စမတ္ဖုန္းထုတ္လုပ္သူေတြထဲမွာ ပထမဆုံး Foldable စမတ္ဖုန္းကို ထုတ္လုပ္ႏုိင္ဖို႔ ယွဥ္ျပိဳင္မႈ အရွိန္ျမင့္ေနတာကေတာ့ Huawei နဲ႔ Samsung ကုမၸဏီတုိ႔ပဲ ျဖစ္ပါတယ္။ အစစ္အမွန္ Foldable စမတ္ဖုန္းကို ေစ်းကြက္ထဲ ပထမဆုံးပို႔ႏုိင္တဲ့ ကုမၸဏီျဖစ္လာဖို႔ Huawei က ၾကိဳးစားေနေၾကာင္း ျပီးခဲ့တဲ့လေတြမွာ သတင္းထြက္ခဲ့တဲ့အတြက္ ဆမ္ေဆာင္းကလည္း သူတုိ႔ရဲ႕ ထုတ္လုပ္မႈကို အရွိန္ျမွင့္ခဲ့ပုံပါပဲ။

အင္တာဗ်ဴးတစ္ခုမွာ ဆမ္ေဆာင္းမုိဘုိင္းဌာနခြဲ အမႈေဆာင္အရာရွိခ်ဳပ္ Dong Jin Koh က သူတုိ႔ရဲ႕ ပထမဆုံး Foldable စမတ္ဖုန္းကို ၂၀၁၈ ထဲမွာ မိတ္ဆက္ႏုိင္ဖို႔ ေရွးရႈေနေၾကာင္း အတည္ျပဳခဲ့တာပါ။ သူတုိ႔ဟာ သုံးစြဲသူေတြကို Foldable စမတ္ဖုန္း လိုခ်င္ရဲ႕လားလို႔ စစ္တမ္းတစ္ခု ေကာက္ခံခဲ့ျပီး ရလဒ္က အေပါင္းဘက္ ျပခဲ့ပါတယ္။

Koh က အဆုိပါ စမတ္ဖုန္းနဲ႔ပတ္သက္ျပီး တိတိက်က် မေျပာခဲ့ဘဲ လာမယ့္ ႏုိဝင္ဘာ ၇ – ၈ ရက္ေတြမွာ က်င္းပမယ့္ ဆမ္ေဆာင္းရဲ႕ Developers Conference 2018 ပြဲမွာ ပထမဆုံး Flexible ဖုန္းကို ထုတ္ျပလာႏုိင္တယ္လို႔ပဲ ေျပာခဲ့ပါတယ္။ Koh က Foldable ဖုန္းဟာ အလွသက္သက္ မဟုတ္ဘဲ ျဖန္႔ျပီး သုံးစြဲခ်ိန္မွာလည္း ေကာင္းမြန္တဲ့ လုပ္ေဆာင္ခ်က္ေတြ ထည့္ထားေပးမွာ ျဖစ္ေၾကာင္း ကတိေပးထားပါတယ္။

Ref – https://www.gsmarena.com/samsung_confirms_a_foldable_smartphone_is_coming_this_year-news-33085.php

Unicode

စမတ်ဖုန်းထုတ်လုပ်သူတွေထဲမှာ ပထမဆုံး Foldable စမတ်ဖုန်းကို ထုတ်လုပ်နိုင်ဖို့ ယှဉ်ပြိုင်မှု အရှိန်မြင့်နေတာကတော့ Huawei နဲ့ Samsung ကုမ္ပဏီတို့ပဲ ဖြစ်ပါတယ်။ အစစ်အမှန် Foldable စမတ်ဖုန်းကို ဈေးကွက်ထဲ ပထမဆုံးပို့နိုင်တဲ့ ကုမ္ပဏီဖြစ်လာဖို့ Huawei က ကြိုးစားနေကြောင်း ပြီးခဲ့တဲ့လတွေမှာ သတင်းထွက်ခဲ့တဲ့အတွက် ဆမ်ဆောင်းကလည်း သူတို့ရဲ့ ထုတ်လုပ်မှုကို အရှိန်မြှင့်ခဲ့ပုံပါပဲ။

အင်တာဗျူးတစ်ခုမှာ ဆမ်ဆောင်းမိုဘိုင်းဌာနခွဲ အမှုဆောင်အရာရှိချုပ် Dong Jin Koh က သူတို့ရဲ့ ပထမဆုံး Foldable စမတ်ဖုန်းကို ၂၀၁၈ ထဲမှာ မိတ်ဆက်နိုင်ဖို့ ရှေးရှုနေကြောင်း အတည်ပြုခဲ့တာပါ။ သူတို့ဟာ သုံးစွဲသူတွေကို Foldable စမတ်ဖုန်း လိုချင်ရဲ့လားလို့ စစ်တမ်းတစ်ခု ကောက်ခံခဲ့ပြီး ရလဒ်က အပေါင်းဘက် ပြခဲ့ပါတယ်။

Koh က အဆိုပါ စမတ်ဖုန်းနဲ့ပတ်သက်ပြီး တိတိကျကျ မပြောခဲ့ဘဲ လာမယ့် နိုဝင်ဘာ ၇ – ၈ ရက်တွေမှာ ကျင်းပမယ့် ဆမ်ဆောင်းရဲ့ Developers Conference 2018 ပွဲမှာ ပထမဆုံး Flexible ဖုန်းကို ထုတ်ပြလာနိုင်တယ်လို့ပဲ ပြောခဲ့ပါတယ်။ Koh က Foldable ဖုန်းဟာ အလှသက်သက် မဟုတ်ဘဲ ဖြန့်ပြီး သုံးစွဲချိန်မှာလည်း ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ ထည့်ထားပေးမှာ ဖြစ်ကြောင်း ကတိပေးထားပါတယ်။