[Zawgyi]

Xiaomi က အမည္မသိ Redmi စမတ္ဖုန္းကို ဒီေန႔ (ဇန္နဝါရီလ ၁၀ရက္ေန႔) မွာ မိတ္ဆက္သြားမွာျဖစ္ပါတယ္။ မိတ္ဆက္ပြဲကို တ႐ုတ္ႏိုင္ငံမွာ က်င္းပသြားမွာျဖစ္တဲ့အတြက္ အခုဆိုရင္ေတာ့ တ႐ုတ္ႏိုင္ငံက Xiaomi ဝန္ထမ္းေတြ အလုပ္ရႈပ္ေနၿပီ ထင္ပါတယ္။

Xiaomi ရဲ႕ CEO ျဖစ္သူ Lei Jun က မ်ိဴးဆက္သစ္ Redmi စမတ္ဖုန္းရဲ႕ ဓာတ္ပုံနဲ႔ ဗီဒီယိုတခ်ိဴ႕ကို တရားဝင္ မိတ္မဆက္ခင္မွာ မွ်ေဝခဲ့ဖူးပါတယ္။ ဒီေန႔မွာေတာ့ အဆိုပါ စမတ္ဖုန္းရဲ႕ အေသးစိတ္ အခ်က္အလက္ေတြကို ဓာတ္ပုံနဲ႔တကြ မ်က္ဝါးထင္ထင္ ျမင္ေတြ႕ရေတာ့မွာပါ။

လက္ရွိ အမည္မသိ Redmi စမတ္ဖုန္းနဲ႔ ပတ္သတ္ၿပီး တိက်ေသခ်ာတဲ့ အေၾကာင္းအရာကေတာ့ အဆိုပါ စမတ္ဖုန္းမွာ 48MP Camera Sensor ပါဝင္လာမယ္ ဆိုတာပါပဲ။ ေက်ာဘက္ ကင္မရာအပိုင္းအတြက္ Dual Camera Setup ကို အသုံးျပဳထားမွာ ျဖစ္ၿပီး 48MP Sensor ကိုေတာ့ Main Camera အျဖစ္ တပ္ဆင္ထားမွာပါ။ အေရာင္ေတြကိုေတာ့ Black, Blue နဲ႔ Pink ဆိုၿပီး အေရာင္ ၃မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္ပါလိမ့္မယ္။

Xiaomi က အဆိုပါ စမတ္ဖုန္းကို Redmi X ဆိုၿပီး နာမ္စားသုံးထားေပမယ့္ ကြၽမ္းက်င္သူေတြကေတာ့ Redmi 7 ျဖစ္ႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုေနၾကပါတယ္။ တခ်ိဴ႕ကလည္း Redmi Note 7 ဒါမွမဟုတ္ Redmi Pro 2 သာ ျဖစ္ႏိုင္ေၾကာင္း သုံးသပ္ထားပါတယ္။ ဘာပဲျဖစ္ျဖစ္ Redmi က သီးသန္႔ကုမၸဏီအျဖစ္ ရပ္တည္ေတာ့မွာ ျဖစ္တာေၾကာင့္ ဒီေန႔က်င္းပမယ့္ ပြဲေတာ္ႀကီးမွာ မိတ္ဆက္သြားမယ့္ Redmi စမတ္ဖုန္းက ေတာ္ေတာ္ေလး စိတ္ဝင္စားစရာေကာင္းေနတာေတာ့ အမွန္ပါပဲ။

ေနာက္ထပ္ စိတ္ဝင္စားစရာေကာင္းတာကေတာ့ ေစ်းႏႈန္းပါ။ Price-to-Performance ratio မွာ Xiaomi က ဆရာက်ေလ့ ရွိတာေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားကလည္း ေစ်းႏႈန္းကိုပဲ စိတ္ဝင္စားေနၾကတာပါ။ Redmi X ရဲ႕ Specifications ေတာ္ေတာ္မ်ားမ်ားကို သိရွိထားၿပီးျဖစ္ေပမယ့္ အေရးႀကီးဆုံး အခ်က္ျဖစ္တဲ့ ေစ်းႏႈန္းကိုေတာ့ ခုခ်ိန္ထိ အတိအက် မသိရေသးပါဘူး။ ဒါေပမယ့္ Xiaomi ရဲ႕ CEO ျဖစ္သူ Lei Jun ကေတာ့ Redmi စီးရီးေတြကို ေပးရတဲ့ ေဈးနဲ႔တန္တဲ့ စမတ္ဖုန္းအမ်ိဴးအစားေတြျဖစ္ေအာင္ အေလးေပး လုပ္ေဆာင္သြားမယ္လို႔ ေျပာၾကားထားပါတယ္။

Ref : Gadgets.ndtv

[Unicode]

ဒီနေ့ မိတ်ဆက်သွားမယ့် Redmi ဖုန်းက ပေးရတဲ့စျေးနဲ့ တန်တဲ့ စမတ်ဖုန်း ဖြစ်လာနိုင်သလား ?

Xiaomi က အမည်မသိ Redmi စမတ်ဖုန်းကို ဒီနေ့ (ဇန်နဝါရီလ ၁၀ရက်နေ့) မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ မိတ်ဆက်ပွဲကို တရုတ်နိုင်ငံမှာ ကျင်းပသွားမှာဖြစ်တဲ့အတွက် အခုဆိုရင်တော့ တရုတ်နိုင်ငံက Xiaomi ဝန်ထမ်းတွေ အလုပ်ရှုပ်နေပြီ ထင်ပါတယ်။

Xiaomi ရဲ့ CEO ဖြစ်သူ Lei Jun က မျိူးဆက်သစ် Redmi စမတ်ဖုန်းရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတချိူ့ကို တရားဝင် မိတ်မဆက်ခင်မှာ မျှဝေခဲ့ဖူးပါတယ်။ ဒီနေ့မှာတော့ အဆိုပါ စမတ်ဖုန်းရဲ့ အသေးစိတ် အချက်အလက်တွေကို ဓာတ်ပုံနဲ့တကွ မျက်ဝါးထင်ထင် မြင်တွေ့ရတော့မှာပါ။

လက်ရှိ အမည်မသိ Redmi စမတ်ဖုန်းနဲ့ ပတ်သတ်ပြီး တိကျသေချာတဲ့ အကြောင်းအရာကတော့ အဆိုပါ စမတ်ဖုန်းမှာ 48MP Camera Sensor ပါဝင်လာမယ် ဆိုတာပါပဲ။ ကျောဘက် ကင်မရာအပိုင်းအတွက် Dual Camera Setup ကို အသုံးပြုထားမှာ ဖြစ်ပြီး 48MP Sensor ကိုတော့ Main Camera အဖြစ် တပ်ဆင်ထားမှာပါ။ အရောင်တွေကိုတော့ Black, Blue နဲ့ Pink ဆိုပြီး အရောင် ၃မျိူး ရွေးချယ်ဝယ်ယူနိုင်ပါလိမ့်မယ်။

Xiaomi က အဆိုပါ စမတ်ဖုန်းကို Redmi X ဆိုပြီး နာမ်စားသုံးထားပေမယ့် ကျွမ်းကျင်သူတွေကတော့ Redmi 7 ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြပါတယ်။ တချိူ့ကလည်း Redmi Note 7 ဒါမှမဟုတ် Redmi Pro 2 သာ ဖြစ်နိုင်ကြောင်း သုံးသပ်ထားပါတယ်။ ဘာပဲဖြစ်ဖြစ် Redmi က သီးသန့်ကုမ္ပဏီအဖြစ် ရပ်တည်တော့မှာ ဖြစ်တာကြောင့် ဒီနေ့ကျင်းပမယ့် ပွဲတော်ကြီးမှာ မိတ်ဆက်သွားမယ့် Redmi စမတ်ဖုန်းက တော်တော်လေး စိတ်ဝင်စားစရာကောင်းနေတာတော့ အမှန်ပါပဲ။

နောက်ထပ် စိတ်ဝင်စားစရာကောင်းတာကတော့ စျေးနှုန်းပါ။ Price-to-Performance ratio မှာ Xiaomi က ဆရာကျလေ့ ရှိတာကြောင့် လူတော်တော်များများကလည်း စျေးနှုန်းကိုပဲ စိတ်ဝင်စားနေကြတာပါ။ Redmi X ရဲ့ Specifications တော်တော်များများကို သိရှိထားပြီးဖြစ်ပေမယ့် အရေးကြီးဆုံး အချက်ဖြစ်တဲ့ စျေးနှုန်းကိုတော့ ခုချိန်ထိ အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် Xiaomi ရဲ့ CEO ဖြစ်သူ Lei Jun ကတော့ Redmi စီးရီးတွေကို ပေးရတဲ့ ဈေးနဲ့တန်တဲ့ စမတ်ဖုန်းအမျိူးအစားတွေဖြစ်အောင် အလေးပေး လုပ်ဆောင်သွားမယ်လို့ ပြောကြားထားပါတယ်။

Ref : Gadgets.ndtv