[Zawgyi]

ေတာင္ကုိရီးယားမီဒီယာတစ္ခုျဖစ္တဲ့ ETNews မွ ယေန႔မွာ Samsung ကုမၸဏီရဲ႕ ပထမဆုံး 5G နက္ဝပ္ အသုံးျပဳႏုိင္မယ့္ဖုန္းအား Galaxy S10 X ဟု အမည္ေပးလာမွာျဖစ္ေၾကာင္း ထုတ္ေဖာ္လာခဲ့ပါတယ္။ ဒီနာမည္က “X” ဟာ အားလုံးသိတဲ့အတုိင္း နံပါတ္တစ္ဆယ္ကို ကိုယ္စားျပဳတာေၾကာင့္ Galaxy ထုတ္ကုန္ေတြ ဆယ္ႏွစ္ျပည့္ အထိမ္းအမွတ္ကို ရည္ညႊန္းတာျဖစ္သလို၊ “Experience” အေတြ႕အၾကဳံ သုိ႔မဟုတ္ “Expand” ျဖန္႔က်က္ျခင္း လုိ႔လည္း အဓိပၸါယ္ရေၾကာင္း ေဖာ္ျပထားခဲ့ပါတယ္။

အျခား Galaxy S10 ထုတ္ကုန္ေတြ မတ္လအေစာပုိင္းမွာ ေစ်းကြက္ထဲေရာက္လာၿပီးမွ 5G ဖုန္းအသစ္ကို ေတာင္ကိုရီးယား၌ မတ္လေႏွာင္းပိုင္းမွာေရာင္းခ်လာဖို႔ ျဖစ္ႏုိင္ပါတယ္။ သူ႕ရဲ႕တန္ဖုိးကေတာ့ အေမရိကန္ေဒၚလာ ၁၄၂၅ မွ ၁၆၀၀ (ျမန္မာေငြ ၂၁ သိန္းေက်ာ္မွ ၂၄ သိန္းေက်ာ္) အတြင္း ျဖစ္မွာပါ။

MWC မွာ ဒီဖုန္းအတြက္ သီးသန္႔မိတ္ဆက္ပြဲကို က်င္းပသြားမယ့္ အရိပ္အေယာင္ေတာ့ မျမင္ရပါဘူး။ ဒါေၾကာင့္ ဒီဖုန္းဟာ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔မွာပဲ LTE နက္ဝပ္အေျခခံ S10 ေမာ္ဒယ္သုံးမ်ဳိး၊ Galaxy Foldable ဖုန္းတုိ႔နဲ႔အတူ တစ္ပါတည္း မိတ္ဆက္ထုတ္ေဖာ္လာမယ္လို႔ ယူဆရတယ္။

Samsung Galaxy S10 X မွာ 6.7” လက္မအရြယ္ Display ပါဝင္လာမွာျဖစ္ၿပီး Fingerprint ကလည္း Display အတြင္းမွာ ပါဝင္လာမွာပါ။ ေနာက္ဘက္မွာ ကင္မရာေလးလုံး၊ ေရွ႕ဘက္မွာ ကင္မရာႏွစ္လုံးနဲ႔ 5,000 mAh ဘကၳရီတုိ႔ ထည့္သြင္းလာမွာျဖစ္တယ္။ မန္မုိရီကေတာ့ အနည္းဆုံး 10GB RAM မန္မုိရီနဲ႔ 512GB Storage တုိ႔ ျဖစ္ႏုိင္ပါတယ္။

Ref – GSM Arena

[Unicode]

တောင်ကိုရီးယားမီဒီယာတစ်ခုဖြစ်တဲ့ ETNews မှ ယနေ့မှာ Samsung ကုမ္ပဏီရဲ့ ပထမဆုံး 5G နက်ဝပ် အသုံးပြုနိုင်မယ့်ဖုန်းအား Galaxy S10 X ဟု အမည်ပေးလာမှာဖြစ်ကြောင်း ထုတ်ဖော်လာခဲ့ပါတယ်။ ဒီနာမည်က “X” ဟာ အားလုံးသိတဲ့အတိုင်း နံပါတ်တစ်ဆယ်ကို ကိုယ်စားပြုတာကြောင့် Galaxy ထုတ်ကုန်တွေ ဆယ်နှစ်ပြည့် အထိမ်းအမှတ်ကို ရည်ညွှန်းတာဖြစ်သလို၊ “Experience” အတွေ့အကြုံ သို့မဟုတ် “Expand” ဖြန့်ကျက်ခြင်း လို့လည်း အဓိပ္ပါယ်ရကြောင်း ဖော်ပြထားခဲ့ပါတယ်။

အခြား Galaxy S10 ထုတ်ကုန်တွေ မတ်လအစောပိုင်းမှာ ဈေးကွက်ထဲရောက်လာပြီးမှ 5G ဖုန်းအသစ်ကို တောင်ကိုရီးယား၌ မတ်လနှောင်းပိုင်းမှာရောင်းချလာဖို့ ဖြစ်နိုင်ပါတယ်။ သူ့ရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁၄၂၅ မှ ၁၆၀၀ (မြန်မာငွေ ၂၁ သိန်းကျော်မှ ၂၄ သိန်းကျော်) အတွင်း ဖြစ်မှာပါ။

MWC မှာ ဒီဖုန်းအတွက် သီးသန့်မိတ်ဆက်ပွဲကို ကျင်းပသွားမယ့် အရိပ်အယောင်တော့ မမြင်ရပါဘူး။ ဒါကြောင့် ဒီဖုန်းဟာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာပဲ LTE နက်ဝပ်အခြေခံ S10 မော်ဒယ်သုံးမျိုး၊ Galaxy Foldable ဖုန်းတို့နဲ့အတူ တစ်ပါတည်း မိတ်ဆက်ထုတ်ဖော်လာမယ်လို့ ယူဆရတယ်။

Samsung Galaxy S10 X မှာ 6.7” လက်မအရွယ် Display ပါဝင်လာမှာဖြစ်ပြီး Fingerprint ကလည်း Display အတွင်းမှာ ပါဝင်လာမှာပါ။ နောက်ဘက်မှာ ကင်မရာလေးလုံး၊ ရှေ့ဘက်မှာ ကင်မရာနှစ်လုံးနဲ့ 5,000 mAh ဘက္ထရီတို့ ထည့်သွင်းလာမှာဖြစ်တယ်။ မန်မိုရီကတော့ အနည်းဆုံး 10GB RAM မန်မိုရီနဲ့ 512GB Storage တို့ ဖြစ်နိုင်ပါတယ်။

Ref – GSM Arena