Zawgyi

Motorola ရဲ႕ နာမည္ၾကီး Mid-range Series ျဖစ္တဲ့ G Series ရဲ႕ ေနာက္ဆံုးထြက္ G7 Series ရဲ႕ ဖုန္း ဒီဇိုင္းေတြေပၚထြက္လို႔လာပါျပီ။ အဆိုပါ ပံုေတြဟာ ယံုၾကည္စိတ္ခ်ရတဲ့ သတင္းရင္းျမစ္ေနကေန ေပၚထြက္လာတာေၾကာင့္ Moto G7 Series ကို အရင္ မွန္းထားတဲ့ အခ်ိန္ထက္ အမ်ားၾကီး ေစာျပီး မိတ္ဆက္ႏိုင္ပါတယ္။ အခုထြက္ေပၚလာတဲ့ ပံုေတြမွာ G7 Series မွာပါဝင္တဲ့ ဖုန္းေတြအကုန္လံုးရဲ႕ ဒီဇိုင္းကို အေသးစိတ္ျမင္ေတြ႔ရပါတယ္။ ထူးျခားခ်က္ကေတာ့ G7 Series မွာ ပါဝင္တဲ့ ေမာ္ဒယ္ တစ္မ်ိဳးစီကို အေရာင္ တစ္မ်ိဳးစီနဲ႔ ျမင္ေတြ႔ရတာပါ။ Moto G7 Series မွာ Moto G7, G7 Plus, G7 Play နဲ႔ G7 Power ဆိုျပီး ေမာ္ဒယ္ ေလးမ်ိဳးပါဝင္ပါတယ္။

ပံုမွာျမင္ရတဲ့ အတုိင္းပဲ Moto G7 ကို အျဖဴေရာင္ ကာလာနဲ႔ ျမင္ေတြ႔ရျပီး အရင္ Moto G ဖုန္းေတြလိုပဲ ေနာက္ေက်ာဘက္ ခံုးေနတဲ့ ဒီဇိုင္းမ်ိဳးနဲ႔ပါ။ အၾကီမားဆံုး အေပာင္းအလဲကေတာ့ Notch Display ပဲျဖစ္ျပီး ၂၀၁၈ ႏွစ္ကုန္ပိုင္းမွာ ေရပန္းစားေနတဲ့ WaterDrop Notch နဲ႔ပါ။ အေနာက္ဘက္ ကင္မရာ အထားအသိုလည္း ေျပာင္းလဲသြားျပီး ကင္မရာ ႏွစ္လံုးတြဲ စနစ္ကို အရင္လို တစ္လံုးခ်င္းစီ ခြဲမထားေတာ့ပဲ ၾကီးမားတဲ့ ကင္မရာ အိမ္ထဲမွာ တစ္စုတစ္စည္းတည္း ေပါင္းေပးထားတာေတြ႔ရပါတယ္။ ကင္မရာ အိမ္ေအာက္မွာေတာ့ Motorola Logo ကိုေတြ႔ရျပီး Logo ကို Fingerprint Sensor အေနနဲ႔လည္း အသံုးျပဳထားပါတယ္။ ဖုန္းရဲ႕ေအာက္ေျခမွာေတာ့ 3.5mm နားက်ပ္ေပါက္နဲ႔ USB Type C အေပါက္ေတြကိုေတြ႔ရျပီး စပီကာေပါက္လည္း ေတြ႔ရပါတယ္။

Moto G7 Plus ကိုေတာ့ Red Wine (ေခၚ) ဝိုင္နီ အေရာင္နဲ႔ ျမင္ေတြ႔ရျပီး Plus ဗားရွင္းျဖစ္လို႔ ရိုးရိုး Moto G7 ထက္ Display ပိုမိုၾကီးမားျပီး တစ္ျခား Spec ေတြလည္း Moto G7 ထက္ အနည္းငယ္ျမင့္မွာပါ။ ဘက္ထရီ ပမာဏနည္း ပိုမိုျမင့္မားႏိုင္ပါတယ္။ က်န္တာေတြကေတာ့ Moto G7 နဲ႔ အကုန္အတူတူျဖစ္ျပီး Notch Display အပါအဝင္ အေနာက္ ဘက္ ကင္မရာ အထားအသိုေတြလည္း အတူတူပါပဲ။

Moto G7 Play ကိုေတာ့ ေရႊအိုေရာင္ နဲ႔ေတြ႔ရျပီး အေပၚက ဖုန္းႏွစ္လံုးနဲ႔ ကြဲျပားသြားတဲ့အခ်က္ကေတာ့ Display ထိပ္ဘက္က Notch ျဖစ္ျပီး အေတာ္ေလးၾကီးမားေနတာ ေတြ႔ရပါတယ္။ ထိပ္ဘက္ Notch ၾကီးမားေနရတဲ့ အေၾကာင္းရင္းကေတာ့ LED Flashlight ထည့္သြင္းေပးထားတဲ့အျပင္ Secondary Loud Speaker အျဖစ္ အသံုးျပဳႏိုင္ေျခရွိတဲ့ ၾကီးမားတဲ့ Earpiece Speaker (ေခၚ) Receiver ၾကီးကို ေတြ႔ရပါတယ္။ Play ဗားရွင္းျဖစ္လို႔ Gaming Phone တစ္လံုး ျဖစ္ႏိုင္ေျခရွိျပီး Cooling System တစ္မ်ိဳးမ်ိဳး ပါဝင္လာႏိုင္ပါတယ္။ ေအာက္ေျခဘက္မွာေတာ့ USB Type B Port ကိုေတြ႔ရပါတယ္။

Moto G7 Power ကေတာ့ နာမည္အရပဲ Moto G7 Series မွာ စြမ္းေဆာင္ရည္ အေကာင္းဆံုး ဖုန္းတစ္လံုးျဖစ္ႏိုင္ပါတယ္။ အျပာရင့္ေရာင္ နဲ႔ေတြ႔ျမင္ရျပီး G7 Play လိုပဲ ၾကီးမားတဲ့ Notch ကိုေတြ႔ရျပီး Moto G7 Series မွာ ဘက္ထရီ ပမာဏ အမ်ားဆံုးဖုန္းတစ္လံုးျဖစ္လာႏိုင္ပါတယ္။ Mid-range ပရိုဆက္ဆာထဲမွာမွ စြမ္းေဆာင္ရည္ အေကာင္းဆံုး ပရိုဆက္ဆာတစ္မ်ိဳးမ်ိဳးအသံုးျပဳေပးထားႏိုင္ျပီး Snapdragon 730 ျဖစ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Motorola ဟာ Build Quality အေကာင္းဆံုး ဖုန္းေတြအျဖစ္ နာမည္ၾကီးေနျပီး ထူးျခားခ်က္အျဖစ္ သူ႔ရဲ႕ Mid-range Series ေတြဟာ Flagship ေတြထက္ နာမည္ပိုၾကီးတာပါ။ တစ္ကယ္လို႔သာ အေပၚမွာ ျပထားတဲ့ Moto G7 Series ဖုန္းေတြ ျပည္တြင္းဝင္လာခဲ့ရင္ ပရိတ္သက္ၾကီးအေနနဲ႔ ဝယ္ဖို႔စိတ္ကူးရွိလား? G7 Series အေပၚထင္ျမင္ခ်က္ေတြကို ေအာက္မွာ Comment ေပးသြားႏိုင္ပါတယ္။

Ref: Gizmo China

Unicode

Motorola ရဲ့ နာမည်ကြီး Mid-range Series ဖြစ်တဲ့ G Series ရဲ့ နောက်ဆုံးထွက် G7 Series ရဲ့ ဖုန်း ဒီဇိုင်းတွေပေါ်ထွက်လို့လာပါပြီ။ အဆိုပါ ပုံတွေဟာ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်နေကနေ ပေါ်ထွက်လာတာကြောင့် Moto G7 Series ကို အရင် မှန်းထားတဲ့ အချိန်ထက် အများကြီး စောပြီး မိတ်ဆက်နိုင်ပါတယ်။ အခုထွက်ပေါ်လာတဲ့ ပုံတွေမှာ G7 Series မှာပါဝင်တဲ့ ဖုန်းတွေအကုန်လုံးရဲ့ ဒီဇိုင်းကို အသေးစိတ်မြင်တွေ့ရပါတယ်။ ထူးခြားချက်ကတော့ G7 Series မှာ ပါဝင်တဲ့ မော်ဒယ် တစ်မျိုးစီကို အရောင် တစ်မျိုးစီနဲ့ မြင်တွေ့ရတာပါ။ Moto G7 Series မှာ Moto G7, G7 Plus, G7 Play နဲ့ G7 Power ဆိုပြီး မော်ဒယ် လေးမျိုးပါဝင်ပါတယ်။

ပုံမှာမြင်ရတဲ့ အတိုင်းပဲ Moto G7 ကို အဖြူရောင် ကာလာနဲ့ မြင်တွေ့ရပြီး အရင် Moto G ဖုန်းတွေလိုပဲ နောက်ကျောဘက် ခုံးနေတဲ့ ဒီဇိုင်းမျိုးနဲ့ပါ။ အကြီမားဆုံး အပောင်းအလဲကတော့ Notch Display ပဲဖြစ်ပြီး ၂၀၁၈ နှစ်ကုန်ပိုင်းမှာ ရေပန်းစားနေတဲ့ WaterDrop Notch နဲ့ပါ။ အနောက်ဘက် ကင်မရာ အထားအသိုလည်း ပြောင်းလဲသွားပြီး ကင်မရာ နှစ်လုံးတွဲ စနစ်ကို အရင်လို တစ်လုံးချင်းစီ ခွဲမထားတော့ပဲ ကြီးမားတဲ့ ကင်မရာ အိမ်ထဲမှာ တစ်စုတစ်စည်းတည်း ပေါင်းပေးထားတာတွေ့ရပါတယ်။ ကင်မရာ အိမ်အောက်မှာတော့ Motorola Logo ကိုတွေ့ရပြီး Logo ကို Fingerprint Sensor အနေနဲ့လည်း အသုံးပြုထားပါတယ်။ ဖုန်းရဲ့အောက်ခြေမှာတော့ 3.5mm နားကျပ်ပေါက်နဲ့ USB Type C အပေါက်တွေကိုတွေ့ရပြီး စပီကာပေါက်လည်း တွေ့ရပါတယ်။

Moto G7 Plus ကိုတော့ Red Wine (ခေါ်) ဝိုင်နီ အရောင်နဲ့ မြင်တွေ့ရပြီး Plus ဗားရှင်းဖြစ်လို့ ရိုးရိုး Moto G7 ထက် Display ပိုမိုကြီးမားပြီး တစ်ခြား Spec တွေလည်း Moto G7 ထက် အနည်းငယ်မြင့်မှာပါ။ ဘက်ထရီ ပမာဏနည်း ပိုမိုမြင့်မားနိုင်ပါတယ်။ ကျန်တာတွေကတော့ Moto G7 နဲ့ အကုန်အတူတူဖြစ်ပြီး Notch Display အပါအဝင် အနောက် ဘက် ကင်မရာ အထားအသိုတွေလည်း အတူတူပါပဲ။

Moto G7 Play ကိုတော့ ရွှေအိုရောင် နဲ့တွေ့ရပြီး အပေါ်က ဖုန်းနှစ်လုံးနဲ့ ကွဲပြားသွားတဲ့အချက်ကတော့ Display ထိပ်ဘက်က Notch ဖြစ်ပြီး အတော်လေးကြီးမားနေတာ တွေ့ရပါတယ်။ ထိပ်ဘက် Notch ကြီးမားနေရတဲ့ အကြောင်းရင်းကတော့ LED Flashlight ထည့်သွင်းပေးထားတဲ့အပြင် Secondary Loud Speaker အဖြစ် အသုံးပြုနိုင်ခြေရှိတဲ့ ကြီးမားတဲ့ Earpiece Speaker (ခေါ်) Receiver ကြီးကို တွေ့ရပါတယ်။ Play ဗားရှင်းဖြစ်လို့ Gaming Phone တစ်လုံး ဖြစ်နိုင်ခြေရှိပြီး Cooling System တစ်မျိုးမျိုး ပါဝင်လာနိုင်ပါတယ်။ အောက်ခြေဘက်မှာတော့ USB Type B Port ကိုတွေ့ရပါတယ်။

Moto G7 Power ကတော့ နာမည်အရပဲ Moto G7 Series မှာ စွမ်းဆောင်ရည် အကောင်းဆုံး ဖုန်းတစ်လုံးဖြစ်နိုင်ပါတယ်။ အပြာရင့်ရောင် နဲ့တွေ့မြင်ရပြီး G7 Play လိုပဲ ကြီးမားတဲ့ Notch ကိုတွေ့ရပြီး Moto G7 Series မှာ ဘက်ထရီ ပမာဏ အများဆုံးဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။ Mid-range ပရိုဆက်ဆာထဲမှာမှ စွမ်းဆောင်ရည် အကောင်းဆုံး ပရိုဆက်ဆာတစ်မျိုးမျိုးအသုံးပြုပေးထားနိုင်ပြီး Snapdragon 730 ဖြစ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Motorola ဟာ Build Quality အကောင်းဆုံး ဖုန်းတွေအဖြစ် နာမည်ကြီးနေပြီး ထူးခြားချက်အဖြစ် သူ့ရဲ့ Mid-range Series တွေဟာ Flagship တွေထက် နာမည်ပိုကြီးတာပါ။ တစ်ကယ်လို့သာ အပေါ်မှာ ပြထားတဲ့ Moto G7 Series ဖုန်းတွေ ပြည်တွင်းဝင်လာခဲ့ရင် ပရိတ်သက်ကြီးအနေနဲ့ ဝယ်ဖို့စိတ်ကူးရှိလား? G7 Series အပေါ်ထင်မြင်ချက်တွေကို အောက်မှာ Comment ပေးသွားနိုင်ပါတယ်။

Ref: Gizmo China