Asus ကနေ ယခုလအစောပိုင်းတုန်းက စွမ်းဆောင်ရည်အကောင်းဆုံးလို့ပြောနိုင်တဲ့ ROG Phone ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ROG Phone ဟာ လက်ရှိအချိန်မှာ စွမ်းဆောင်ရည်အကောင်းဆုံးဖုန်းလို့ ပြောလို့ရတဲ့အပြင် Gaming Phone တွေထဲမှာလည်း အကောင်းဆုံးဖုန်းတစ်ခုဖြစ်လာတာပဲဖြစ်ပါတယ်။

ဒါပေမယ့် Asus က အခု ROG Phone ကို ဈေးကွက်ထဲမှာ လက်ရှိရောင်းချနေတဲ့ Xiaomi Blackshark ၊ Razer Phone တွေနဲ့ ယှဉ်ပြိုင်ဖို့အတွက်တော်တော်လေးကို နာက်ကျပြီးမှ ရောင်းချနိုင်မှာဖြစ်ပါတယ်။

လက်ရှိသိထားတဲ့ သတင်းတွေအရတော့ Asus ဟာ လာမယ့် စက်တင်ဘာလကြမှ ROG Phone ကို အိန္ဒိယဈေးကွက်မှာ ရောင်းချသွားနိုင်မယ်လို့ သိရပါတယ်။ အခုသတင်းကလည်း ကောလဟာလအနေနဲ့ပဲ ရှိနေတာဖြစ်ပြီးတော့ Asus အနေနဲ့ တရားဝင်အတည်ပြုထားခြင်းမရှိသေးပါဘူး။

ဘာပဲဖြစ်ဖြစ် Asus ROG Phone ကို မျှော်လင့်နေတဲ့သူတွေအတွက်ကတော့ တော်တော်ကြာကြာကို စောင့်ဆိုင်းရမယ့်ပုံပါပဲ။