Zawgyi

အခုခ်ိန္ေလာက္ဆို တ႐ုတ္ႏိုင္ငံက Samsung ဝန္ထမ္းေတြ အလုပ္ရႈပ္ေနၾကၿပီ ထင္ပါတယ္။ Samsung အေနနဲ႔ ကမာၻ႔ ပထမဦးဆုံး In-screen Camera နည္းပညာပါတဲ့ Galaxy A8s ကို တ႐ုတ္ႏိုင္ငံမွာ မိတ္ဆက္ေပးေနပါၿပီ။ ကြၽန္ေတာ္တို႔ အေနနဲ႔လည္း နည္းပညာအသစ္အဆန္းပါတဲ့ Samsung Galaxy A8s ကို သိပ္မၾကာခင္မွာ မ်က္ဝါးထင္ထင္ ျမင္ေတြ႕ရေတာ့မွာပါ။

Samsung Galaxy A8s ဟာ ၆.၃၉လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ FHD+ Display နဲ႔ ပြဲထြက္လာမယ္လို႔ သိရပါတယ္။ Processor အပိုင္းအတြက္ Snapdragon 710 SoC ကို အသုံးျပဳထားမွာ ျဖစ္ၿပီး RAM အေနနဲ႔ 6GB ပါဝင္ႏိုင္ပါတယ္။ Memory Storage ကိုေတာ့ 128GB ထည့္သြင္းထားႏိုင္ၿပီး MicroSD 512GB အထိထပ္စိုက္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ေနာက္ေက်ာဘက္မွာ ကင္မရာ ၃လုံး တပ္ဆင္ထားမွာျဖစ္ၿပီး 24MP+5MP+10MP Sensors ေတြကို အသုံးျပဳထားႏိုင္ပါတယ္။ ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ Display ကို အေပါက္ေဖာက္ၿပီး ထည့္သြင္းတပ္ဆင္ထားတဲ့ 24MP Camera ကို ျမင္ေတြ႕ရမွာပါ။ ဘက္ထရီ ပမာဏ 3400mAh ထည့္သြင္းထားႏိုင္ၿပီး USB Type-C ကို အသုံးျပဳထားတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Galaxy A8s ဟာ 3.5mm Headphone Jack မပါတဲ့ ဖုန္းေတြကထဲက တစ္လုံး ျဖစ္လာႏိုင္ေၾကာင္းကိုလည္း ကြၽမ္းက်င္သူမ်ားက ခန္႔မွန္းေျပာဆို ထားၾကပါေသးတယ္။

Samsung Galaxy A8s မိတ္ဆက္ပြဲ အခမ္းအနားကို ဒီလင့္မွာ ၾကည့္ရႈ႕ႏိုင္ပါတယ္။

Ref : gadgets.ndtv

Unicode

ကမ္ဘာ့ ပထမဦးဆုံး In-screen Camera ပါတဲ့ Galaxy A8s ကို တရုတ်နိုင်ငံမှာ မိတ်ဆက်နေပြီ

အခုချိန်လောက်ဆို တရုတ်နိုင်ငံက Samsung ဝန်ထမ်းတွေ အလုပ်ရှုပ်နေကြပြီ ထင်ပါတယ်။ Samsung အနေနဲ့ ကမ္ဘာ့ ပထမဦးဆုံး In-screen Camera နည်းပညာပါတဲ့ Galaxy A8s ကို တရုတ်နိုင်ငံမှာ မိတ်ဆက်ပေးနေပါပြီ။ ကျွန်တော်တို့ အနေနဲ့လည်း နည်းပညာအသစ်အဆန်းပါတဲ့ Samsung Galaxy A8s ကို သိပ်မကြာခင်မှာ မျက်ဝါးထင်ထင် မြင်တွေ့ရတော့မှာပါ။

Samsung Galaxy A8s ဟာ ၆.၃၉လက်မ မျက်နှာပြင် အကျယ်ရှိ FHD+ Display နဲ့ ပွဲထွက်လာမယ်လို့ သိရပါတယ်။ Processor အပိုင်းအတွက် Snapdragon 710 SoC ကို အသုံးပြုထားမှာ ဖြစ်ပြီး RAM အနေနဲ့ 6GB ပါဝင်နိုင်ပါတယ်။ Memory Storage ကိုတော့ 128GB ထည့်သွင်းထားနိုင်ပြီး MicroSD 512GB အထိထပ်စိုက်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

နောက်ကျောဘက်မှာ ကင်မရာ ၃လုံး တပ်ဆင်ထားမှာဖြစ်ပြီး 24MP+5MP+10MP Sensors တွေကို အသုံးပြုထားနိုင်ပါတယ်။ ရှေ့ဘက်မျက်နှာပြင်မှာတော့ Display ကို အပေါက်ဖောက်ပြီး ထည့်သွင်းတပ်ဆင်ထားတဲ့ 24MP Camera ကို မြင်တွေ့ရမှာပါ။ ဘက်ထရီ ပမာဏ 3400mAh ထည့်သွင်းထားနိုင်ပြီး USB Type-C ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် Galaxy A8s ဟာ 3.5mm Headphone Jack မပါတဲ့ ဖုန်းတွေကထဲက တစ်လုံး ဖြစ်လာနိုင်ကြောင်းကိုလည်း ကျွမ်းကျင်သူများက ခန့်မှန်းပြောဆို ထားကြပါသေးတယ်။

Samsung Galaxy A8s မိတ်ဆက်ပွဲ အခမ်းအနားကို ဒီလင့်မှာ ကြည့်ရှု့နိုင်ပါတယ်။

Ref : gadgets.ndtv