[Zawgyi]

Xiaomi အေနနဲ႔ သူတို႔ရဲ႕ Redmi ထုတ္ကုန္သစ္အတြက္ လက္တြဲေဖာ္အျဖစ္ TikTok ကိုပူးေပါင္းလိုက္ၿပီ ျဖစ္ေၾကာင္း Weibo မွာ တရားဝင္ ေၾကညာခဲ့ပါတယ္။ TikTok ဟာ ဗီဒီယိုအတိုအစေတြဖန္တီးလို႔ရတဲ့ Media App တစ္ခုျဖစ္ၿပီး တ႐ုတ္ႏိုင္ငံမွာေတာ့ Vibrato ဆိုၿပီး အမည္တြင္ ပါတယ္။ Xiaomi နဲ႔ TikTok တို႔ဟာ လာမယ့္ ဇန္နဝါရီလ ၁၀ရက္ေန႔မွာ က်င္းပမယ့္ Redmi ထုတ္ကုန္သစ္ မိတ္ဆက္ပြဲမွာ မဟာဗ်ဴဟာေျမာက္ မိတ္ဖက္ေတြအျဖစ္ စတင္ပူးေပါင္းသြားၾကမွာ ျဖစ္ပါတယ္။

စမတ္ဖုန္းကုမၸဏီ တစ္ခုျဖစ္တဲ့ Xiaomi နဲ႔ TikTok တို႔ ပူးေပါင္းမႈ ရလဒ္က ဘယ္လိုအက်ိဴးေက်းဇူးေတြ ရရွိလာမလဲဆိုတာ အတိအက် မသိရေသးေပမယ့္ Xiaomi ကေတာ့ အြန္လိုင္းေစ်းကြက္တစ္ခုကို TikTok နဲ႔အတူ ပူးေပါင္းၿပီး ထိုးေဖာက္ခ်င္ေနပုံ ရပါတယ္။

Xiaomi ဟာ Redmi စီးရီးေတြကို Sub-brand အျဖစ္ ခြဲထုတ္ေတာ့မယ္ဆိုတဲ့ အေၾကာင္းကို ဒီတပတ္အေစာပိုင္းတုန္းက ေၾကညာခဲ့ဖူးပါတယ္။ အရင္တုန္းက Redmi စမတ္ဖုန္းေတြကို Xiaomi က ကိုင္တြယ္ထုတ္လုပ္ခဲ့တာျဖစ္ၿပီး တန္ဖိုးနည္း စမတ္ဖုန္းေတြအျဖစ္ လူသိမ်ားခဲ့ပါတယ္။ ယခုအခါမွာေတာ့ Huawei ရဲ႕ Honor, Oppo ရဲ႕ Realme တို႔လိုမ်ိဴး Sub-brand ေတြအျဖစ္ Xaiomi က Redmi စီးရီးကို ခြဲထုတ္ေတာ့မွာ ျဖစ္ပါတယ္။

Redmi အျဖစ္ သီးသန႔္ရပ္တည္ျခင္း အထိမ္းအမွတ္နဲ႔အတူ အသစ္စက္စက္ Redmi စမတ္ဖုန္းေတြကို လာမယ့္ ဇန္နဝါရီလ ၁၀ရက္ေန႔မွာ မိတ္ဆက္ေပးသြားမွာ ျဖစ္ပါတယ္။ ဘာဖုန္းလဲဆိုတာ တိတိက်က် မသိရေသးေပမယ့္ လူေတာ္ေတာ္မ်ားမ်ားကေတာ့ Redmi 7 စီးရီး ျဖစ္ႏိုင္ေၾကာင္း ထင္ေၾကးေပးေနၾကပါတယ္။

Redmi ထုတ္ကုန္သစ္နဲ႔ ပတ္သတ္ၿပီး ေနာက္ဆုံးထြက္ Teaser Poster အရဆိုရင္ အဆိုပါဖုန္းမွာ 48MP Camera Sensor ကို တပ္ဆင္ထားႏိုင္ပါတယ္။ ဒါ့အျပင္ Xiaomi ရဲ႕ CEO ျဖစ္သူ Lei Jun ကလည္း အဆိုပါဖုန္းမွာ Micro-USB အစား USB Type-C ကို အစားထိုးသုံးေပးထားေၾကာင္း အရိပ္အႁမြက္ ေျပာဆိုထားပါေသးတယ္။

Ref : Gizmochina

[Unicode]

Redmi ထုတ်ကုန်သစ်အတွက် TikTok နဲ့ ပူးပေါင်းလိုက်တဲ့ Xiaomi

Xiaomi အနေနဲ့ သူတို့ရဲ့ Redmi ထုတ်ကုန်သစ်အတွက် လက်တွဲဖော်အဖြစ် TikTok ကိုပူးပေါင်းလိုက်ပြီ ဖြစ်ကြောင်း Weibo မှာ တရားဝင် ကြေညာခဲ့ပါတယ်။ TikTok ဟာ ဗီဒီယိုအတိုအစတွေဖန်တီးလို့ရတဲ့ Media App တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံမှာတော့ Vibrato ဆိုပြီး အမည်တွင် ပါတယ်။ Xiaomi နဲ့ TikTok တို့ဟာ လာမယ့် ဇန်နဝါရီလ ၁၀ရက်နေ့မှာ ကျင်းပမယ့် Redmi ထုတ်ကုန်သစ် မိတ်ဆက်ပွဲမှာ မဟာဗျူဟာမြောက် မိတ်ဖက်တွေအဖြစ် စတင်ပူးပေါင်းသွားကြမှာ ဖြစ်ပါတယ်။

စမတ်ဖုန်းကုမ္ပဏီ တစ်ခုဖြစ်တဲ့ Xiaomi နဲ့ TikTok တို့ ပူးပေါင်းမှု ရလဒ်က ဘယ်လိုအကျိူးကျေးဇူးတွေ ရရှိလာမလဲဆိုတာ အတိအကျ မသိရသေးပေမယ့် Xiaomi ကတော့ အွန်လိုင်းစျေးကွက်တစ်ခုကို TikTok နဲ့အတူ ပူးပေါင်းပြီး ထိုးဖောက်ချင်နေပုံ ရပါတယ်။

Xiaomi ဟာ Redmi စီးရီးတွေကို Sub-brand အဖြစ် ခွဲထုတ်တော့မယ်ဆိုတဲ့ အကြောင်းကို ဒီတပတ်အစောပိုင်းတုန်းက ကြေညာခဲ့ဖူးပါတယ်။ အရင်တုန်းက Redmi စမတ်ဖုန်းတွေကို Xiaomi က ကိုင်တွယ်ထုတ်လုပ်ခဲ့တာဖြစ်ပြီး တန်ဖိုးနည်း စမတ်ဖုန်းတွေအဖြစ် လူသိများခဲ့ပါတယ်။ ယခုအခါမှာတော့ Huawei ရဲ့ Honor, Oppo ရဲ့ Realme တို့လိုမျိူး Sub-brand တွေအဖြစ် Xaiomi က Redmi စီးရီးကို ခွဲထုတ်တော့မှာ ဖြစ်ပါတယ်။

Redmi အဖြစ် သီးသန့်ရပ်တည်ခြင်း အထိမ်းအမှတ်နဲ့အတူ အသစ်စက်စက် Redmi စမတ်ဖုန်းတွေကို လာမယ့် ဇန်နဝါရီလ ၁၀ရက်နေ့မှာ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဘာဖုန်းလဲဆိုတာ တိတိကျကျ မသိရသေးပေမယ့် လူတော်တော်များများကတော့ Redmi 7 စီးရီး ဖြစ်နိုင်ကြောင်း ထင်ကြေးပေးနေကြပါတယ်။

Redmi ထုတ်ကုန်သစ်နဲ့ ပတ်သတ်ပြီး နောက်ဆုံးထွက် Teaser Poster အရဆိုရင် အဆိုပါဖုန်းမှာ 48MP Camera Sensor ကို တပ်ဆင်ထားနိုင်ပါတယ်။ ဒါ့အပြင် Xiaomi ရဲ့ CEO ဖြစ်သူ Lei Jun ကလည်း အဆိုပါဖုန်းမှာ Micro-USB အစား USB Type-C ကို အစားထိုးသုံးပေးထားကြောင်း အရိပ်အမြွက် ပြောဆိုထားပါသေးတယ်။

Ref : Gizmochina