Zawgyi
Ref:gadgets.ndtv
Unicode
Samsung ရဲ့ ပထမဦးဆုံး Android Go စမတ်ဖုန်း User Manual ထွက်ပေါ်လာ
Samsung အနေနဲ့ သူတို့ရဲ့ ပထမဦးဆုံး Android Go စမတ်ဖုန်းရဲ့ User Manual ကို Samsung Russia ဝက်ဆိုက်ကနေ တစ်ဆင့် လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ User Manual မှာ ပါဝင်တဲ့ အချက်အလက်တွေအရ ဆိုရင် အဆိုပါ စမတ်ဖုန်းရဲ့ မော်ဒယ်နံပါတ်ဟာ SM-J260F ဖြစ်ပြီး Android Go Application တွေဖြစ်တဲ့ Files Go, Maps Go နဲ့ Google Go စတဲ့ Apps များ ပါဝင်နေတာ တွေ့ရပါတယ်။ တချိူ့သော ကျွမ်းကျင်ပညာရှင်များကတော့ မော်ဒယ်နံပါတ် SM-J260F ဟာ Galaxy J2 Core အမည်နဲ့ ပွဲထွက်လာနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းပြောဆိုထားကြပါတယ်။
အဆိုပါ Android Go စမတ်ဖုန်းဟာ MicroSD Card slot နဲ့ SIM Card slot တွေကို သပ်သပ်စီခွဲထည့်ထားပြီး Battery pack ကိုလည်း အဖြုတ်အတပ် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Samsung Android Go စမတ်ဖုန်းရဲ့ Display အပိုင်းအတွက် ၅လက်မ မျက်နှာပြင် အကျယ်ရှိ Super AMOLED Display ကို အသုံးပြုထားနိုင်ပါတယ်။ Processor အပိုင်းအတွက် 1.4GHz ရှိတဲ့ Exynos 7570 (Quad-core) SoC ကိုအသုံးပြုထားနိုင်ပြီး RAM အနေနဲ့ 1GB ပါဝင်နိုင်ပါတယ်။ Memory Storage ကိုတောာ့ 16GB ထည့်သွင်းထားနိုင်ပြီး MicroSD Card slot လည်း ပါဝင်မှာ ဖြစ်ပါတယ်။
နောက်ကျောဘက် ကင်မရာ အပိုင်းအတွက် 8MP Camera ကို တပ်ဆင်ထားနိုင်ပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 5MP Camera ကို တပ်ဆင်ထားနိုင်ပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 2600mAh ထည့်သွင်းထားနိုင်ပြီး SM-J260F, SM-J260G နဲ့ SM-J260M ဆိုပြီး မော်ဒယ် ၃မျိူး ထုတ်လုပ်ရောင်းချသွားနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။
Ref:gadgets.ndtv