[Zawgyi]

Xiaomi ရဲ႕ Redmi Note 7 ကို ႀကိဳက္တဲ့သူေတြအေနနဲ႔ေနာက္ထပ္အမိုက္စား ဖုန္းတစ္လုံးျဖစ္တဲ့ Redmi Note 7 Pro ကို လာမယ့္ မတ္လထဲမွာ ေတြ႕ျမင္ၾကေတာ့မယ္လို႔ သိရပါတယ္။ Redmi Note 7 ကေတာ့ ေပးရတဲ့တန္ဖိုးနဲ႔ျပန္ရတဲ့စြမ္းေဆာင္ရည္ညီမွ်မႈေၾကာင့္ စမတ္ဖုန္းသုံးစြဲသူေတြအတြက္ ႀကီးမားလြန္းတဲ့ ဆြဲေဆာင္မႈ တစ္ခုျဖစ္ခဲ့ရပါတယ္။

ကနဦးထြက္ေပၚခဲ့တဲ့ ေကာလာဟလေတြအရ Redmi Note 7 Pro ကို ေဖေဖာ္ဝါရီလထဲမွာ ျမင္ေတြ႕ရမယ္လို႔ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္လည္း ၿပီးခဲ့တဲ့ရက္က ထြက္လာတဲ့ သတင္းအရဆိုရင္ေတာ့ Mi 9 ကို မိတ္ဆက္ၿပီးတဲ့ေနာက္မွ ျမင္ေတြ႕ရဖြယ္ ရွိေနၿပီ ျဖစ္ပါတယ္။

Xiaomi ရဲ႕ ဒုတိယဥကၠ႒လည္းျဖစ္၊ Redmi ရဲ႕ အေထြေထြမန္ေနဂ်ာလည္းျဖစ္တဲ့ Lu Weibing က Redmi Note 7 Pro ကို Xiaomi Mi 9 မိတ္ဆက္ျဖန႔္ခ်ိၿပီး သိပ္မၾကာခင္ ဆက္လက္ မိတ္ဆက္သြားမယ္လို႔ လူမႈကြန္ရက္မွာ ေဖာ္ျပသြားခဲ့ပါတယ္။ ဒါေၾကာင့္ Redmi Note 7 Pro ဟာ မတ္လထဲမွာ၊ ဒါမွမဟုတ္ရင္ ဧၿပီလဆန္းေလာက္မွာမွ ထြက္ေပၚလာမယ္လို႔ ယူဆရပါတယ္။

Redmi Note 7 Pro နဲ႔ပတ္သက္တဲ့ အခ်က္အလက္ ေပါက္ၾကားမႈေတြကလည္း အခုအခ်ိန္ထိ သိပ္ၿပီးမ်ားမ်ားစားစား မရွိေသးတာကို ေတြ႕ရပါတယ္။ သိရသေလာက္ကေတာ့ Redmi Note 7 Pro ဟာ 48MP + 5MP ကင္မရာႏွစ္လုံးနဲ႔ျဖစ္ပါတယ္။ Sony IMX 586 sensor လို႔လည္း ဆိုပါတယ္။ SoC ကေတာ့ Snapdragon 675 Chipset အသုံးျပဳမယ္လို႔လည္း သိထားရပါတယ္။

Redmi Note 7 Pro အတြက္ ခန႔္မွန္းေဈးႏႈန္းအျဖစ္ ထြက္ေပၚေနတာကေတာ့ ျမန္မာေငြ (၃ သိန္း ၁ ေသာင္းကေန ၃ သိန္း ၄ ေသာင္းၾကား) ျဖစ္ပါတယ္။ Redmi Note 7 Pro နဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္သစ္ေတြ ထပ္မံထြက္ေပၚလာရင္ Xiaomi နဲ႔ Redmi ႏွစ္သက္သူေတြအတြက္ ဆက္လက္ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Redmi Note 7 Pro ကို မတ်လထဲရောက်မှ ပွဲထုတ်လာဖွယ်ရှိ

Xiaomi ရဲ့ Redmi Note 7 ကို ကြိုက်တဲ့သူတွေအနေနဲ့နောက်ထပ်အမိုက်စား ဖုန်းတစ်လုံးဖြစ်တဲ့ Redmi Note 7 Pro ကို လာမယ့် မတ်လထဲမှာ တွေ့မြင်ကြတော့မယ်လို့ သိရပါတယ်။ Redmi Note 7 ကတော့ ပေးရတဲ့တန်ဖိုးနဲ့ပြန်ရတဲ့စွမ်းဆောင်ရည်ညီမျှမှုကြောင့် စမတ်ဖုန်းသုံးစွဲသူတွေအတွက် ကြီးမားလွန်းတဲ့ ဆွဲဆောင်မှု တစ်ခုဖြစ်ခဲ့ရပါတယ်။

ကနဦးထွက်ပေါ်ခဲ့တဲ့ ကောလာဟလတွေအရ Redmi Note 7 Pro ကို ဖေဖော်ဝါရီလထဲမှာ မြင်တွေ့ရမယ်လို့ မျှော်လင့်ခဲ့ကြပေမယ့်လည်း ပြီးခဲ့တဲ့ရက်က ထွက်လာတဲ့ သတင်းအရဆိုရင်တော့ Mi 9 ကို မိတ်ဆက်ပြီးတဲ့နောက်မှ မြင်တွေ့ရဖွယ် ရှိနေပြီ ဖြစ်ပါတယ်။

Xiaomi ရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ Redmi ရဲ့ အထွေထွေမန်နေဂျာလည်းဖြစ်တဲ့ Lu Weibing က Redmi Note 7 Pro ကို Xiaomi Mi 9 မိတ်ဆက်ဖြန့်ချိပြီး သိပ်မကြာခင် ဆက်လက် မိတ်ဆက်သွားမယ်လို့ လူမှုကွန်ရက်မှာ ဖော်ပြသွားခဲ့ပါတယ်။ ဒါကြောင့် Redmi Note 7 Pro ဟာ မတ်လထဲမှာ၊ ဒါမှမဟုတ်ရင် ဧပြီလဆန်းလောက်မှာမှ ထွက်ပေါ်လာမယ်လို့ ယူဆရပါတယ်။

Redmi Note 7 Pro နဲ့ပတ်သက်တဲ့ အချက်အလက် ပေါက်ကြားမှုတွေကလည်း အခုအချိန်ထိ သိပ်ပြီးများများစားစား မရှိသေးတာကို တွေ့ရပါတယ်။ သိရသလောက်ကတော့ Redmi Note 7 Pro ဟာ 48MP + 5MP ကင်မရာနှစ်လုံးနဲ့ဖြစ်ပါတယ်။ Sony IMX 586 sensor လို့လည်း ဆိုပါတယ်။ SoC ကတော့ Snapdragon 675 Chipset အသုံးပြုမယ်လို့လည်း သိထားရပါတယ်။

Redmi Note 7 Pro အတွက် ခန့်မှန်းဈေးနှုန်းအဖြစ် ထွက်ပေါ်နေတာကတော့ မြန်မာငွေ (၃ သိန်း ၁ သောင်းကနေ ၃ သိန်း ၄ သောင်းကြား) ဖြစ်ပါတယ်။ Redmi Note 7 Pro နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်သစ်တွေ ထပ်မံထွက်ပေါ်လာရင် Xiaomi နဲ့ Redmi နှစ်သက်သူတွေအတွက် ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Ref: GSMArena