[Zawgyi]

Samsung ဟာ 10.5” လက္မရြယ္ Super AMOLED မ်က္ႏွာျပင္ပါဝင္တဲ့ Samsung Galaxy Tab S5e နဲ႔ Galaxy Tab A 10.1 (2019 ေမာ္ဒယ္) တုိ႔ကို တရားဝင္ဝက္ဆုိက္မွာ ေဖာ္ျပလာခဲ့ပါၿပီ။ Tab S5e ဟာ ေဒၚလာေလးရာသာရွိတဲ့ Super AMOLED မ်က္ႏွာျပင္နဲ႔ တက္ဘလက္တစ္ခုျဖစ္ၿပီး Tab A အသစ္ကေတာ့ 1080p LCD Display ပါဝင္တဲ့ ေစ်းခ်ဳိတက္ဘလက္ပါ။

Samsung Galaxy Tab S5e

Galaxy Tab S5e ရဲ႕အမည္ထဲမွာ ‘e’ အကၡရာကို ျမင္ေတြ႕ၾကမွာပါ။ ဒီတက္ဘလက္ကို Galaxy S10e အပါအဝင္ S10 စီးရီးမလာခင္ ႀကိဳတင္ထုတ္ျပလာခဲ့တာပါပဲ။ မႏွစ္ကထြက္ခဲ့တဲ့ Tab S4 10.5 လိုေတာ့ Flagship မဟုတ္ဘဲ ေဒၚလာေလးရာသာရွိတဲ့ ေစ်းႏႈန္းကို ၾကည့္ရင္လည္း သိသာမွာပါ။

ဒါေပမယ့္ အလြယ္တကူသယ္ယူသြားႏုိင္ၿပီး အသုံးခံမယ့္ေနရာမွာေတာ့ Tab S5e ကိုယွဥ္ၿပိဳင္ဖို႔ ခက္ပါတယ္။ သူ႕ကိုယ္ထည္က 5.5mm သာရွိတာေၾကာင့္ 7.1mm ရွိခဲ့တဲ့ S4 ထက္ ပိုပါးလႊာကာ အေလးခ်ိန္ 400g သာရွိတယ္။ 10.5” မ်က္ႏွာျပင္က 2560 x 1600p Resolution ျဖစ္ၿပီး 16:10 အခ်ဳိးနဲ႔တည္ေဆာက္ထားကာ Stylus ေတာ့ မပါဝင္ပါဘူး။

ေထာင့္ေလးဘက္မွာ AKG-tuned စပီကာေလးခုကို တစ္ခုစီတပ္ဆင္ထားၿပီး ဘကၳရီကလည္း 7,040 mAh ေတာင္ျဖစ္တာေၾကာင့္ ေဖ်ာ္ေျဖေရးအတြက္ သုံးမယ့္လူေတြ အဆင္ေျပမွာျဖစ္ကာ ဗီဒီယုိထုိင္ၾကည့္ရင္ ၁၄ နာရီဆက္တုိက္ အသုံးျပဳႏုိင္ပါတယ္။

အတြင္းမွာ Snapdragon 670 ခ်စ္ပ္ဆက္ကို အသုံးျပဳထားၿပီး Flagship အဆင့္မဟုတ္ရင္ေတာင္ ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ကိုေပးႏုိင္မယ့္ အျပင္အဆင္ပါ။ မန္မုိရီကေတာ့ 4/64 GB နဲ႔ 6/128 GB ဆုိၿပီး ေရြးခ်ယ္စရာ ႏွစ္မ်ဳိးပါလာတယ္။ Android 9 Pie OS ကုိ တန္းၿပီးအသုံးျပဳႏုိင္မွာပါ။

Samsung Galaxy Tab S5e မွာ Face Recognition နဲ႔ Fingerprint တုိ႔ပါဝင္တယ္။ ကင္မရာကေတာ့ ေနာက္ဘက္မွာ 13MP နဲ႔ 8MP ဆယ္ဖီတစ္ခုတုိ႔ပါပဲ။ Samsung ရဲ႕ AI Assistant ျဖစ္တဲ့ Bixby ကို ေကာင္းေကာင္းအသုံးျပဳႏုိင္ဖို႔ မုိက္ကရုိဖုန္းကို ေနရာခ်ထားၿပီး Galaxy စမတ္ဖုန္းေတြနဲ႔လည္း Tab S5e ကို Sync လုပ္ထားႏုိင္တာေၾကာင့္ တက္ဘလက္သုံးေနရင္း ဖုန္းလာရင္ ဖုန္းကိုသြားကိုင္ဖို႔မလိုဘဲ တက္ဘလက္ကေန စာျပန္၊ စကားေျပာရုံပါပဲ။

ႀကိဳတင္အမွာစာကို မတ္လ ၁၄ ရက္ေန႔မွာ စတင္လက္ခံမွာျဖစ္ၿပီး တန္ဖိုးက ေဒၚလာ ၄၀၀ (ျမန္မာေငြ ေျခာက္သိန္းတစ္ေသာင္းေက်ာ္) က်သင့္မွာပါ။ ဒါေပမယ့္ ဧၿပီလမွ ေစ်းကြက္ထဲကို စတင္ပုိ႔မွာျဖစ္ပါတယ္။

Samung Galaxy Tab A 10.1 (2019)

၂၀၁၉ ေမာ္ဒယ္ Galaxy A 10.1 ကေတာ့ ဘတ္ဂ်က္တက္ဘလက္တစ္ခုျဖစ္ၿပီး ယူရုိ ၂၁၀ (ျမန္မာေငြ သုံးသိန္းေျခာက္ေသာင္းေက်ာ္) သာ က်သင့္မွာပါ။ သူကေတာ့ LCD Display ကိုျပန္သြားၿပီး 10.1” လက္မအရြယ္ မ်က္ႏွာျပင္က 1920 x 1200p Resolution ျဖစ္တယ္။ Dolby Atmos စပီကာႏွစ္ခုပါဝင္ၿပီး ကုိယ္ထည္က သတၳဳနဲ႔ ျပဳလုပ္ထားေပမယ့္ 7.5mm အထူရွိပါတယ္။

အတြင္းမွာ Exynos 7904 ခ်စ္ပ္ဆက္ကို အသုံးျပဳထားၿပီး မန္မုိရီက 2 / 32GB သာရွိပါတယ္။ Storage ပမာဏကို ထပ္တုိးခ်ဲ႕ႏုိင္ေပမယ့္ RAM ကိုေတာ့ တုိးခ်ဲ႕လို႔မရတာ ထည့္စဥ္းစားစရာပါ။ ဘကၳရီက 6,150 mAh ဆုိေတာ့ မဆုိးပါဘူး။

Ref – GSM Arena

[Unicode]

Samsung ဟာ 10.5” လက်မရွယ် Super AMOLED မျက်နှာပြင်ပါဝင်တဲ့ Samsung Galaxy Tab S5e နဲ့ Galaxy Tab A 10.1 (2019 မော်ဒယ်) တို့ကို တရားဝင်ဝက်ဆိုက်မှာ ဖော်ပြလာခဲ့ပါပြီ။ Tab S5e ဟာ ဒေါ်လာလေးရာသာရှိတဲ့ Super AMOLED မျက်နှာပြင်နဲ့ တက်ဘလက်တစ်ခုဖြစ်ပြီး Tab A အသစ်ကတော့ 1080p LCD Display ပါဝင်တဲ့ ဈေးချိုတက်ဘလက်ပါ။

Samsung Galaxy Tab S5e

Galaxy Tab S5e ရဲ့အမည်ထဲမှာ ‘e’ အက္ခရာကို မြင်တွေ့ကြမှာပါ။ ဒီတက်ဘလက်ကို Galaxy S10e အပါအဝင် S10 စီးရီးမလာခင် ကြိုတင်ထုတ်ပြလာခဲ့တာပါပဲ။ မနှစ်ကထွက်ခဲ့တဲ့ Tab S4 10.5 လိုတော့ Flagship မဟုတ်ဘဲ ဒေါ်လာလေးရာသာရှိတဲ့ ဈေးနှုန်းကို ကြည့်ရင်လည်း သိသာမှာပါ။

ဒါပေမယ့် အလွယ်တကူသယ်ယူသွားနိုင်ပြီး အသုံးခံမယ့်နေရာမှာတော့ Tab S5e ကိုယှဉ်ပြိုင်ဖို့ ခက်ပါတယ်။ သူ့ကိုယ်ထည်က 5.5mm သာရှိတာကြောင့် 7.1mm ရှိခဲ့တဲ့ S4 ထက် ပိုပါးလွှာကာ အလေးချိန် 400g သာရှိတယ်။ 10.5” မျက်နှာပြင်က 2560 x 1600p Resolution ဖြစ်ပြီး 16:10 အချိုးနဲ့တည်ဆောက်ထားကာ Stylus တော့ မပါဝင်ပါဘူး။

ထောင့်လေးဘက်မှာ AKG-tuned စပီကာလေးခုကို တစ်ခုစီတပ်ဆင်ထားပြီး ဘက္ထရီကလည်း 7,040 mAh တောင်ဖြစ်တာကြောင့် ဖျော်ဖြေရေးအတွက် သုံးမယ့်လူတွေ အဆင်ပြေမှာဖြစ်ကာ ဗီဒီယိုထိုင်ကြည့်ရင် ၁၄ နာရီဆက်တိုက် အသုံးပြုနိုင်ပါတယ်။

အတွင်းမှာ Snapdragon 670 ချစ်ပ်ဆက်ကို အသုံးပြုထားပြီး Flagship အဆင့်မဟုတ်ရင်တောင် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကိုပေးနိုင်မယ့် အပြင်အဆင်ပါ။ မန်မိုရီကတော့ 4/64 GB နဲ့ 6/128 GB ဆိုပြီး ရွေးချယ်စရာ နှစ်မျိုးပါလာတယ်။ Android 9 Pie OS ကို တန်းပြီးအသုံးပြုနိုင်မှာပါ။

Samsung Galaxy Tab S5e မှာ Face Recognition နဲ့ Fingerprint တို့ပါဝင်တယ်။ ကင်မရာကတော့ နောက်ဘက်မှာ 13MP နဲ့ 8MP ဆယ်ဖီတစ်ခုတို့ပါပဲ။ Samsung ရဲ့ AI Assistant ဖြစ်တဲ့ Bixby ကို ကောင်းကောင်းအသုံးပြုနိုင်ဖို့ မိုက်ကရိုဖုန်းကို နေရာချထားပြီး Galaxy စမတ်ဖုန်းတွေနဲ့လည်း Tab S5e ကို Sync လုပ်ထားနိုင်တာကြောင့် တက်ဘလက်သုံးနေရင်း ဖုန်းလာရင် ဖုန်းကိုသွားကိုင်ဖို့မလိုဘဲ တက်ဘလက်ကနေ စာပြန်၊ စကားပြောရုံပါပဲ။

ကြိုတင်အမှာစာကို မတ်လ ၁၄ ရက်နေ့မှာ စတင်လက်ခံမှာဖြစ်ပြီး တန်ဖိုးက ဒေါ်လာ ၄၀၀ (မြန်မာငွေ ခြောက်သိန်းတစ်သောင်းကျော်) ကျသင့်မှာပါ။ ဒါပေမယ့် ဧပြီလမှ ဈေးကွက်ထဲကို စတင်ပို့မှာဖြစ်ပါတယ်။

Samung Galaxy Tab A 10.1 (2019)

၂၀၁၉ မော်ဒယ် Galaxy A 10.1 ကတော့ ဘတ်ဂျက်တက်ဘလက်တစ်ခုဖြစ်ပြီး ယူရို ၂၁၀ (မြန်မာငွေ သုံးသိန်းခြောက်သောင်းကျော်) သာ ကျသင့်မှာပါ။ သူကတော့ LCD Display ကိုပြန်သွားပြီး 10.1” လက်မအရွယ် မျက်နှာပြင်က 1920 x 1200p Resolution ဖြစ်တယ်။ Dolby Atmos စပီကာနှစ်ခုပါဝင်ပြီး ကိုယ်ထည်က သတ္ထုနဲ့ ပြုလုပ်ထားပေမယ့် 7.5mm အထူရှိပါတယ်။

အတွင်းမှာ Exynos 7904 ချစ်ပ်ဆက်ကို အသုံးပြုထားပြီး မန်မိုရီက 2 / 32GB သာရှိပါတယ်။ Storage ပမာဏကို ထပ်တိုးချဲ့နိုင်ပေမယ့် RAM ကိုတော့ တိုးချဲ့လို့မရတာ ထည့်စဉ်းစားစရာပါ။ ဘက္ထရီက 6,150 mAh ဆိုတော့ မဆိုးပါဘူး။

Ref – GSM Arena