Samsung Myanmar မှ ၎င်းတို့၏ ရောင်းအားအကောင်းဆုံး Galaxy Series ၏ ဖုန်းအသစ်ဖြစ်သည့် Galaxy J7 Duo အား မေလ ၅ရက်၊ ၂၀၁၈ ခုနှစ် တွင် မိတ်ဆက်လိုက်သည်။ Galaxy J သည် မြန်မာနိုင်ငံ မိုဘိုင်းဖုန်းအသုံးပြုသူများအကြား အထူးရေပန်းစားသည့် ဖုန်း Series များထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။

အဆိုပါ J Series အဖွဲ့ဝင် Galaxy J7 Duo တွင် 13MP နှင့် 5MP ကင်မရာနှစ်လုံးပါရှိသည့် အနောက်ကင်မရာနှင့်အတူ 8MP အရှေ့ကင်မရာ ပါဝင်သည်။ အနောက်ကင်မရာ ၂ ခုလုံးတွင် f/1.9 aperture နှင့် LED Flash တို့ပါဝင်သောကြောင့် Galaxy J7 Duo အား  အလင်းရောင်အားနည်းချိန်တွင် ဓါတ်ပုံရိုက်ကူးနိုင်သည့် အကောင်းမွန်ဆုံး စမတ်ဖုန်းတစ်လုံး ဖြစ်စေသည်။

“မြန်မာနိုင်ငံမှာ ဦးဆောင်နေတဲ့ စမတ်ဖုန်း အမှတ်တံဆိပ်တစ်ခု အနေနဲ့ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာရှိတဲ့ ဖုန်း သုံးစွဲသူတွေရဲ့စိတ်ကို ဖမ်းစားနိုင်တဲ့ Galaxy J Series ကို နောက်ထပ်တစ်ဆင့် ဆန်းသစ်ပြောင်းလဲဖို့ ကြိုးပမ်းနေပါတယ်။ သက်သာတဲ့ ဈေးနှုန်းနဲ့ Galaxy J7 Duo မှာ Dual Camera ကို မိတ်ဆက်ပေးပြီး ကျွန်တော်တို့ သုံးစွဲသူတွေရဲ့ အသံကိုအမြဲနားထောင်ပြီးတော့ သူတို့ရဲ့နေ့စဉ်ဘဝတွေကို ကူညီပံပိုးနိုင်တဲ့ အဓိပ္ပါယ်ရှိပြီး ဆန်းသစ်ပြောင်းလဲမူတွေကို ယူဆောင်လာပေးတယ်ဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။”ဟု Samsung Myanmar ၏ Head of IT and Mobile ဖြစ်သူ ကိုဇာနည်ဝင်းထက် မှပြောကြားခဲ့သည်။

အသုံးပြုသူများသည် Galaxy J7 Duo တွင်ပါရှိသော 8MP အရှေ့ကင်မရာဖြင့် အံ့အားသင့်ဖွယ် Selfies များကို ရိုက်ကူးနိုင်မည်ဖြစ်သည်။ f/1.9 aperture နှင့် LED Flash များပါဝင်သောကြောင့် အလင်းရောင်အားနည်းသော နေရာများတွင် ကြည်လင်ပြတ်သားသော Selfies ပုံများကို ရိုက်ကူးစေနိုင်မည် ဖြစ်သည်။ ရှေ့ကင်မရာတွင်လည်း ဆန်းသစ်သော လုပ်ဆောင်ချက်များဖြစ်သည့် – နောက်ခံကိုဝါးသွားစေတဲ့ Selfie Focus Mode နှင့် မည်သည့် Selfie ပုံကိုမဆို ပြီးပြည့်စုံသော ရိုက်ချက်များအဖြစ် ပံ့ပိုးပေးနိုင်သော Beauty Mode တို့လည်းပါဝင်သည်။ Galaxy J7 Duo တွင် အသုံးပြုသူများအတွက် လွယ်ကူစွာဖြင့် Unlock ဖွင့်နိုင်သော Face Unlock feature လည်းပါဝင်လာပါသည်။

“Samsung Galaxy J7 Duo ကဖွေးကို အလင်းရောင်အားနည်းတဲ့နေရာတွေ အမှောင်ထဲမှာတောင်မှ သူရဲ့ အရှေ့ LED  နဲ့ Selfie Flashes တွေကြောင့် ပိုပြီးတိကျပြတ်သားပြီး ထင်ရှားတဲ့ Selfie တွေကိုရယူစေနိုင်ပါတယ်။ ရိုးရှင်းလွယ်ကူတဲ့ လက်အနေအထားနဲ့လဲ ဓာတ်ပုံ ရိုက်ကူးမယ့် ခလုတ်ကို ကိုင်တွယ်နိုင်ပါတယ်။ ဒီဖုန်းက အကောင်းဆုံးဝတ်စုံနဲ့ ဓာတ်ပုံရိုက်တာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့လျှောက်လည်တာ ဒါမှမဟုတ် အကြိုက်ဆုံး အစားအစာတွေရဲ့ ပုံတွေရိုက်တာမျိုးပဲဖြစ်ဖြစ် ဘဝရဲ့အထူးအဆန်း အခိုက်အတန့်လေးတွေကို မှတ်တမ်းရယူတဲ့ အခါမျိုးမှာဖွေးရဲ့ သူငယ်ချင်းကောင်းတစ်ယောက်က အနားမှာ အမြဲကူညီဖို့ ရှိပေးနေသလိုပါပဲ။ ဒီဖုန်းက ဖွေးကို စိတ်ပျက်စေမယ့်ဖုန်း မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူကဖွေးကို အမြဲဆက်သွယ်နေနိုင်ဖို့နဲ့ ဖွေးရဲ့ လှပတဲ့ဓာတ်ပုံတွေထဲကမှ အကောင်းဆုံးတွေကို ရယူနိုင်ဖို့ ကူညီပေးနေမှာမို့လို့ပါ။” ဟု့ Samsung Myanmar ၏ Brand Ambassador ဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဖွေးဖွေးမှ ပြောကြားခဲ့သည်။

Samsung ကြိုက်နှစ်သက်သူများသည် Galaxy J7 Duo ဖြင့် Live Focus နှင့် အနောက်ခံ ပုံရိပ်အား ဝါးပေးနိုင်သည့် (Background Blur Shape) လုပ်ဆောင်ချက်များအား ရရှိနိုင်မည်ဖြစ်သည်။ ယခုခေတ်လူငယ်များသည် ဓါတ်ပုံများကို Social Media များတွင် မဝေမျှမီ  စိတ်တိုင်းကျ ပြင်ဆင်လာကြသည်ဟူသော လေ့လာတွေရှိချက်များ အရ အဆိုပါ လုပ်ဆောင်ချက်များအား ထည့်သွင်းပေးထားခြင်း ဖြစ်သည်။  Flagship ဖုန်းများတွင်သာ ပါလေ့ရှိသည့် Live Focus လုပ်ဆောင်ချက် နှင့်အတူ ဖုန်းအသုံးပြုသူများသည် နောက်ခံပုံရိပ်အား ဝါးထားသည့် ရင်သပ်ရှုမောဖွယ်ကောင်းသော Portrait ပုံကို  ရိုက်ကူးနိုင်မည် ဖြစ်သည်။ ဓါတ်ပုံရိုက်ကူးနေစဉ် သို့မဟုတ် ရိုက်ကူးပြီးချိန်တွင် Dual Camera မှ နောက်ခံပုံရိပ် အား ဝါးသွားအောင် ကူညီပံ့ပိုးပေးမည် ဖြစ်ပြီး Portrait ပုံအား ပိုမိုပေါ်လွင်လာစေမည် ဖြစ်သည်။ ထို့အပြင် နောက်ခံပုံရိပ်အား ဝါးသွားအောင် ပြုလုပ်ထားသည့် ပုံရိပ်အား ပိုမို အသက်ဝင်လာစေရန် နောက်ခံပုံရိပ်အား မတူညီသော soft light effect များ ထည့်သွင်းနိုင်မည် ဖြစ်သည်။ အဆိုပါ လုပ်ဆောင်ချက်များးသည် Samsung Galaxy J7 Duo အား စမတ်ဖုန်းတစ်လုံးဖြင့် သူတို့၏ နေထိုင်မှုဘဝပုံစံများကို မျှဝေလိုသူများ ဖြစ်သည့် မြန်မာနိုင်ငံရှိ မျိုးဆက်သစ် အလှအပနှင့် ဖက်ရှင် ကျွမ်းကျင်ပညာရှင်များအပါအဝင်  အစားအသောက်ကြိုက်နှစ်သက်သူများ အတွက်  ပြီးပြည့်စုံသည့် အဖော်မွန်ကောင်း ဖြစ်စေနိုင်မည် ဖြစ်သည်။

Galaxy J7 Duo သည် အကောင်းဆုံး Hardware နှင့် Software တို့ဖြင့် ပေါင်းစပ်ပြုလုပ်ထားပြီး Exynos 7 Series Processor၊ 3GB RAM နှင့် သိုလှောင်နိုင်စွမ်း 32GB အထိ ပါဝင်ကာ  256 GBအထိ ဝင်ဆံ့ကာ microSD card အား ထည့်သွင်းအသုံးပြုနိုင်မည် ဖြစ်သည်။ Galaxy J7 Duo တွင် ပါဝင်သည့် ၅.၅ လက်မ အရွယ်အစားရှိ HD Super AMOLED မျက်နှာပြင် သည် ဖုန်းအသုံးပြုသူများကို အကောင်းဆုံးမြင်ကွင်းအတွေ့အကြုံကို ပေးစွမ်းနိုင်မည် ဖြစ်ပြီး 3,000 mAh ဘက်ထရီသည် လုပ်ဆောင်မှုများ ပိုမိုလုပ်ဆောင်နိုင်စေမည် ဖြစ်သည်။

Galaxy J7 Duo ဖြင့် ဖုန်းအသုံးပြုသူများသည် App နှစ်ခုကို တပြိုင်နက် အလုပ်လုပ်နိုင်မည့် the App Pair လုပ်ဆောင်ချက်အား အသုံးပြုနိုင်မည် ဖြစ်ပြီး နောက်ဆုံးထွက်ရှိထားသည့် Operating System – Android Oreo ပါဝင်လာမည် ဖြစ်သည်။

Galaxy J7 Duo စမတ်ဖုန်းသစ်အား အပြာရောင်၊ အနက်ရောင် နှင့် ရွှေရောင် အစရှိသဖြင့် အရောင် သုံး ရောင် ရွေးချယ်နိုင်မည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ Samsung အရောင်းပြခန်း နှင့် အရောင်းဆိုင်ကြီးများတွင် ၂၀၁၈ ခုနှစ် မေလ ၅ ရက်နေ့မှ စတင်၍ ဈေးနှုန်း ၃၄၇,၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။

အဆိုပါ စမတ်ဖုန်းသစ် စတင်မိတ်ဆက်ခြင်းနှင့်အတူ Samsung Myanmar သည် တယ်လီနော နှင့် ပူးပေါင်း၍ Galaxy J7 Duo ဝယ်ယူသုံးစွဲသူများအား မေလ ၉ ရက်နေ့မှ စတင်၍ လစဉ် ဖုန်းငွေဖြည့်ကဒ် ၃,၀၀၀ ကျပ် ဖြည့်သွင်းလျှင် အင်တာနက်လက်ဆောင် 500MB အားလည်းကောင်း၊ ၅,၀၀၀ ကျပ် ဖြည့်လျှင် 1GB အား လည်းကောင်း၊ ၁၀,၀၀၀ ကျပ်ဖြည့်လျှင် 2GB အားလည်းကောင်း ၁၂ လ ဆက်တိုက်ရရှိမည်ဖြစ်သည်။ အထက်ပါ အင်တာနက် လက်ဆောင်များအား တစ်လလျှင် တစ်မျိုးသာ ရွေးချယ်အသုံးပြုနိုင်မည် ဖြစ်သည်။