အရင်က ရေခဲသေတ္တာကို သား၊ငါး အသီးအရွက်တွေကို မပုပ်သိုးဖို့အတွက်ဘဲ အသုံးပြုကြပေမယ့် အခုနောက်ပိုင်းမှာတော့ တခြား ဥာဏ်ရည်မြင့်စွမ်းဆောင်မှု စနစ်တွေပါ ထည့်သွင်းလာကြပါတယ်။

Samsung Family Hub ရေခဲသေတ္တာထဲမှာ ကင်မရာပါပါဝင်ပြီး ရေခဲ သေတ္တာထဲမှာ ဘာ ပစ္စည်းတွေ ထည့်ထားပါတယ်။ အဲ့အထဲက ဘာတွေကတော့ ကုန်တော့မယ်၊ ဘယ်နှစ်ရက်ဘဲ ခံတော့မယ်ဆိုတာကို ရေခဲ သေတ္တာကို ဖွင့်ကြည့်စရာမလိုဘဲ ကိုယ့်ကို ဓာတ်ပုံတွေ ပို့နေမှာပါ။

ကိုယ်ဘယ်နေရာဘဲ ရောက်ရောက် ဥပမာ စူပါမားကတ်ကို ရောက်နေချိန်မှာ ကိုယ့်ရေခဲ သေတ္တာထဲမှာ ဘာတွေ ရှိနေသေးတယ်ဆိုတာကို သိရှိနိုင်ပါတယ်။

ဒါ့အပြင် ဈေးမသွားဘဲ စူပါမားကတ်ကို တခါတည်း Online ကနေ မှာချင်လည်း အဲ့ဒီစနစ်ကို ရေခဲ သေတ္တာထဲမှာ ထည့်သွင်းပေးထားပါတယ်။

ဟင်းချက်ရင်း သီချင်းနားထောင်ချင်သလား၊ ရေခဲ သေတ္တာကနေ သီချင်းဖွင့်ပြီး နားထောင်လို့ရပါတယ်။

ဟင်းချက်နည်းစနစ်တွေကိုလည်း ရေခဲ သေတ္တာကနေ ကြည့်နိုင်သလို တခြား စွမ်းဆောင်ရည်မြင့် ကိစ္စတွေကိုလည်း အသုံးပြုနိုင်ပါတယ်။

အဲ့ဒီအပြင် မိသားစု ရေခဲသေတ္တာ (Family Hub Smart Fridge) လို့ နာမည်ပေးထားသလိုဘဲ မိသားစုဝင်အချင်းချင်း မှာခဲ့ချင်တာတွေကို ရေခဲသေတ္တာမှာ ရေးထားခဲ့လို့ရပြီး၊ ဓာတ်ပုံတွေကိုလည်း ရေခဲသေတ္တာမှာ ထည့်ထားလို့ရပါတယ်။

အချိန်ဇယားတွေ ၊ မိသားစု ထမင်းစားပွဲ အချိန်တွေ၊ မိသားစုချင်း ပြသချင်တဲ့အကြောင်းအရာများကိုလည်း ရေခဲသေတ္တာမှာ ထည့်သွင်း ပြသလို့ရပါတယ်။

Samsung ကုမ္ပဏီက ထုတ်လုပ်တဲ့ (Family Hub Smart Fridge ) ရေခဲသေတ္တာရဲ့ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၅ထောင် ၀န်းကျင်ရှိပါတယ်။