[Zawgyi]
Display အပိုင်းအတွက် ၆.၃လက်မ မျက်နှာပြင် အကျယ်ရှိ FHD+ Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2340 Pixel ရှိပါမယ်။ Processor အပိုင်းအတွက် Snapdragon 660 SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 3GB, 4GB, 6GB ၃မျိုး ထုတ်လုပ်ထားပါတယ်။ Memory Storage ကိုတော့ 32GB နဲ့ 64GB ဆိုပြီး ၂မျိုး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
Redmi Note 7 ကို အရောင်တွေအနေနဲ့ Black, Gradient Blue နဲ့ Gradient Red ဆိုပြီး အရောင် ၃မျိုး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ တရုတ်နိုင်ငံမှာ စတင်ရောင်းချသွားမယ့် Redmi Note 7 ရဲ့ ဈေးနှုန်းကတော့ RAM 3GB + 32GB မော်ဒယ်ကို တရုတ်ငွေ ၉၉၉ ယွမ် (မြန်မာငွေ ၂၂၅,၀၀၀ ဝန်းကျင်)၊ RAM 4GB + 64GB မော်ဒယ်ကို တရုတ်ငွေ ၁၁၉၉ ယွမ် (မြန်မာငွေ ၂၇၀,၀၀၀ ဝန်းကျင်)၊ RAM 6GB + Storage 64GB မော်ဒယ်ကို တရုတ်ငွေ ၁၃၉၉ ယွမ် (မြန်မာငွေ ၃၁၅,၀၀၀ ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။
Ref : Gizmochina
[Unicode]
Redmi Note 7 ကို ထင်မှတ်မထားတဲ့ စျေးနှုန်းနဲ့ ပွဲထုတ်လိုက်တဲ့ Xiaomi
Xiaomi ကတော့ Redmi Note 7 ကို တရားဝင် မိတ်ဆက်ပေးလိုက်ပါပြီ။ အခုဆိုရင် Redmi က Xiaomi လက်အောက်ကနေ ခွဲထွက်သွားပြီ ဖြစ်ပြီး သီးသန့်ကုမ္ပဏီအဖြစ် ရပ်တည်တော့မှာ ဖြစ်ပါတယ်။ သီးသန့် ကုမ္ပဏီဆိုပေမယ့် Redmi by Xiaomi ဆိုတဲ့အတိုင်း Xiaomi ရဲ့ ထိန်းချူပ်မှုအောက်မှာပဲ ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။
Redmi ဆိုတဲ့ Sub-brand အဖြစ် သီးသန့်ရပ်တည်ခြင်းနဲ့အတူ ပထမဦးဆုံး ပွဲထွက်လာသူကတော့ Redmi Note 7 ပဲ ဖြစ်ပါတယ်။ Redmi Note 7 ကို ဒီနေ့မှာပဲ တရုတ်နိုင်ငံမှာ မိတ်ဆက်လိုက်တာဖြစ်ပြီး အရင်မျိူးဆက် Redmi စီးရီးတွေနဲ့ မတူဘဲ ကွဲပြားခြားနားစွာ ပွဲထွက်လာနိုင်ခဲ့ပါတယ်။ အရင်မျိူးဆက် Redmi Note စီးရီးတွေနဲ့ မတူတဲ့အချက်ကတော့ အခုထွက်ရှိလာတဲ့ Redmi Note 7 ကို Premium Glass Body နဲ့ တည်ဆောက်ထားတာဖြစ်ပြီး 2.5D Corning Gorilla 5 Glass ကို ရှေ့/နောက် ဖုံးအုပ်ပေးထားပါတယ်။ ဒါ့အပြင် Water and Dust resistance လည်း ပါရှိဦးမှာပါ။ Water and Dust resistance အတွက် IP ဘယ်လောက်ရရှိထားတယ်ဆိုတာ Redmi ဘက်က တရားဝင်ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေမယ့် သေချာတာကတော့ IP68 မဟုတ်ပါဘူး။ ဒါ့ကြောင့် Redmi Note 7 ဟာ ရေစိမ်မခံပေမယ့် ရေစိုခံတဲ့ ဖုန်းတစ်လုံး ဖြစ်လာနိုင်ပါတယ်။
Display အပိုင်းအတွက် ၆.၃လက်မ မျက်နှာပြင် အကျယ်ရှိ FHD+ Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2340 pixels ရှိပါမယ်။ Processor အပိုင်းအတွက် Snapdragon 660 SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 3GB, 4GB, 6GB ၃မျိူး ထုတ်လုပ်ထားပါတယ်။ Memory Storage ကိုတော့ 32GB နဲ့ 64GB ဆိုပြီး ၂မျိူး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
ဘက်ထရီ သိုလှောင်မှု ပမာဏ 4000mAh ထည့်သွင်းပေးထားပြီး USB Type-C ကနေ တစ်ဆင့် Quick Charge 4.0 အမြန်အားသွင်းစနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖုန်းနဲ့အတူ ပါလာမယ့် Charger က 10W အထိသာ ထောက်ပံ့ပေးနိုင်တဲ့အတွက် 0 to 100 အထိ အားအပြည့်သွင်းမယ်ဆိုရင် ၂နာရီ ၅မိနစ်ဝန်းကျင် လိုအပ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် အားသွင်းဖို့အတွက် ၂နာရီကျော် အချိန်မပေးနိုင်သူတွေအနေနဲ့ 18W Charger ကို သီးသန့် ဝယ်ယူရမှာ ဖြစ်ပါတယ်။ 18W Charger နဲ့ အားသွင်းမယ်ဆိုရင်တော့ ၁နာရီနဲ့ ၄၃မိနစ်ဝန်းကျင်သာ လိုအပ်တယ်လို့ သိရပါတယ်။
နောက်ကျောဘက်ကင်မရာ အပိုင်းအတွက် Aperture f/1.8 အကျယ်ရှိ 48MP Camera နဲ့ 5MP Camera တွေကို ဒေါင်လိုက် တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 13MP Camera ကို Waterdrop Notch ထဲမှာ ထည့်သွင်းတပ်ဆင်ထားပါတယ်။ 48MP Camera က Samsung ရဲ့ ISOCELL GM1 Ultra Clear Sensor ဖြစ်ပါတယ်။ နိုင်ငံတကာစျေးကွက်ကို Redmi Note 7 Pro အမည်နဲ့ ဖြန့်ချီသွားဖွယ်ရှိပြီး အဆိုပါ စမတ်ဖုန်းမှာတော့ Sony ရဲ့ IMX586 48MP Camera Sensor ကို အသုံးပြုထားမယ်လို့ သိရပါတယ်။
Redmi Note 7 ကို အရောင်တွေအနေနဲ့ Black, Gradient Blue နဲ့ Gradient Red ဆိုပြီး အရောင် ၃မျိူး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ တရုတ်နိုင်ငံမှာ စတင်ရောင်းချသွားမယ့် Redmi Note 7 ရဲ့ စျေးနှုန်းကတော့ RAM 3GB + 32GB မော်ဒယ်ကို တရုတ်ငွေ ၉၉၉ ယွမ် (မြန်မာငွေ ၂၂၅,၀၀၀ ဝန်းကျင်)၊ RAM 4GB + 64GB မော်ဒယ်ကို တရုတ်ငွေ ၁၁၉၉ ယွမ် (မြန်မာငွေ ၂၇၀,၀၀၀ ဝန်းကျင်)၊ RAM 6GB + Storage 64GB မော်ဒယ်ကို တရုတ်ငွေ ၁၃၉၉ ယွမ် (မြန်မာငွေ ၃၁၅,၀၀၀ ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။
Ref : Gizmochina