[Zawgyi]

ၿငိမ္သက္ေနတဲ့ ကန္ေရျပင္ႀကီးထဲကို Redmi Note 7 တစ္လုံး ပစ္ခ်လိုက္တာက စမတ္ဖုန္းေလာကႀကီးကို လႈိင္းထသြားေစ႐ုံသာမက မုန္တိုင္းေတြပါ ထန္ေစခဲ့ပါတယ္။ Redmi Note 7 ကို စတင္မိတ္ဆက္ခဲ့တဲ့ ေန႔ကတည္းက တိုက္ခတ္ေနတဲ့ မုန္တိုင္းေတြဟာ ျမန္မာႏိုင္ငံက ျပည္တြင္းစစ္ေတြလိုပဲ အခုခ်ိန္ထိ မၿပီးဆုံးႏိုင္ေသးပါဘူး။

Xiaomi အေနနဲ႔ Redmi Note 7 ရဲ႕ ပထမဦးဆုံး အေရာင္းပြဲေတာ္ႀကီးကို ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၁၄ရက္ေန႔တုန္းက တ႐ုတ္ႏိုင္ငံမွာ က်င္းပခဲ့တာ ျဖစ္ပါတယ္။ အဆိုပါ ပြဲေတာ္ႀကီးမွာ Redmi Note 7 စမတ္ဖုန္းေတြကို ဝယ္ယူသူ အမ်ားအျပားရွိခဲ့ၿပီး ၈မိနစ္နဲ႔ ၃၆စကၠန္႔အတြင္းမွာ ေရာင္းကုန္သြားတယ္လို႔ သိရပါတယ္။ အလုံးေရ ဘယ္ေလာက္ေရာင္းလိုက္ရလဲဆိုတာကိုေတာ့ Xiaomi ဘက္က တရားဝင္ ထုတ္ျပန္ေၾကညာထားျခင္း မရွိပါဘူး။

ဒီေန႔ ဇန္နဝါရီလ ၁၈ရက္ေန႔မွာလည္း Redmi Note 7 ရဲ႕ ဒုတိယအႀကိမ္ေျမာက္ အေရာင္းပြဲေတာ္ႀကီးကို တ႐ုတ္ႏိုင္ငံမွာ ထပ္မံ က်င္းပသြားပါတယ္။ ထုံးစံအတိုင္း မိနစ္ပိုင္းအတြင္းမွာပဲ ေရာင္းကုန္သြားခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံ အေျခစိုက္ ေစ်းဝယ္ဝက္ဆိုက္တစ္ခုျဖစ္တဲ့ JD.com တစ္ခုတည္းမွာတင္ လူေပါင္း ၄၁၀,၀၀၀ က Redmi Note 7 ကို ဝယ္ယူဖို႔အတြက္ စာရင္သြင္းထားၾကတယ္လို႔ သိရပါတယ္။

Xiaomi ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးကေတာ့ ထုတ္လုပ္မႈအပိုင္းမွာ ျပႆနာအနည္းငယ္ ႀကဳံေတြ႕ေနရတဲ့အတြက္ သယ္ယူပိုေဆာင္ေရးက႑မွာ အနည္းငယ္ေႏွာင့္ေႏွးမွာ ျဖစ္ေၾကာင္း Weibo ကေန တစ္ဆင့္ ထုတ္ေဖာ္ေျပာၾကားထားပါတယ္။ ဒါေပမယ့္လည္း အဆိုပါ ျပႆနာကို ျပန္လည္ေျဖရွင္းလိုက္ၿပီ ျဖစ္ၿပီး ပို႔ေဆာင္ေရးအပိုင္းကို ေနာက္တစ္ပတ္ထဲမွာ စတင္သြားမယ္လို႔ Xiaomi ဘက္က ျပန္လည္ေျပာၾကားထားပါတယ္။ မည္သို႔ပင္ဆိုေစကာမူ Redmi Note 7 ကို ဝယ္ယူဖို႔ ေမွ်ာ္လင့္ေစာင့္စားေနတဲ့ ျမန္မာႏိုင္ငံက ခ်စ္ပရိသတ္ႀကီးကေတာ့ သစ္ကုလားအုပ္ကေတာင္ အေဖေခၚရေလာက္ေအာင္ လည္ပင္းေတြရွည္ေနၿပီလို႔ ၾကားသိထားရပါတယ္။

Ref : Gizmochina

[Unicode]

ထုတ်လုပ်မှုအပိုင်းမှာ ပြဿနာအနည်းငယ် ရှိနေတဲ့အတွက် Redmi Note 7 ပို့ဆောင်ရေး နှောင့်နှေး

ငြိမ်သက်နေတဲ့ ကန်ရေပြင်ကြီးထဲကို Redmi Note 7 တစ်လုံး ပစ်ချလိုက်တာက စမတ်ဖုန်းလောကကြီးကို လှိုင်းထသွားစေရုံသာမက မုန်တိုင်းတွေပါ ထန်စေခဲ့ပါတယ်။ Redmi Note 7 ကို စတင်မိတ်ဆက်ခဲ့တဲ့ နေ့ကတည်းက တိုက်ခတ်နေတဲ့ မုန်တိုင်းတွေဟာ မြန်မာနိုင်ငံက ပြည်တွင်းစစ်တွေလိုပဲ အခုချိန်ထိ မပြီးဆုံးနိုင်သေးပါဘူး။

Xiaomi အနေနဲ့ Redmi Note 7 ရဲ့ ပထမဦးဆုံး အရောင်းပွဲတော်ကြီးကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ရက်နေ့တုန်းက တရုတ်နိုင်ငံမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပွဲတော်ကြီးမှာ Redmi Note 7 စမတ်ဖုန်းတွေကို ဝယ်ယူသူ အများအပြားရှိခဲ့ပြီး ၈မိနစ်နဲ့ ၃၆စက္ကန့်အတွင်းမှာ ရောင်းကုန်သွားတယ်လို့ သိရပါတယ်။ အလုံးရေ ဘယ်လောက်ရောင်းလိုက်ရလဲဆိုတာကိုတော့ Xiaomi ဘက်က တရားဝင် ထုတ်ပြန်ကြေညာထားခြင်း မရှိပါဘူး။

ဒီနေ့ ဇန်နဝါရီလ ၁၈ရက်နေ့မှာလည်း Redmi Note 7 ရဲ့ ဒုတိယအကြိမ်မြောက် အရောင်းပွဲတော်ကြီးကို တရုတ်နိုင်ငံမှာ ထပ်မံ ကျင်းပသွားပါတယ်။ ထုံးစံအတိုင်း မိနစ်ပိုင်းအတွင်းမှာပဲ ရောင်းကုန်သွားခဲ့ပါတယ်။ တရုတ်နိုင်ငံ အခြေစိုက် စျေးဝယ်ဝက်ဆိုက်တစ်ခုဖြစ်တဲ့ JD.com တစ်ခုတည်းမှာတင် လူပေါင်း ၄၁၀,၀၀၀ က Redmi Note 7 ကို ဝယ်ယူဖို့အတွက် စာရင်သွင်းထားကြတယ်လို့ သိရပါတယ်။

Xiaomi ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကတော့ ထုတ်လုပ်မှုအပိုင်းမှာ ပြဿနာအနည်းငယ် ကြုံတွေ့နေရတဲ့အတွက် သယ်ယူပိုဆောင်ရေးကဏ္ဍမှာ အနည်းငယ်နှောင့်နှေးမှာ ဖြစ်ကြောင်း Weibo ကနေ တစ်ဆင့် ထုတ်ဖော်ပြောကြားထားပါတယ်။ ဒါပေမယ့်လည်း အဆိုပါ ပြဿနာကို ပြန်လည်ဖြေရှင်းလိုက်ပြီ ဖြစ်ပြီး ပို့ဆောင်ရေးအပိုင်းကို နောက်တစ်ပတ်ထဲမှာ စတင်သွားမယ်လို့ Xiaomi ဘက်က ပြန်လည်ပြောကြားထားပါတယ်။ မည်သို့ပင်ဆိုစေကာမူ Redmi Note 7 ကို ဝယ်ယူဖို့ မျှော်လင့်စောင့်စားနေတဲ့ မြန်မာနိုင်ငံက ချစ်ပရိသတ်ကြီးကတော့ သစ်ကုလားအုပ်ကတောင် အဖေခေါ်ရလောက်အောင် လည်ပင်းတွေရှည်နေပြီလို့ ကြားသိထားရပါတယ်။

Ref : Gizmochina