Samsung Account ကို ဖုန်းထဲမှာ ဖွင့်ထားပါ။

Samsung ဖုန်းတွေကို ၀ယ်ပြီးတာနဲ့ Samsung Find My Mobile Service မှာ ကိုယ့်ဖုန်းနဲ့ ဆက်စပ်နေတဲ့ Samsung Account ဖွင့်ထားဖို့ လိုအပ်ပါတယ်။ ဒါမှ ဖုန်းပျောက်တဲ့အခါမှာ ပြန်လည် ရှာဖွေလို့ရမှာဖြစ်ပါတယ်။

Samsung Find My Mobile App ထဲမှာ “Sign In” ဆိုတာကို နှိပ်လိုက်ပါ။ “Create New Account” ကိုနှိပ်ပါ။ လိုအပ်တဲ့အချက်အလက်တွေကိုဖြည့်ပြီး Samsung Account ကို လုပ်လို့ရပါပြီ။

Remote Controls ကို Enable လုပ်ထားပါ။

Find My Mobile Services ကို ဖုန်းပျောက်တဲ့အခါမှာ သုံးချင်ရင် စမတ်ဖုန်းထဲမှာ အမြဲတမ်း Enable လုပ်ထားဖို့လိုပါတယ်။

Find My Mobile Website ကို ဖွင့်ပါ။

Web Browser တစ်ခုကနေ Find My Mobile Website ကို ဖွင့်လိုက်ပါ။ ကိုယ့် Samsung Account ကို တောင်းပါလိမ့်မယ်။ အဲ့ဒီမှာ ကိုယ်ဖြည့်လိုက်တဲ့ Account က ကိုယ်ပျောက်နေတဲ့ဖုန်းရဲ့ အကောင့်ဖြစ်ဖို့ လိုအပ်ပါတယ်။

ကိုယ့်ဖုန်းတည်နေရာကို ရှာပါ။

“Locate My Device” ဆိုတဲ့ ခလုတ်လေးကို နှိပ်ပြီး ကိုယ့်ဖုန်းတည်နေရာကို ရှာလို့ရပါတယ်။ မြေပုံက သူသိရှိခဲ့တဲ့ ကိုယ့်ဖုန်းနောက်ဆုံး ရှိခဲ့တဲ့နေရာကို ပြသပါလိမ့်မယ်။

ဖုန်းမြည်ခိုင်းခြင်း။

ကိုယ့်အနီးအနားမှာဘဲ ပျောက်နေတယ်ဆိုရင် ဖုန်းကို မြည်ခိုင်းပြီးပြန်ရှာလို့ရပါတယ်။

ဖုန်းခေါ်ထားတဲ့ စာရင်းကို ကြည့်နိုင်ခြင်း။

မကြာသေးခင်ကမှ ခေါ်ထားတဲ့ Call Logs တွေကို ကြည့်နိုင်ပါတယ်။ ဒါက ကိုယ့် ဖုန်းကို တခြားဘယ်သူတွေ ခိုးသုံးပြီး ဘယ်ကို ဆက်ထားလဲဆိုတာ သိနိုင်ပါတယ်။

ဖုန်းကို Lock ချခြင်း။

ကိုယ့်ဖုန်းထဲမှာရှိတဲ့အချက်အလက်တွေကို ၀င်ရောက်ကြည့်လို့မရအောင် ကိုယ့်ဖုန်းကို Lock လှမ်းချတာဖြစ်ပါတယ်။

အချက်အလက်တွေ ဖျက်ခြင်း။

ဒီ Option ကတော့ ကိုယ့်ဖုန်းထဲမှာရှိတဲ့ အချက်အလက်တွေကို လုံးဝ ဖျက်ပစ်တာဘဲဖြစ်ပါတယ်။ ဒီ Option မသုံးခင်တော့ သတိထား စဉ်းစားသင့်ပါတယ်။ ဖျက်တဲ့နေရာမှာလည်း Media Storage ထဲကဟာကိုဘဲ ဖျက်မလား၊ ဒါမှမဟုတ် ဖုန်းအသစ်တစ်လုံးလိုမျိုး အားလုံးကို ဖျက်မလားဆိုတာ ရွေးချယ်နိုင်ပါတယ်။