Zawgyi

Samsung ရဲ႕ ၂၀၁၉ အတြက္ Original Flagship Series ျဖစ္တဲ့ S Series ရဲ႕ ေနာက္ဆုံးထြက္ဖုန္းတစ္လုံး ျဖစ္လာမယ့္ GALAXY S10 ကို မိတ္ဆက္မယ့္ရက္ကို Samsung ကေနၿပီး တရားဝင္ ေၾကညာလိုက္ပါၿပီ။ ၂၀၁၈ ကုန္လို႔ ၂၀၁၉ ေရာက္လာကတည္းက GALAXY S10 ကို မိတ္ဆက္မယ့္ရက္ဟာ ဇန္နဝါရီ အေစာပိုင္းလိုလို ေဖေဖာ္ဝါရီအကုန္မွာလိုလို သတင္းေတြထြက္ေပၚခဲ့ေပမယ့္ မၾကာေသးခင္ကပဲ တရားဝင္မိတ္ဆက္မယ့္ေန႕ကိုသိလိုက္ရပါၿပီ။ GALAXY S10 ကို ေဖေဖာ္ဝါရီ ၂၀ မွာ တရားဝင္မိတ္ဆက္မွာပါ။

Unpacked 2019 လို႔နာမည္ေပးထားတဲ့ အဆိုပါ Event ကို အေမရိကန္ ဆန္ဖရန္စစ္စကို ၿမိဳ႕မွာ က်င္းပမွာျဖစ္ၿပီး GALAXY S10 နဲ႕အတူ “10 Years of Innovations” လို႔ေခၚတဲ့ GALAXY S ဖုန္းေတြရဲ႕ ဆယ္ႏွစ္ျပည့္ အထိန္းအမွတ္ပြဲကိုပါ က်င္းပမွာပါ။ အဆိုပါ ပြဲမွာ GALAXY S10 အမ်ိဳးအစားသုံးမ်ိဳးကို မိတ္ဆက္သြားနိုင္ပါတယ္။ ပုံမွန္ထုတ္ေနက်အတိုင္း ရိုးရိုး GALAXY S10, S10+ နဲ႕ စြမ္းေဆာင္ရည္အနည္းငယ္နိမ့္တဲ့ S10 Lite တို႔ျဖစ္နိုင္ပါတယ္။ ဒါ့အျပင္ 5G ကြန္ရက္ အေထာက္အပံ့ေပးမယ့္ S10 Pro ပါမိတ္ဆက္သြားနိုင္တယ္လို႔ ခန႔္မွန္းေနၾကေပမယ့္ S10 Pro ကို မတ္လကုန္ေလာက္မွာပဲ ေတြ႕ရဖို႔မ်ားပါတယ္။

GALAXY S10 နဲ႕ပက္သက္ၿပီး ထူးျခားခ်က္ေတြကေတာ့ Punch Hole Display နဲ႕ အတူ In-Display Fingerprint Scanner ေတြပါပဲ။ စြမ္းေဆာင္ရည္ပိုင္းအတြက္ကေတာ့ Exynos 9820 SoC နဲ႕ Snapdragon 855 SoC ေတြကို ေနရာေဒသေပၚလိုက္ၿပီး အသုံးျပဳေပးသြားမွာပါ။ One UI လို႔ေခၚတဲ့ SAMSUNG ကိုယ္ပိုင္ Android Pie အေျခခံ Operating System တစ္မ်ိဳးကို အသုံးျပဳေပးသြားမွာပါ။ အဲ့အျပင္ Google ရဲံ NightSight လိုမ်ိဳး ညဘက္ပုံေကာင္းေတြထြက္ဖို႔ Bright Night လို႔ေခၚတဲ့ နည္းပညာအသစ္တစ္ခုကိုလည္း ထည့္သြင္းေပးထားပါေသးတယ္။

Stereo Speaker ေတြကေတာ့ ေသခ်ာေပါက္ပါဝင္လာမွာျဖစ္ၿပီး AKG ရဲ႕ ခ်ိန္ညွိစနစ္ေတြနဲ႕ အတူ Dolby ရဲ႕ Atmos Surround စနစ္ေၾကာင့္ အသံထြက္အလန္းစား ႀကိဳက္သူေတြအတြက္လည္း လိုအပ္ခ်က္ေတြျဖည့္ဆည္းေပးနိုင္တဲ့ ဖုန္းတစ္လုံးျဖစ္လာမွာပါ။ ဒါ့အျပင္ VOOC နဲ႕ Warp Charge တို႔ကိုယွဥ္မယ့္ မ်ိဳးဆက္သစ္ အျမန္အားသြင္းစနစ္တစ္ခုလည္း ပါဝင္လာနိုင္ပါေသးတယ္။

Ref: XDA

Unicode

Samsung ရဲ့ ၂၀၁၉ အတွက် Original Flagship Series ဖြစ်တဲ့ S Series ရဲ့ နောက်ဆုံးထွက်ဖုန်းတစ်လုံး ဖြစ်လာမယ့် GALAXY S10 ကို မိတ်ဆက်မယ့်ရက်ကို Samsung ကနေပြီး တရားဝင် ကြေညာလိုက်ပါပြီ။ ၂၀၁၈ ကုန်လို့ ၂၀၁၉ ရောက်လာကတည်းက GALAXY S10 ကို မိတ်ဆက်မယ့်ရက်ဟာ ဇန်နဝါရီ အစောပိုင်းလိုလို ဖေဖော်ဝါရီအကုန်မှာလိုလို သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် မကြာသေးခင်ကပဲ တရားဝင်မိတ်ဆက်မယ့်နေ့ကိုသိလိုက်ရပါပြီ။ GALAXY S10 ကို ဖေဖော်ဝါရီ ၂၀ မှာ တရားဝင်မိတ်ဆက်မှာပါ။

Unpacked 2019 လို့နာမည်ပေးထားတဲ့ အဆိုပါ Event ကို အမေရိကန် ဆန်ဖရန်စစ်စကို မြို့မှာ ကျင်းပမှာဖြစ်ပြီး GALAXY S10 နဲ့အတူ “10 Years of Innovations” လို့ခေါ်တဲ့ GALAXY S ဖုန်းတွေရဲ့ ဆယ်နှစ်ပြည့် အထိန်းအမှတ်ပွဲကိုပါ ကျင်းပမှာပါ။ အဆိုပါ ပွဲမှာ GALAXY S10 အမျိုးအစားသုံးမျိုးကို မိတ်ဆက်သွားနိုင်ပါတယ်။ ပုံမှန်ထုတ်နေကျအတိုင်း ရိုးရိုး GALAXY S10, S10+ နဲ့ စွမ်းဆောင်ရည်အနည်းငယ်နိမ့်တဲ့ S10 Lite တို့ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် 5G ကွန်ရက် အထောက်အပံ့ပေးမယ့် S10 Pro ပါမိတ်ဆက်သွားနိုင်တယ်လို့ ခန့်မှန်းနေကြပေမယ့် S10 Pro ကို မတ်လကုန်လောက်မှာပဲ တွေ့ရဖို့များပါတယ်။

GALAXY S10 နဲ့ပက်သက်ပြီး ထူးခြားချက်တွေကတော့ Punch Hole Display နဲ့ အတူ In-Display Fingerprint Scanner တွေပါပဲ။ စွမ်းဆောင်ရည်ပိုင်းအတွက်ကတော့ Exynos 9820 SoC နဲ့ Snapdragon 855 SoC တွေကို နေရာဒေသပေါ်လိုက်ပြီး အသုံးပြုပေးသွားမှာပါ။ One UI လို့ခေါ်တဲ့ SAMSUNG ကိုယ်ပိုင် Android Pie အခြေခံ Operating System တစ်မျိုးကို အသုံးပြုပေးသွားမှာပါ။ အဲ့အပြင် Google ရဲံ NightSight လိုမျိုး ညဘက်ပုံကောင်းတွေထွက်ဖို့ Bright Night လို့ခေါ်တဲ့ နည်းပညာအသစ်တစ်ခုကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။

Stereo Speaker တွေကတော့ သေချာပေါက်ပါဝင်လာမှာဖြစ်ပြီး AKG ရဲ့ ချိန်ညှိစနစ်တွေနဲ့ အတူ Dolby ရဲ့ Atmos Surround စနစ်ကြောင့် အသံထွက်အလန်းစား ကြိုက်သူတွေအတွက်လည်း လိုအပ်ချက်တွေဖြည့်ဆည်းပေးနိုင်တဲ့ ဖုန်းတစ်လုံးဖြစ်လာမှာပါ။ ဒါ့အပြင် VOOC နဲ့ Warp Charge တို့ကိုယှဉ်မယ့် မျိုးဆက်သစ် အမြန်အားသွင်းစနစ်တစ်ခုလည်း ပါဝင်လာနိုင်ပါသေးတယ်။

Ref: XDA