နာမည္ၾကီး အမွတ္တံဆိပ္ေတြ အမ်ားအျပား ရွိေနတဲ့ ဒီဘက္ေခတ္ထဲမွာ စမတ္ဖုန္း အသစ္တစ္လုံး ဝယ္မယ္ဆုိရင္ စဥ္းစားမိမယ့္ အမွတ္တံဆိပ္ေတြက အမ်ားၾကီး ျဖစ္ေနမွာပါ။ ဒါေပမယ့္ ဟိုးအရင္ ဖုန္းေတြ ေပၚခါစကလုိ အင္မတန္ အမာခံအၾကမ္းခံတဲ့ ကိုယ္ထည္နဲ႔ ဖုန္းတစ္လုံးကို လုိခ်င္ရင္ေတာ့ စဥ္းစားရတာ အရင္ကထက္ ပိုခက္ခဲေနပါလိမ့္မယ္။

ဒါေပမယ့္ ေရစိမ္ခံႏုိင္ရုံသာမက မီးအပူဒဏ္ကိုပါ ခံႏုိင္မယ့္ ဖုန္းမ်ဳိး၊ အုတ္နံရံကို ပစ္ေပါက္ျပီး ျပန္ေကာက္သုံးလို႔ရမယ့္ ဖုန္းမ်ဳိး ဆုိရင္ေရာ ? အခုအသစ္ ထြက္လာတဲ့ Nomu S50 Pro စမတ္ဖုန္းအသစ္ရဲ႕ အဓိက Feature ကေတာ့ သူ႕ကိုယ္ထည္ရဲ႕ မာေၾကာအၾကမ္းခံႏုိင္မႈ၊ ဒဏ္ေပါင္းစုံ ခံႏုိင္မႈပါပဲ။

ပုံထဲမွာ ျမင္ရတဲ့အတုိင္း Nomu S50 Pro ရဲ႕ ဒီဇုိင္းကကို အၾကမ္းခံဖုန္းကာဗာ အထူၾကီးတစ္ခု တပ္ထားသလိုပါပဲ။ အျမင္ပုိင္းသာမဟုတ္ဘဲ ဒီဟန္းဆက္ဟာ IP68, IP69K နဲ႔ MIL-STD-810G ဆာတီဖီကိတ္ ေတြပါ ပိုင္ဆုိင္ထားတယ္။ အဓိပၸါယ္ကေတာ့ Nomu S50 Pro ဟာ ႏွစ္မီတာနက္တဲ့ ေရေအာက္မွာ တစ္နာရီၾကာ ရွင္သန္ႏုိင္တယ္၊ ႏွစ္မီတာနီးပါးက ပစ္ခ်တဲ့ဒဏ္ကို ခံႏုိင္တယ္၊ ျပီးေတာ့ ဖုန္ဒဏ္ကို လုံးဝခံႏုိင္ရည္ ရွိတယ္ ဆုိတဲ့ သေဘာပါပဲ။

Nomu S50 Pro ရဲ႕ ေရွ႕ပုိင္းကေတာ့ 5.72” လက္မအရြယ္ Display ကိုမွ 18:9 အခ်ဳိး၊ 720x 1440p Resolution ျဖစ္တယ္။ ဆယ္လ္ဖီကင္မရာက 8MP ျဖစ္ျပီး ေက်ာဘက္အဓိက ကင္မရာကေတာ့ 16MP ျဖစ္ပါတယ္။ သူ႕ရဲ႕ေရစိမ္ခံႏုိင္စြမ္းနဲ႔ ေပါင္းစပ္လုိက္တဲ့အခါ ေရေအာက္မွာပါ ဓါတ္ပုံရုိက္ႏုိင္တဲ့ ဖုန္းတစ္လုံး ျဖစ္လာတယ္။

ကိုယ္ထည္ကို အထူးရာဘာ၊ သတၳဳနဲ႔ ပလပ္စတစ္တုိ႔ ေပါင္းစပ္တည္ေဆာက္ထားတာ ျဖစ္တယ္။ ဒါ့ေၾကာင့္ ကိုင္ၾကည့္လုိက္ရင္လည္း ထူးျခားျပီး စီးပုိင္တဲ့ အေတြ႕အၾကဳံကို ရရွိေစမွာ ျဖစ္ပါတယ္။ S50 Pro ဟာ အၾကမ္းခံႏုိင္ရုံသာမက အျမင့္စား စမတ္ဖုန္းေတြမွာ ေတြ႕ရတတ္တဲ့ Feature ေတြကိုလည္း မပ်က္မကြက္ ထည့္သြင္းထားတယ္။

ေက်ာဘက္မွာ Fingerprint ဆင္ဆာပါျပီး မ်က္ႏွာသိမွတ္ Unlock စနစ္လည္း ထည့္ေပးထားတယ္။ ဒီဖုန္းကို သုံးစြဲတဲ့ သူေတြဟာ အၾကမ္းပတမ္း လုပ္ကိုင္သြားလာေနရတဲ့ အေျခအေနမွာလည္း သက္ေတာင့္ သက္သာ သုံးစြဲႏုိင္ေအာင္ ဖန္တီးထားတဲ့ အေျခအေန ျဖစ္ပါတယ္။

အတြင္းမွာ Octa-Core MTK6763 CPU နဲ႔ 4GB RAM မန္မုိရီတုိ႔ ပါဝင္တယ္။ Storage ပမာဏကေတာ့ 64GB ျဖစ္ျပီး MicroSD နဲ႔ တုိးခ်ဲ႕လုိ႔လည္း ရပါတယ္။ ဘကၳရီအားက 5000 mAh ေတာင္ျဖစ္ျပီး အၾကမ္းခံတဲ့ အထဲမွာ ဘကၳရီလည္း ပါတယ္။ ေစ်းႏႈန္းကို ေဒၚလာ ၄၀၀ သတ္မွတ္ထားျပီး လက္ရွိ Nomu ဝက္ဘ္ဆုိက္မွာ ေဒၚလာ ၂၀၀ ေက်ာ္ျဖင့္ ေစ်းေလ်ာ့ေရာင္းခ်တာကို ေတြ႕ရပါတယ္။

Ref – Android Authority

Unicode

နာမည်ကြီး အမှတ်တံဆိပ်တွေ အများအပြား ရှိနေတဲ့ ဒီဘက်ခေတ်ထဲမှာ စမတ်ဖုန်း အသစ်တစ်လုံး ဝယ်မယ်ဆိုရင် စဉ်းစားမိမယ့် အမှတ်တံဆိပ်တွေက အများကြီး ဖြစ်နေမှာပါ။ ဒါပေမယ့် ဟိုးအရင် ဖုန်းတွေ ပေါ်ခါစကလို အင်မတန် အမာခံအကြမ်းခံတဲ့ ကိုယ်ထည်နဲ့ ဖုန်းတစ်လုံးကို လိုချင်ရင်တော့ စဉ်းစားရတာ အရင်ကထက် ပိုခက်ခဲနေပါလိမ့်မယ်။

ဒါပေမယ့် ရေစိမ်ခံနိုင်ရုံသာမက မီးအပူဒဏ်ကိုပါ ခံနိုင်မယ့် ဖုန်းမျိုး၊ အုတ်နံရံကို ပစ်ပေါက်ပြီး ပြန်ကောက်သုံးလို့ရမယ့် ဖုန်းမျိုး ဆိုရင်ရော ? အခုအသစ် ထွက်လာတဲ့ Nomu S50 Pro စမတ်ဖုန်းအသစ်ရဲ့ အဓိက Feature ကတော့ သူ့ကိုယ်ထည်ရဲ့ မာကြောအကြမ်းခံနိုင်မှု၊ ဒဏ်ပေါင်းစုံ ခံနိုင်မှုပါပဲ။

ပုံထဲမှာ မြင်ရတဲ့အတိုင်း Nomu S50 Pro ရဲ့ ဒီဇိုင်းကကို အကြမ်းခံဖုန်းကာဗာ အထူကြီးတစ်ခု တပ်ထားသလိုပါပဲ။ အမြင်ပိုင်းသာမဟုတ်ဘဲ ဒီဟန်းဆက်ဟာ IP68, IP69K နဲ့ MIL-STD-810G ဆာတီဖီကိတ် တွေပါ ပိုင်ဆိုင်ထားတယ်။ အဓိပ္ပါယ်ကတော့ Nomu S50 Pro ဟာ နှစ်မီတာနက်တဲ့ ရေအောက်မှာ တစ်နာရီကြာ ရှင်သန်နိုင်တယ်၊ နှစ်မီတာနီးပါးက ပစ်ချတဲ့ဒဏ်ကို ခံနိုင်တယ်၊ ပြီးတော့ ဖုန်ဒဏ်ကို လုံးဝခံနိုင်ရည် ရှိတယ် ဆိုတဲ့ သဘောပါပဲ။

Nomu S50 Pro ရဲ့ ရှေ့ပိုင်းကတော့ 5.72” လက်မအရွယ် Display ကိုမှ 18:9 အချိုး၊ 720x 1440p Resolution ဖြစ်တယ်။ ဆယ်လ်ဖီကင်မရာက 8MP ဖြစ်ပြီး ကျောဘက်အဓိက ကင်မရာကတော့ 16MP ဖြစ်ပါတယ်။ သူ့ရဲ့ရေစိမ်ခံနိုင်စွမ်းနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ရေအောက်မှာပါ ဓါတ်ပုံရိုက်နိုင်တဲ့ ဖုန်းတစ်လုံး ဖြစ်လာတယ်။

ကိုယ်ထည်ကို အထူးရာဘာ၊ သတ္ထုနဲ့ ပလပ်စတစ်တို့ ပေါင်းစပ်တည်ဆောက်ထားတာ ဖြစ်တယ်။ ဒါ့ကြောင့် ကိုင်ကြည့်လိုက်ရင်လည်း ထူးခြားပြီး စီးပိုင်တဲ့ အတွေ့အကြုံကို ရရှိစေမှာ ဖြစ်ပါတယ်။ S50 Pro ဟာ အကြမ်းခံနိုင်ရုံသာမက အမြင့်စား စမတ်ဖုန်းတွေမှာ တွေ့ရတတ်တဲ့ Feature တွေကိုလည်း မပျက်မကွက် ထည့်သွင်းထားတယ်။

ကျောဘက်မှာ Fingerprint ဆင်ဆာပါပြီး မျက်နှာသိမှတ် Unlock စနစ်လည်း ထည့်ပေးထားတယ်။ ဒီဖုန်းကို သုံးစွဲတဲ့ သူတွေဟာ အကြမ်းပတမ်း လုပ်ကိုင်သွားလာနေရတဲ့ အခြေအနေမှာလည်း သက်တောင့် သက်သာ သုံးစွဲနိုင်အောင် ဖန်တီးထားတဲ့ အခြေအနေ ဖြစ်ပါတယ်။

အတွင်းမှာ Octa-Core MTK6763 CPU နဲ့ 4GB RAM မန်မိုရီတို့ ပါဝင်တယ်။ Storage ပမာဏကတော့ 64GB ဖြစ်ပြီး MicroSD နဲ့ တိုးချဲ့လို့လည်း ရပါတယ်။ ဘက္ထရီအားက 5000 mAh တောင်ဖြစ်ပြီး အကြမ်းခံတဲ့ အထဲမှာ ဘက္ထရီလည်း ပါတယ်။ ဈေးနှုန်းကို ဒေါ်လာ ၄၀၀ သတ်မှတ်ထားပြီး လက်ရှိ Nomu ဝက်ဘ်ဆိုက်မှာ ဒေါ်လာ ၂၀၀ ကျော်ဖြင့် ဈေးလျော့ရောင်းချတာကို တွေ့ရပါတယ်။

Ref – Android Authority