Zawgyi

ဒီ သတင္းကေတာ့ နဂိုကတည္းကမွ Hype ေနတဲ့ Redmi Note 7 ကို ပိုၿပီး Hype သြားေအာင္လုပ္ေပးေတာ့မွာပါ။ Google Pixel 3 ရဲ႕ NightSight လို Feature ျဖစ္တဲ့ Xiaomi ရဲ႕ Super Night Scene လုပ္ေဆာင္ခ်က္ကို Redmi Note 7 မွာ အသုံးျပဳလို႔ရေတာ့မွာပါ။ တ႐ုတ္ ဆိုရွယ္ ပလတ္ေဖာင္းျဖစ္တဲ့ Weibo ကေနတစ္ဆင့္ အဆိုပါ သတင္းကို Xiaomi က တရားဝင္ေျပာၾကားလိုက္တာပါ။ Xiaomi ရဲ႕ Super Night Scene လုပ္ေဆာင္ခ်က္ဟာ Mi Mix 3 မွာ စတင္ပါလာတာျဖစ္ၿပီး ညဘက္ရိုက္တဲ့ပုံေတြကို ပိုလင္းေအာင္၊ အေရာင္ထြက္ပိုေကာင္းေအာင္ ကူညီေပးပါတယ္။
အဆိုပါ Super Night Scene လုပ္ေဆာင္ခ်က္ဟာ Redmi Note 7 ရဲ႕ MIUI Update အသစ္မွာ ပါဝင္လာမွာျဖစ္ပါတယ္။ နဂိုကတည္းကမွ ကင္မရာ အရည္အေသြးေကာင္းမြန္လို႔ လိုခ်င္တဲ့ သူေတြ တန္းစီေနတဲ့ Redmi Note 7 မွာ အခုလို Super Night Scene လုပ္ေဆာင္ခ်က္ပါဝင္လာမွာမို႔လို႔ ဓာတ္ပုံဝါသနာရွင္ေတြအတြက္ေတာ့ သတင္းေကာင္းပါပဲ။

Redmi Note 7 မွာ 48MP ပမာဏရွိတဲ့ Samsung ရဲ႕ ISOCELL GM1 Sensor တပ္ဆင္ေပးထားၿပီး Redmi ဖုန္းေတြထဲမွာ ကင္မရာ အရည္အေသြး သိသိသာသာေကာင္းမြန္လာတဲ့ ဖုန္းတစ္လုံးပါ။ Snapdragon 660 AIE တပ္ဆင္ေပးထားၿပီး ဘက္ထရီ ပမာဏ 4,000mAh ပါဝင္ပါတယ္။ Redmi Series ေတြထဲမွာ ဒုတိယေျမာက္ USB Type C ပါဝင္လာတဲ့ဖုန္းျဖစ္ၿပီး 3.5mm နားက်ပ္ေပါက္လည္း ထည့္သြင္းေပးထားပါေသးတယ္။

Ref: XDA

Unicode

Redmi Note 7 မှာ Super Night Scene လုပ်ဆောင်ချက် ရရှိမည်

ဒီ သတင်းကတော့ နဂိုကတည်းကမှ Hype နေတဲ့ Redmi Note 7 ကို ပိုပြီး Hype သွားအောင်လုပ်ပေးတော့မှာပါ။ Google Pixel 3 ရဲ့ NightSight လို Feature ဖြစ်တဲ့ Xiaomi ရဲ့ Super Night Scene လုပ်ဆောင်ချက်ကို Redmi Note 7 မှာ အသုံးပြုလို့ရတော့မှာပါ။ တရုတ် ဆိုရှယ် ပလတ်ဖောင်းဖြစ်တဲ့ Weibo ကနေတစ်ဆင့် အဆိုပါ သတင်းကို Xiaomi က တရားဝင်ပြောကြားလိုက်တာပါ။ Xiaomi ရဲ့ Super Night Scene လုပ်ဆောင်ချက်ဟာ Mi Mix 3 မှာ စတင်ပါလာတာဖြစ်ပြီး ညဘက်ရိုက်တဲ့ပုံတွေကို ပိုလင်းအောင်၊ အရောင်ထွက်ပိုကောင်းအောင် ကူညီပေးပါတယ်။

အဆိုပါ Super Night Scene လုပ်ဆောင်ချက်ဟာ Redmi Note 7 ရဲ့ MIUI Update အသစ်မှာ ပါဝင်လာမှာဖြစ်ပါတယ်။ နဂိုကတည်းကမှ ကင်မရာ အရည်အသွေးကောင်းမွန်လို့ လိုချင်တဲ့ သူတွေ တန်းစီနေတဲ့ Redmi Note 7 မှာ အခုလို Super Night Scene လုပ်ဆောင်ချက်ပါဝင်လာမှာမို့လို့ ဓာတ်ပုံဝါသနာရှင်တွေအတွက်တော့ သတင်းကောင်းပါပဲ။

Redmi Note 7 မှာ 48MP ပမာဏရှိတဲ့ Samsung ရဲ့ ISOCELL GM1 Sensor တပ်ဆင်ပေးထားပြီး Redmi ဖုန်းတွေထဲမှာ ကင်မရာ အရည်အသွေး သိသိသာသာကောင်းမွန်လာတဲ့ ဖုန်းတစ်လုံးပါ။ Snapdragon 660 AIE တပ်ဆင်ပေးထားပြီး ဘက်ထရီ ပမာဏ 4,000mAh ပါဝင်ပါတယ်။ Redmi Series တွေထဲမှာ ဒုတိယမြောက် USB Type C ပါဝင်လာတဲ့ဖုန်းဖြစ်ပြီး 3.5mm နားကျပ်ပေါက်လည်း ထည့်သွင်းပေးထားပါသေးတယ်။

Ref: XDA