[Zawgyi]

ဒီတပတ္အေစာပိုင္းတုန္းက Samsung ဟာ In-display Fingerprint Sensors ေတြပါမယ့္ Galaxy A စီးရီးစမတ္ဖုန္းသစ္ေတြကို မိတ္ဆက္ဖို႔ျပင္ဆင္ေနတယ္ဆိုတဲ့ အေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့ဖူးပါတယ္။ အဆိုပါ Galaxy A စီးရီးမွာ Galaxy A90, Galaxy A70 နဲ႔ Galaxy A50 ဆိုၿပီး ေမာ္ဒယ္ ၃မ်ိဴး ပါဝင္ခဲ့ပါတယ္။ ဒီေန႔မွာေတာ့ အဆိုပါေမာ္ဒယ္ ၃မ်ိဴးအျပင္ ေနာက္ထပ္ ေမာ္ဒယ္ ၁မ်ိဴးရွိေသးေၾကာင္း သတင္းမ်ား ထပ္မံထြက္ေပၚလာပါတယ္။

ေမာ္ဒယ္နံပါတ္ Samsung SM-A405FN အမည္ရွိ စမတ္ဖုန္းတစ္လုံးဟာ Geekbench ဝက္ဆိုက္ထဲကို ဝင္ေရာက္လည္ပတ္သြားခဲ့တာ ျဖစ္ပါတယ္။ တခ်ိဴ႕ေသာ ကြၽမ္းက်င္ပညာရွင္မ်ားကေတာ့ အဆိုပါဖုန္းဟာ Samsung Galaxy A40 ျဖစ္ႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Galaxy A40 လို႔ ယူဆရတဲ့ စမတ္ဖုန္းဟာ Single-Core Score မွာ ၁၃၂၂ မွတ္ရရွိထားၿပီး Multi-core Score မွာေတာ့ ၃၉၈၇ မွတ္ ရရွိထားတာ ေတြ႕ရပါတယ္။ Motherboard မွာ universal7885 လို႔ေဖာ္ျပထားတဲ့အတြက္ Samsung Exynos 7885 SoC ကို အသုံးျပဳထားတာျဖစ္ႏိုင္ပါတယ္။ လာမယ့္ ဇန္နဝါရီလ ၂၈ရက္ေန႔မွာ မိတ္ဆက္သြားမယ့္ Galaxy M20 မွာလည္း Exynos 7885 SoC ကိုပဲ အသုံးျပဳထားတယ္လို႔ သိရပါတယ္။

Geekbench မွာ ဝင္ေရာက္စမ္းသပ္သြားတဲ့ Galaxy A40 မွာ RAM အေနနဲ႔ 4GB ပါဝင္တာေတြ႕ရၿပီး Android 9.0 Pie Operating System ကို ထည့္သြင္းေမာင္းႏွင္ထားတာ ျဖစ္ပါတယ္။ တျခား Specification ေတြကို ခုခ်ိန္ထိ တိတိက်က် မသိရေသးေပမယ့္ Display အပိုင္းမွာေတာ့ AMOLED Display ေတြကို အသုံးျပဳထားႏိုင္ပါတယ္။

Ref : Gizmochina

[Unicode]

Geekbench ကနေ ပေါ်ထွက်လာတဲ့ Samsung Galaxy A စီးရီး စမတ်ဖုန်းသစ်

ဒီတပတ်အစောပိုင်းတုန်းက Samsung ဟာ In-display Fingerprint Sensors တွေပါမယ့် Galaxy A စီးရီးစမတ်ဖုန်းသစ်တွေကို မိတ်ဆက်ဖို့ပြင်ဆင်နေတယ်ဆိုတဲ့ အကြောင်း သတင်းများထွက်ပေါ်ခဲ့ဖူးပါတယ်။ အဆိုပါ Galaxy A စီးရီးမှာ Galaxy A90, Galaxy A70 နဲ့ Galaxy A50 ဆိုပြီး မော်ဒယ် ၃မျိူး ပါဝင်ခဲ့ပါတယ်။ ဒီနေ့မှာတော့ အဆိုပါမော်ဒယ် ၃မျိူးအပြင် နောက်ထပ် မော်ဒယ် ၁မျိူးရှိသေးကြောင်း သတင်းများ ထပ်မံထွက်ပေါ်လာပါတယ်။

မော်ဒယ်နံပါတ် Samsung SM-A405FN အမည်ရှိ စမတ်ဖုန်းတစ်လုံးဟာ Geekbench ဝက်ဆိုက်ထဲကို ဝင်ရောက်လည်ပတ်သွားခဲ့တာ ဖြစ်ပါတယ်။ တချိူ့သော ကျွမ်းကျင်ပညာရှင်များကတော့ အဆိုပါဖုန်းဟာ Samsung Galaxy A40 ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။

Galaxy A40 လို့ ယူဆရတဲ့ စမတ်ဖုန်းဟာ Single-Core Score မှာ ၁၃၂၂ မှတ်ရရှိထားပြီး Multi-core Score မှာတော့ ၃၉၈၇ မှတ် ရရှိထားတာ တွေ့ရပါတယ်။ Motherboard မှာ universal7885 လို့ဖော်ပြထားတဲ့အတွက် Samsung Exynos 7885 SoC ကို အသုံးပြုထားတာဖြစ်နိုင်ပါတယ်။ လာမယ့် ဇန်နဝါရီလ ၂၈ရက်နေ့မှာ မိတ်ဆက်သွားမယ့် Galaxy M20 မှာလည်း Exynos 7885 SoC ကိုပဲ အသုံးပြုထားတယ်လို့ သိရပါတယ်။

Geekbench မှာ ဝင်ရောက်စမ်းသပ်သွားတဲ့ Galaxy A40 မှာ RAM အနေနဲ့ 4GB ပါဝင်တာတွေ့ရပြီး Android 9.0 Pie Operating System ကို ထည့်သွင်းမောင်းနှင်ထားတာ ဖြစ်ပါတယ်။ တခြား Specification တွေကို ခုချိန်ထိ တိတိကျကျ မသိရသေးပေမယ့် Display အပိုင်းမှာတော့ AMOLED Display တွေကို အသုံးပြုထားနိုင်ပါတယ်။

Ref : Gizmochina