[Zawgyi]

Readmi Note 7 ကို ေအာင္ျမင္စြာနဲ႔ ျဖန႔္ခ်ိခဲ့ၿပီးတဲ့ေနာက္မွာေတာ့ Xiaomi ဟာ ပိုၿပီးေတာ့ စြမ္းအင္ျပည့္တဲ့ Pro version ကို မိတ္ဆက္ဖို႔ ျပင္ဆင္ေနခဲ့ၿပီလို႔ သိရပါတယ္။ ေပးရတဲ့ေဈးႏႈန္းနဲ႔ ျပန္ရတဲ့ တန္ဖိုးတို႔ေၾကာင့္ Redmi Note 7 ဟာ စမတ္ဖုန္းထုတ္လုပ္မႈရပ္ဝန္းအတြက္ စိန္ေခၚမႈႀကီးတစ္ခုကို ေမြးဖြားေပးတာနဲ႔ အတူတူပဲ ျဖစ္ပါတယ္။

Redmi Note 7 Pro အသစ္ဟာ လာမယ့္ေဖေဖာ္ဝါရီအတြင္းမွာပဲ လူတိုင္းရဲ႕ ျမင္ကြင္းကို ေရာက္ရွိလာဖြယ္ ရွိတယ္လို႔ ခန႔္မွန္းရပါတယ္။ လက္တေလာမွာေတာ့ Redmi Note 7 Pro နဲ႔ပတ္သက္တဲ့ အခ်က္ေတြဟာ Weibo မွာ ဟိုတစ္စ၊ ဒီတစ္စနဲ႔ ပ်ံ႕ႏွံ႔ေနၿပီျဖစ္ပါတယ္။

Weibo ကတစ္ဆင့္ သိရတာကေတာ့ Redmi Note 7 Pro ဟာ 48MP camera နဲ႔ပဲျဖစ္ပါတယ္။ ဒါေပမယ့္ Sony IMX 586 sensor နဲ႔ ျဖစ္တယ္လို႔ေတာ့ ဆိုၾကပါတယ္။ ဒီသတင္းက အတည္မျပဳရေသးေပမယ့္ အေတာ္ေလးကို ျဖစ္ႏိုင္ေခ်ရွိတဲ့ သတင္းပါ။ ပိုစိတ္ဝင္စားဖို႔ေကာင္းတာက Pro version ဟာ Qualcomm ရဲ႕ Snapdragon 675 Chipset ကို အသုံးျပဳထားမယ္ဆိုတာပါပဲ။

Snapdragon 675 ဟာ ေဈးႏႈန္းသက္သာေပမယ့္ စြမ္းေဆာင္ရည္မွာေတာ့ Snapdragon 710 ထက္အမ်ားႀကီး မနိမ့္ဘူးလို႔ ေမွ်ာ္လင့္ရပါတယ္။ ဒါေပမယ့္လည္း GPU ပိုင္းေတာ့ ေႏွးသြားမွာျဖစ္သလို၊ ISP လုပ္ေဆာင္ႏိုင္စြမ္းလည္း နည္းပါလိမ့္မယ္။ ေဈးႏႈန္းအတြက္ 11nm ထုတ္လုပ္မႈလမ္းစဥ္ကို အသုံးျပဳထားမွာပဲ ျဖစ္ပါတယ္။

Redmi Note 7 Pro အတြက္ ရင္ခုန္ေမွ်ာ္လင့္ေနၾကတဲ့ထဲမွာ ေဈးႏႈန္းလည္း ပါဝင္မွာပါ။ တ႐ုတ္ရဲ႕ လူမႈကြန္ရက္ေတြမွာ ပ်ံ႕ႏွံ႔ေနတဲ့ ခန႔္မွန္းေဈးႏႈန္းက တ႐ုတ္ယြမ္ေငြ 1,399 နဲ႔ 1,499 ယြမ္ၾကား ($205 ကေန $220 ၾကား) ျဖစ္တာေၾကာင့္ ျမန္မာေငြနဲ႔ဆိုရင္ (၃သိန္း ၁ေသာင္း ကေန ၃သိန္း၄ေသာင္း) ၾကားမွာပဲ ျဖစ္ပါလိမ့္မယ္။ သိပ္မၾကာခင္အခ်ိန္အတြင္းမွာ ပိုၿပီးတိက်ျပည့္စုံတဲ့ အခ်က္အလက္ေတြ ထြက္ေပၚလာရင္လည္း ထပ္မံေဖာ္ျပေပးဦးမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Redmi Note 7 Pro ဟာ Snapdragon 675 အသုံးပြုထားဖွယ်ရှိ

Readmi Note 7 ကို အောင်မြင်စွာနဲ့ ဖြန့်ချိခဲ့ပြီးတဲ့နောက်မှာတော့ Xiaomi ဟာ ပိုပြီးတော့ စွမ်းအင်ပြည့်တဲ့ Pro version ကို မိတ်ဆက်ဖို့ ပြင်ဆင်နေခဲ့ပြီလို့ သိရပါတယ်။ ပေးရတဲ့ဈေးနှုန်းနဲ့ ပြန်ရတဲ့ တန်ဖိုးတို့ကြောင့် Redmi Note 7 ဟာ စမတ်ဖုန်းထုတ်လုပ်မှုရပ်ဝန်းအတွက် စိန်ခေါ်မှုကြီးတစ်ခုကို မွေးဖွားပေးတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။

Redmi Note 7 Pro အသစ်ဟာ လာမယ့်ဖေဖော်ဝါရီအတွင်းမှာပဲ လူတိုင်းရဲ့ မြင်ကွင်းကို ရောက်ရှိလာဖွယ် ရှိတယ်လို့ ခန့်မှန်းရပါတယ်။ လက်တလောမှာတော့ Redmi Note 7 Pro နဲ့ပတ်သက်တဲ့ အချက်တွေဟာ Weibo မှာ ဟိုတစ်စ၊ ဒီတစ်စနဲ့ ပျံ့နှံ့နေပြီဖြစ်ပါတယ်။

Weibo ကတစ်ဆင့် သိရတာကတော့ Redmi Note 7 Pro ဟာ 48MP camera နဲ့ပဲဖြစ်ပါတယ်။ ဒါပေမယ့် Sony IMX 586 sensor နဲ့ ဖြစ်တယ်လို့တော့ ဆိုကြပါတယ်။ ဒီသတင်းက အတည်မပြုရသေးပေမယ့် အတော်လေးကို ဖြစ်နိုင်ချေရှိတဲ့ သတင်းပါ။ ပိုစိတ်ဝင်စားဖို့ကောင်းတာက Pro version ဟာ Qualcomm ရဲ့ Snapdragon 675 Chipset ကို အသုံးပြုထားမယ်ဆိုတာပါပဲ။

Snapdragon 675 ဟာ ဈေးနှုန်းသက်သာပေမယ့် စွမ်းဆောင်ရည်မှာတော့ Snapdragon 710 ထက်အများကြီး မနိမ့်ဘူးလို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့်လည်း GPU ပိုင်းတော့ နှေးသွားမှာဖြစ်သလို၊ ISP လုပ်ဆောင်နိုင်စွမ်းလည်း နည်းပါလိမ့်မယ်။ ဈေးနှုန်းအတွက် 11nm ထုတ်လုပ်မှုလမ်းစဉ်ကို အသုံးပြုထားမှာပဲ ဖြစ်ပါတယ်။

Redmi Note 7 Pro အတွက် ရင်ခုန်မျှော်လင့်နေကြတဲ့ထဲမှာ ဈေးနှုန်းလည်း ပါဝင်မှာပါ။ တရုတ်ရဲ့ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ ခန့်မှန်းဈေးနှုန်းက တရုတ်ယွမ်ငွေ 1,399 နဲ့ 1,499 ယွမ်ကြား ($205 ကနေ $220 ကြား) ဖြစ်တာကြောင့် မြန်မာငွေနဲ့ဆိုရင် (၃သိန်း ၁သောင်း ကနေ ၃သိန်း၄သောင်း) ကြားမှာပဲ ဖြစ်ပါလိမ့်မယ်။ သိပ်မကြာခင်အချိန်အတွင်းမှာ ပိုပြီးတိကျပြည့်စုံတဲ့ အချက်အလက်တွေ ထွက်ပေါ်လာရင်လည်း ထပ်မံဖော်ပြပေးဦးမှာ ဖြစ်ပါတယ်။

Ref: GSMArena