[Zawgyi]

Redmi Note 7 ဟန္းဆက္ေတြဟာ တရုတ္ႏုိင္ငံတြင္းမွာ ၿပီးခဲ့တဲ့ ဇႏၷဝါရီလ ၁၅ ရက္ထဲက စတင္ ေရာင္းခ်ခဲ့တာပါ။ ထုိစဥ္က Redmi အမႈေဆာင္အရာရွိခ်ဳပ္ Lu Weibing မွ ကုမၸဏီဟာ ပထမတစ္လထဲမွာတင္ အလုံးေရတစ္သန္းေရာင္းခ်ႏုိင္ဖို႔ ပစ္မွတ္ထားေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ဒီလိုေျပာခဲ့ၿပီး ေလးပတ္တိတိ အၾကာမွာေတာ့ ပစ္မွတ္ပမာဏကို ေရာင္းခ်ခဲ့ၿပီးျဖစ္ေၾကာင္း သူ႕ရဲ႕ Weibo အေကာင့္ကေန ေၾကျငာလိုက္ပါတယ္။

Xiaomi ကုမၸဏီရဲ႕ ထုံးစံအတုိင္း Redmi Note 7 ေတြကို အခ်ိန္တုိအတြင္းမွာ အလုံးေရကန္႔သတ္ ေရာင္းခ်ျခင္း (Flash Sales) စနစ္နဲ႔ အႀကိမ္ႀကိမ္ေရာင္းခ်ခဲ့ရာမွာ ေထာင္နဲ႔ခ်ီတဲ့ ဖုန္းေတြဟာ မိနစ္ပုိင္းအတြင္း အကုန္အစင္ ေရာင္းခ်ခဲ့ရပါတယ္။ ျပင္ပေစ်းကြက္မွာ အားေပးမႈဘယ္လိုရွိဦးမလဲ ဆုိတာ မသိေသးေပမယ့္ မၾကာခင္ အိႏၵိယအပါအဝင္ ေစ်းကြက္အခ်ဳိ႕ကို ေရာက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။

Redmi Note 7 စမတ္ဖုန္းမွာ Snapdragon 660 ခ်စ္ပ္ဆက္၊ 48MP ကင္မရာဆင္ဆာနဲ႔ Quick Charge 4 စတဲ့ Feature ေတြပါဝင္တာေၾကာင့္ လူအမ်ားစိတ္ဝင္စားမႈကို ရရွိခဲ့တာပါ။

ဒါ့ျပင္ Redmi Note 7 Pro ေမာ္ဒယ္အသစ္ ထြက္လာတဲ့အခါ သူ႕ထက္ပုိျမင့္တဲ့ Snapdragon 670 ဒါမွမဟုတ္ 675 ခ်စ္ပ္ဆက္၊ Sony IMX586 ကင္မရာနဲ႔ 128GB Storage ပမာဏတုိ႔ ပါဝင္လာဦးမယ္လို႔ သတင္းထြက္ေနပါတယ္။ လက္ရွိ Redmi Note 7 မွာ ေစ်းႏႈန္းကို ေဒၚလာ ၂၀၀ ဝန္းက်င္နဲ႔ ေအာက္သတ္မွတ္ထားၿပီး သုံးစြဲသူေတြကို ဆြဲေဆာင္ထားတာျဖစ္ေပမယ့္ Note 7 Pro ကေတာ့ သူ႕ထက္ေစ်းႏႈန္းအနည္းငယ္ ပုိႏုိင္ပါတယ္။

Ref – GSM Arena

[Unicode]

Redmi Note 7 ဟန်းဆက်တွေဟာ တရုတ်နိုင်ငံတွင်းမှာ ပြီးခဲ့တဲ့ ဇန္နဝါရီလ ၁၅ ရက်ထဲက စတင် ရောင်းချခဲ့တာပါ။ ထိုစဉ်က Redmi အမှုဆောင်အရာရှိချုပ် Lu Weibing မှ ကုမ္ပဏီဟာ ပထမတစ်လထဲမှာတင် အလုံးရေတစ်သန်းရောင်းချနိုင်ဖို့ ပစ်မှတ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ဒီလိုပြောခဲ့ပြီး လေးပတ်တိတိ အကြာမှာတော့ ပစ်မှတ်ပမာဏကို ရောင်းချခဲ့ပြီးဖြစ်ကြောင်း သူ့ရဲ့ Weibo အကောင့်ကနေ ကြေငြာလိုက်ပါတယ်။

Xiaomi ကုမ္ပဏီရဲ့ ထုံးစံအတိုင်း Redmi Note 7 တွေကို အချိန်တိုအတွင်းမှာ အလုံးရေကန့်သတ် ရောင်းချခြင်း (Flash Sales) စနစ်နဲ့ အကြိမ်ကြိမ်ရောင်းချခဲ့ရာမှာ ထောင်နဲ့ချီတဲ့ ဖုန်းတွေဟာ မိနစ်ပိုင်းအတွင်း အကုန်အစင် ရောင်းချခဲ့ရပါတယ်။ ပြင်ပဈေးကွက်မှာ အားပေးမှုဘယ်လိုရှိဦးမလဲ ဆိုတာ မသိသေးပေမယ့် မကြာခင် အိန္ဒိယအပါအဝင် ဈေးကွက်အချို့ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Redmi Note 7 စမတ်ဖုန်းမှာ Snapdragon 660 ချစ်ပ်ဆက်၊ 48MP ကင်မရာဆင်ဆာနဲ့ Quick Charge 4 စတဲ့ Feature တွေပါဝင်တာကြောင့် လူအများစိတ်ဝင်စားမှုကို ရရှိခဲ့တာပါ။

ဒါ့ပြင် Redmi Note 7 Pro မော်ဒယ်အသစ် ထွက်လာတဲ့အခါ သူ့ထက်ပိုမြင့်တဲ့ Snapdragon 670 ဒါမှမဟုတ် 675 ချစ်ပ်ဆက်၊ Sony IMX586 ကင်မရာနဲ့ 128GB Storage ပမာဏတို့ ပါဝင်လာဦးမယ်လို့ သတင်းထွက်နေပါတယ်။ လက်ရှိ Redmi Note 7 မှာ ဈေးနှုန်းကို ဒေါ်လာ ၂၀၀ ဝန်းကျင်နဲ့ အောက်သတ်မှတ်ထားပြီး သုံးစွဲသူတွေကို ဆွဲဆောင်ထားတာဖြစ်ပေမယ့် Note 7 Pro ကတော့ သူ့ထက်ဈေးနှုန်းအနည်းငယ် ပိုနိုင်ပါတယ်။

Ref – GSM Arena