အစားအသောက်တွေ မှာယူရင် ကိုယ့်ဆီကို လာပို့မယ့် သူက လူတစ်ယောက်မဟုတ်တော့ စက်ရုပ်တစ်ရုပ် ဖြစ်လာတော့မှာပါ။

အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန် ဒီစီ အခြေစိုက် Starships Technologies ကုမ္ပဏီက စက်ရုပ်တွေနဲ့ အစားအသောက်တွေ သယ်ယူပို့ဆောင်မယ့် နည်းစနစ်ကို စတင်အကောင်အထည် ဖော်လိုက်ပါတယ်။

အဲ့ဒီ စက်ရုပ်တွေက စားသောက်ဆိုင်တွေကနေ အစားအသောက်များကို အလိုအလျောက်သွားယူပြီး မှာယူတဲ့သူထံ ပို့ပေးမှာဖြစ်ပါတယ်။

“ကျွန်တော်တို့ စက်ရုပ်တွေ အစားအသောက်တွေ နဲ့ ပါဆယ် တွေကို ၂ မိုင်အတွင်း သယ်ယူပို့ဆောင်ပေးနိုင်တယ်”လို့ Starships Technologies ကုမ္ပဏီက ဆက်သွယ်ရေး အရာရှိချုပ် ဟင်နရီ ဟာရစ် ဘာလန် က ပြောပါတယ်။

“အများဆုံး ပေါင် ၂၀ လောက်အလေးချိန်ကို သယ်ယူနိုင်ပြီး ပလက်ဖောင်းတွေကနေ ဖြတ်လျှောက်သွားပြီးတစ်နာရီကို ၄ မိုင်လောက်သွားနိုင်တယ်” လို့ ဟင်နရီက ထည့်သွင်းပြောပါတယ်။

လမ်းမှာ အစားအသောက်တွေ ခိုးယူခံရမှုကနေ ကာကွယ်နိုင်အောင် စက်ရုပ်တွေမှာ Alarm တွေတပ်ထားပါတယ်။
စက်ရုပ်ရဲ့ အစားအသောက်ထည့်ထား သေတ္တာလေးကိုလည်း ၀ယ်ယူသူတွေက Application နဲ့ ဖွင့်မှသာ ပွင့်မှာဖြစ်ပါတယ်။

အခုလို စက်ရုပ်တွေ ပေါ်လာတာကလည်း လူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းကို ထိခိုက်နိုင်တယ်လို့ အစားအစာများ သယ်ယူပို့ဆောင်ရေးလုပ်နေတဲ့ Door Dash ကုမ္ပဏီက ဆိုပါတယ်။

Door Dash ကုမ္ပဏီက စက်ရုပ်တွေကို စတင်အသုံးပြုပေမယ့် နီးတဲ့နေရာတွေကိုသာ စက်ရုပ်နဲ့ပို့ပြီး ဝေးတဲ့နေရာ၊ ပိုပြီး ရှုပ်ထွေးတဲ့နေရာတွေကိုတော့ ၀န်ထမ်းကို အသုံးပြုတယ်လို့ Door Dash ကုမ္ပဏီက ပြောပါတယ်။

ဒီစက်ရုပ်တွေက အမေရိကန်ပြည်ထောင်စုရှိ မြို့၃ မြို့နဲ့ ဥရောပ မြို့၎ မြို့မှာလည်း စတင်အသုံးပြုနေပြီ ဖြစ်ပါတယ်။