ပတ္သတ္ၿပီး Geekbench ကေနတစ္ဆင့္ ထြက္ေပၚခဲ့တဲ့ အခ်က္အလက္ေတြအရဆိုရင္ Redmi Note 7 ရဲ႕ Processor အပိုင္းအတြက္ Snapdragon 660 SoC ကို အသုံးျပဳထားႏိုင္ပါတယ္။ RAM အေနနဲ႔ 6GB အထိ ပါဝင္ႏိုင္ၿပီး Android 9 Operating System ကို ထည့္သြင္းေမာင္းႏွင္ထားမွာ ျဖစ္ပါတယ္။

Snapdragon 660 ကို RAM 6GB နဲ႔တြဲဖက္ေပးထားတဲ့ Redmi Note 7 ဟာ Single-core မွာ ၁၄၆၂ နဲ႔ Multi-core မွာ ၄၅၅၆ ရရွိထားတာ ေတြ႕ရပါတယ္။ မႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Redmi Note 5 Pro နဲ႔ Note 6 Pro တို႔မွာေတာ့ Snapdragon 636 SoC ကိုသာ အသုံးျပဳခဲ့တာ ျဖစ္ပါတယ္။ Snapdragon 660 ကို ပုံမွန္အားျဖင့္ Xiaomi ရဲ႕ Mi စီးရီးေတြျဖစ္တဲ့ Mi Note 3, Mi A2 (Mi 6X) နဲ႔ Mi 8 Lite စတဲ့ စမတ္ဖုန္းေတြမွာသာ ျမင္ေတြ႕ရတာပါ။ ယခုအခါမွာေတာ့ Snapdragon 660 ကို Redmi စီးရီးေတြမွာပါ ျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။

Ref : Gizmochina

[Unicode]

Geekbench မှာ ပေါ်ထွက်လာတဲ့ Xiaomi Redmi Note 7

Xiaomi ဟာ လာမယ့် ဇန်နဝါရီလ ၁၀ရက်နေ့မှာ 48MP Camera ကြီးကို တပ်ဆင်ထားမယ့် Redmi စမတ်ဖုန်းသစ်ကို မိတ်ဆက်နိုင်ဖို့အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ Xiaomi ဘက်က အဆိုပါ Redmi စမတ်ဖုန်းသစ်ရဲ့ နာမည်ကို ခုချိန်ထိ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေမယ့် တချိူ့သော ကျွမ်းကျင်ပညာရှင်တွေကတော့ Redmi 7 ဒါမှမဟုတ် Redmi Pro 2 ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြပါတယ်။

 

ဒီနေ့မှာတော့ Xiaomi Redmi Note 7 ဆိုတဲ့ စမတ်ဖုန်းဟာ Geekbench ဝက်ဆိုက်ပေါ်ကို ဝင်ရောက်လည်ပတ်သွားခဲ့ပါတယ်။ ဒါ့ကြောင့် Xiaomi ဟာ ဇန်နဝါရီလ ၁၀ရက်နေ့မှာ ကျင်းပမယ့် Redmi စမတ်ဖုန်းသစ် မိတ်ဆက်ပွဲကြီးမှာ Redmi 7 စီးရီးအပြင် Redmi Note 7 ကိုပါ မိတ်ဆက်လာနိုင်ပါတယ်။

Redmi Note 7 နဲ့ပတ်သတ်ပြီး Geekbench ကနေတစ်ဆင့် ထွက်ပေါ်ခဲ့တဲ့ အချက်အလက်တွေအရဆိုရင် Redmi Note 7 ရဲ့ Processor အပိုင်းအတွက် Snapdragon 660 SoC ကို အသုံးပြုထားနိုင်ပါတယ်။ RAM အနေနဲ့ 6GB အထိ ပါဝင်နိုင်ပြီး Android 9 Operating System ကို ထည့်သွင်းမောင်းနှင်ထားမှာ ဖြစ်ပါတယ်။

Snapdragon 660 ကို RAM 6GB နဲ့တွဲဖက်ပေးထားတဲ့ Redmi Note 7 ဟာ Single-core မှာ ၁၄၆၂ နဲ့ Multi-core မှာ ၄၅၅၆ ရရှိထားတာ တွေ့ရပါတယ်။ မနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Redmi Note 5 Pro နဲ့ Note 6 Pro တို့မှာတော့ Snapdragon 636 SoC ကိုသာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ Snapdragon 660 ကို ပုံမှန်အားဖြင့် Xiaomi ရဲ့ Mi စီးရီးတွေဖြစ်တဲ့ Mi Note 3, Mi A2 (Mi 6X) နဲ့ Mi 8 Lite စတဲ့ စမတ်ဖုန်းတွေမှာသာ မြင်တွေ့ရတာပါ။ ယခုအခါမှာတော့ Snapdragon 660 ကို Redmi စီးရီးတွေမှာပါ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Ref : Gizmochina