[Zawgyi]

ကမာၻ႔စမတ္ဖုန္းထုတ္လုပ္မႈမွာ လက္ရွိဦးေဆာင္ေနသူျဖစ္တဲ့ ဆမ္ေဆာင္းကုမၸဏီဟာ ၂၀၁၈ ႏွစ္ကုန္မွာ နည္းပညာအရ ဆန္းသစ္မႈရွိၿပီး ေဈးကြက္ကိုေျပာင္းလဲႏိုင္မယ့္ ထုတ္ကုန္ေတြကို ဆက္တိုက္မိတ္ဆက္ခဲ့ပါတယ္။ အဲဒီထဲမွာ ပထမဆုံး ေနာက္ကင္မရာေလးလုံးနဲ႔ Galaxy A9 စမတ္ဖုန္းလည္း အပါအဝင္ပါပဲ။

Samsung Galaxy A9 စမတ္ဖုန္းရဲ႕ အဓိကဆြဲေဆာင္မႈက Selfie ကင္မရာကိုဦးစားေပးေနၾကတဲ့ အျခား စမတ္ဖုန္းေတြနဲ႔ မတူဘဲ အေနာက္မွာပါတဲ့ ကင္မရာကို Sensor ေလးမ်ိဳး ထည့္သြင္းလာတာပါ။ Galaxy A9 ရဲ႕ လုပ္ေဆာင္ခ်က္ေတြကို သိသာေစဖို႔အတြက္လည္း Influencer စုံတြဲျဖစ္တဲ့ သူရိန္ေက်ာ္မိုးနဲ႔ ခရစၥတီးနားလင္း တို႔နဲ႔ပူးေပါင္းကာ ေကာ့ေသာင္း – ေညာင္ဦးဖီး ခရီးသြားမွတ္တမ္းအျဖစ္ Galaxy A9 စမတ္ဖုန္းျဖင့္ ႐ိုက္ကူးေစခဲ့ၿပီး Facebook မွာ ျပန္လည္မွ်ေဝေစခဲ့ပါတယ္။

ကင္မရာေလးလုံးရဲ႕ ထိပ္ဆုံးက ျမင္ကြင္းက်ယ္အတြက္ Ultra-Wide Lens ျဖစ္ၿပီး သူ႔ရဲ႕အားသာခ်က္က ျမင္ကြင္းကို ၁၂၀ ဒီဂရီထိ ပတ္လည္႐ိုက္ကူးႏိုင္တာပါ။ ဒီလုပ္ေဆာင္ခ်က္ကို လက္ေတြ႕စမ္းသပ္ခဲ့ရတဲ့ ကိုသူရိန္ေက်ာ္မိုးကေတာ့ “ခရီးသြားတဲ့အခါမွာ အရမ္းလွတဲ့ေနရာေတြေရာက္ရင္ မ်က္လုံးနဲ႔ျမင္ရတဲ့အတိုင္း ရႈခင္းႀကီးတစ္ခုလုံးကို ဖုန္းထဲမွာေပၚေအာင္ ႐ိုက္ယူလို႔မရတဲ့ အေျခအေနေတြ အၿမဲႀကဳံရပါတယ္ … ဒါေပမယ့္ Galaxy A9 သာရွိတယ္ဆိုရင္ အဲ့ဖုန္းမွာပါတဲ့ Ultra Wide Angle လုပ္ေဆာင္ခ်က္ကိုေ႐ြးၿပီး မ်က္စိတဆုံးျမင္ရတဲ့ ရႈခင္းတစ္ခုလုံးကို ႐ိုက္လို႔ရပါတယ္” လို႔ သူ႔အေတြ႕အႀကဳံကို ျပန္မွ်ေဝခဲ့ပါတယ္။

ပုံမွန္စမတ္ဖုန္းကင္မရာေတြဟာ ျမင္ကြင္းရႈေထာင့္ရဲ႕ ၇၇ ဒီဂရီကိုသာ ဓါတ္ပုံထဲမွာေပၚေအာင္ ႐ိုက္ကူးႏိုင္တာျဖစ္လို႔ သူငယ္ခ်င္းအုပ္စုလိုက္ လူေတြအမ်ားႀကီးကို ႐ိုက္ရမယ္၊ ရွည္လ်ားလွပတဲ့ ကမ္းေျခတစ္ခုလုံးပါေအာင္ ႐ိုက္ခ်င္တယ္ဆိုရင္ ဒီ Feature က အရမ္းအသုံးဝင္မွာပါ။ ဒါ့အျပင္ ဉာဏ္ရည္ျမင့္ လုပ္ေဆာင္ခ်က္ျဖစ္တဲ့ Scene Optimizer ပါတဲ့အတြက္ ဓါတ္ပုံအတြင္းမွာ ပါတဲ့ အရာဝတၳဳေတြကို အလိုအေလွ်ာက္ မွတ္သားထားေပးၿပီး မတူညီတဲ့ Mode ဆယ့္ကိုးခုထဲကေန အေကာင္းဆုံး ပုံရိပ္ထြက္ေအာင္ ခ်ိန္ညႇိေပးႏိုင္မွာ ျဖစ္တယ္။

ဒုတိယ Sensor ကေတာ့ 10MegaPixel ရွိတဲ့ Telephoto Lens ပါပဲ။ သူကေတာ့ ျမင္ကြင္းေတြကို 2x Optical Zoom နဲ႔ အေဝးကျမင္ေနရတဲ့ ပုံရိပ္ေတြကို အနီးကပ္႐ိုက္ယူထားသလို ဆြဲခ်ဲ႕ၿပီး မွတ္တမ္းတင္ေပးမွာ ျဖစ္တယ္။ တတိယေျမာက္နဲ႔ အဓိက Main Camera ကေတာ့ 24MegaPixel အားပါ။ သူကေတာ့ ပုံမွန္ကင္မရာ လုပ္ေဆာင္ခ်က္ေတြကို ပိုေကာင္းတဲ့ စူးစိုက္မႈနဲ႔ ေဖာ္ျပေပးႏိုင္မွာျဖစ္တယ္။ ေနာက္ဆုံးကင္မရာက ဓါတ္ပုံေတြကို ပိုၿပီးသဘာဝက်ေအာင္၊ ႐ုပ္လုံးေပၚလာေအာင္ ႐ုပ္ပုံထဲမွာ ပါဝင္တဲ့ Depth အား တိုင္းတာေပးမယ့္ 5MP Sensor ပါ။ စမတ္ဖုန္းထုတ္လုပ္သူေတြဟာ ၂၀၁၈ ကုန္ခါနီးမွာ ဒီ Depth Sensor စနစ္ကို ကင္မရာလုပ္ေဆာင္ခ်က္မွာ မျဖစ္မေနနီးပါး ထည့္သြင္းလာၾကၿပီး မ်ားေသာအားျဖင့္ 2MP Sensor ေလာက္ကိုသာ အသုံးျပဳေလ့ရွိေပမယ့္ ဆမ္ေဆာင္းက Depth Sensor အတြက္ကိုေတာင္ 5MP အထိ သုံးစြဲထားပါတယ္။

အခုလို ေနာက္ကင္မရာကိုပဲ ဦးစားေပး Feature အေနနဲ႔ ပြဲထြက္လာလို႔ Selfie သမားေတြ စိတ္ပူစရာ မလိုပါဘူး။ တကယ္ေတာ့ ေရွ႕ဘက္ Selfie ကင္မရာကလည္း စြမ္းအားျမင့္ 24MP ပါပဲ။ အခုေခတ္မွာ အင္တာနက္ေတြ ေကာင္းလာေတာ့ Video Streaming ေတြ၊ Video Call ေတြ အရင္ထက္ ပိုသုံးစြဲလာၿပီး Galaxy A9 ရဲ႕ ေရွ႕ကင္မရာေလးကလည္း 1080p ကို 30fps နဲ႔႐ိုက္ကူးေပးႏိုင္တဲ့အတြက္ ပုံမွန္ထက္ အမ်ားႀကီး ပိုၾကည္လင္ျပတ္သားတဲ့ ဗီဒီယိုေခၚဆိုမႈေတြကို ေရွ႕ကင္မရာနဲ႔တင္ လုပ္မယ္ဆိုလည္း ရမွာပါ။

Video Streaming ေတြလုပ္ၾကၿပီဆိုရင္ App တစ္ခုတည္းနဲ႔ ၿပီးတယ္ဆိုတာ ရွားပါတယ္။ Galaxy A9 မွာ ဒီအတြက္လည္း Live-streaming လုပ္တာျဖစ္ေစ၊ လုပ္ေဆာင္ခ်က္အမ်ားအျပားကို တၿပိဳင္တည္း Multitasking လုပ္တာျဖစ္ေစ ေကာင္းေကာင္းစီမံခန႔္ခြဲႏိုင္ဖို႔ Octa-Core Processor နဲ႔ 6GB RAM ပါဝင္ပါတယ္။

ဓါတ္ပုံနဲ႔ ဗီဒီယိုမ်ားမ်ား႐ိုက္ၿပီး ဖုန္းထဲမွာပဲ သိမ္းထားခ်င္တဲ့သူေတြအတြက္လည္း သူ႔ Storage ပမာဏက 128GB ေတာင္ပါတာေၾကာင့္ အိုေကမွာပါ။ ဒါနဲ႔ေတာင္ မေလာက္ေသးဘူးဆိုရင္ MicroSD ကတ္နဲ႔ 512GB ထိ ထပ္တိုးလို႔ ရပါေသးတယ္။ ဓါတ္ပုံနဲ႔ဗီဒီယို ႐ိုက္ကူးတာ၊ Live-stream လႊင့္တာအျပင္ သြားရင္းလာရင္း အၾကာႀကီးသုံးစြဲႏိုင္ဖို႔ ဘကၳရီက 3,800 mAh ေတာင္ပါဝင္တဲ့အတြက္ တစ္ေန႔လုံး အင္တာနက္ပဲသုံးသုံး၊ ဗီဒီယိုေတြပဲၾကည့္ၾကည့္၊ ဓါတ္ပုံေတြပဲ႐ိုက္႐ိုက္ တစ္ေန႔လုံး စိတ္ႀကိဳက္သုံးႏိုင္ပါတယ္။ Display ကေတာ့ 6.3” လက္မအ႐ြယ္ Super AMOLED ျဖစ္တာေၾကာင့္ ေဖ်ာ္ေျဖေရးအတြက္ အသုံးျပဳဖို႔လည္း လုံေလာက္မွာပါ။

Samsung Galaxy A9 ကိုျမန္မာျပည္တြင္းအတြက္ သီးသန႔္မိတ္ဆက္လာခ်ိန္မွာလည္း Samsung က The Moment နဲ႔ပူးေပါင္းၿပီး ျပဳလုပ္ခဲ့တဲ့ Push Your Boundaries မွာ Samsung ရဲ႕ Brand Ambassador ဖစ္တဲ့ အကယ္ဒမီ ေဖြးေဖြးကလဲ ပါဝင္ခဲ့ပါေသးတယ္။ အဲဒီပြဲမွာေတာ့ ကံထူးသူဆယ္ေယာက္က ေဖြးေဖြးနဲ႔ တြဲၿပီး အမွတ္တရ ဓါတ္ပုံ႐ိုက္ခြင့္ရခဲ့သလို အဆိုပါဆယ္ေယာက္ထဲမွ ကံအေကာင္းဆုံးသူကေတာ့ Samsung Social Media Ambassador အျဖစ္ပါ ခန႔္အပ္တာ ခံရဦးမွာျဖစ္ပါတယ္။

Galaxy A9 ကို လက္ရွိျမန္မာႏိုင္ငံမွာ ေဈးႏႈန္း ၈၈၀,၀၀၀ က်ပ္နဲ႔ ဝယ္ယူႏိုင္ၿပီျဖစ္ၿပီး ေ႐ြးခ်ယ္စရာ အေရာင္ကေတာ့ ၂၀၁၈ ႏွစ္ကုန္မွာပဲ Trend တစ္ခု ျဖစ္လာတဲ့ ခ်စ္စရာေရာင္ေျပးေလးမ်ားကိုမွ အမည္းေရာင္ (Caviar Black)၊ အျပာေရာင္ (Lemonade Blue) နဲ႔ ပန္းေရာင္ (Bubblegum Pink) ဆိုၿပီး အေရာင္သုံးမ်ိဳးနဲ႔ ရရွိႏိုင္ပါတယ္။ မိတ္ဆက္လာခ်ိန္မွာ Samsung Myanmar က ျပည္တြင္းေအာ္ပေရတာ တစ္ဦးျဖစ္တဲ့ MyTel နဲ႔ ပူးေပါင္းၿပီး ဝယ္ယူသူေတြကို အထူးလက္ေဆာင္အျဖစ္ ေဒတာသုံးဖို႔ 48GB၊ စာတိုေပးပို႔မႈ အေစာင္ေရ ၂၄၀၀ တို႔ကို လစဥ္ အနည္းဆုံး ၁၀,၀၀၀ က်ပ္ ျဖည့္သြင္း႐ုံနဲ႔ တစ္ႏွစ္ဆက္တိုက္ ရရွိေစမယ္လို႔လည္း သိရပါတယ္။

[Unicode]

ဓါတ်ပုံဝါသနာအိုးတွေအတွက် ဟန်းဆက်တစ်ခုတည်းနဲ့ ပြည့်စုံစေမယ့် Samsung Galaxy A9

ကမ္ဘာ့စမတ်ဖုန်းထုတ်လုပ်မှုမှာ လက်ရှိဦးဆောင်နေသူဖြစ်တဲ့ ဆမ်ဆောင်းကုမ္ပဏီဟာ ၂၀၁၈ နှစ်ကုန်မှာ နည်းပညာအရ ဆန်းသစ်မှုရှိပြီး ဈေးကွက်ကိုပြောင်းလဲနိုင်မယ့် ထုတ်ကုန်တွေကို ဆက်တိုက်မိတ်ဆက်ခဲ့ပါတယ်။ အဲဒီထဲမှာ ပထမဆုံး နောက်ကင်မရာလေးလုံးနဲ့ Galaxy A9 စမတ်ဖုန်းလည်း အပါအဝင်ပါပဲ။

Samsung Galaxy A9 စမတ်ဖုန်းရဲ့ အဓိကဆွဲဆောင်မှုက Selfie ကင်မရာကိုဦးစားပေးနေကြတဲ့ အခြား စမတ်ဖုန်းတွေနဲ့ မတူဘဲ အနောက်မှာပါတဲ့ ကင်မရာကို Sensor လေးမျိုး ထည့်သွင်းလာတာပါ။ Galaxy A9 ရဲ့ လုပ်ဆောင်ချက်တွေကို သိသာစေဖို့အတွက်လည်း Influencer စုံတွဲဖြစ်တဲ့ သူရိန်ကျော်မိုးနဲ့ ခရစ္စတီးနားလင်း တို့နဲ့ပူးပေါင်းကာ ကော့သောင်း – ညောင်ဦးဖီး ခရီးသွားမှတ်တမ်းအဖြစ် Galaxy A9 စမတ်ဖုန်းဖြင့် ရိုက်ကူးစေခဲ့ပြီး Facebook မှာ ပြန်လည်မျှဝေစေခဲ့ပါတယ်။

ကင်မရာလေးလုံးရဲ့ ထိပ်ဆုံးက မြင်ကွင်းကျယ်အတွက် Ultra-Wide Lens ဖြစ်ပြီး သူ့ရဲ့အားသာချက်က မြင်ကွင်းကို ၁၂၀ ဒီဂရီထိ ပတ်လည်ရိုက်ကူးနိုင်တာပါ။ ဒီလုပ်ဆောင်ချက်ကို လက်တွေ့စမ်းသပ်ခဲ့ရတဲ့ ကိုသူရိန်ကျော်မိုးကတော့ “ခရီးသွားတဲ့အခါမှာ အရမ်းလှတဲ့နေရာတွေရောက်ရင် မျက်လုံးနဲ့မြင်ရတဲ့အတိုင်း ရှုခင်းကြီးတစ်ခုလုံးကို ဖုန်းထဲမှာပေါ်အောင် ရိုက်ယူလို့မရတဲ့ အခြေအနေတွေ အမြဲကြုံရပါတယ် … ဒါပေမယ့် Galaxy A9 သာရှိတယ်ဆိုရင် အဲ့ဖုန်းမှာပါတဲ့ Ultra Wide Angle လုပ်ဆောင်ချက်ကိုရွေးပြီး မျက်စိတဆုံးမြင်ရတဲ့ ရှုခင်းတစ်ခုလုံးကို ရိုက်လို့ရပါတယ်” လို့ သူ့အတွေ့အကြုံကို ပြန်မျှဝေခဲ့ပါတယ်။

ပုံမှန်စမတ်ဖုန်းကင်မရာတွေဟာ မြင်ကွင်းရှုထောင့်ရဲ့ ၇၇ ဒီဂရီကိုသာ ဓါတ်ပုံထဲမှာပေါ်အောင် ရိုက်ကူးနိုင်တာဖြစ်လို့ သူငယ်ချင်းအုပ်စုလိုက် လူတွေအများကြီးကို ရိုက်ရမယ်၊ ရှည်လျားလှပတဲ့ ကမ်းခြေတစ်ခုလုံးပါအောင် ရိုက်ချင်တယ်ဆိုရင် ဒီ Feature က အရမ်းအသုံးဝင်မှာပါ။ ဒါ့အပြင် ဉာဏ်ရည်မြင့် လုပ်ဆောင်ချက်ဖြစ်တဲ့ Scene Optimizer ပါတဲ့အတွက် ဓါတ်ပုံအတွင်းမှာ ပါတဲ့ အရာဝတ္ထုတွေကို အလိုအလျှောက် မှတ်သားထားပေးပြီး မတူညီတဲ့ Mode ဆယ့်ကိုးခုထဲကနေ အကောင်းဆုံး ပုံရိပ်ထွက်အောင် ချိန်ညှိပေးနိုင်မှာ ဖြစ်တယ်။

ဒုတိယ Sensor ကတော့ 10MegaPixel ရှိတဲ့ Telephoto Lens ပါပဲ။ သူကတော့ မြင်ကွင်းတွေကို 2x Optical Zoom နဲ့ အဝေးကမြင်နေရတဲ့ ပုံရိပ်တွေကို အနီးကပ်ရိုက်ယူထားသလို ဆွဲချဲ့ပြီး မှတ်တမ်းတင်ပေးမှာ ဖြစ်တယ်။ တတိယမြောက်နဲ့ အဓိက Main Camera ကတော့ 24MegaPixel အားပါ။ သူကတော့ ပုံမှန်ကင်မရာ လုပ်ဆောင်ချက်တွေကို ပိုကောင်းတဲ့ စူးစိုက်မှုနဲ့ ဖော်ပြပေးနိုင်မှာဖြစ်တယ်။ နောက်ဆုံးကင်မရာက ဓါတ်ပုံတွေကို ပိုပြီးသဘာဝကျအောင်၊ ရုပ်လုံးပေါ်လာအောင် ရုပ်ပုံထဲမှာ ပါဝင်တဲ့ Depth အား တိုင်းတာပေးမယ့် 5MP Sensor ပါ။ စမတ်ဖုန်းထုတ်လုပ်သူတွေဟာ ၂၀၁၈ ကုန်ခါနီးမှာ ဒီ Depth Sensor စနစ်ကို ကင်မရာလုပ်ဆောင်ချက်မှာ မဖြစ်မနေနီးပါး ထည့်သွင်းလာကြပြီး များသောအားဖြင့် 2MP Sensor လောက်ကိုသာ အသုံးပြုလေ့ရှိပေမယ့် ဆမ်ဆောင်းက Depth Sensor အတွက်ကိုတောင် 5MP အထိ သုံးစွဲထားပါတယ်။

အခုလို နောက်ကင်မရာကိုပဲ ဦးစားပေး Feature အနေနဲ့ ပွဲထွက်လာလို့ Selfie သမားတွေ စိတ်ပူစရာ မလိုပါဘူး။ တကယ်တော့ ရှေ့ဘက် Selfie ကင်မရာကလည်း စွမ်းအားမြင့် 24MP ပါပဲ။ အခုခေတ်မှာ အင်တာနက်တွေ ကောင်းလာတော့ Video Streaming တွေ၊ Video Call တွေ အရင်ထက် ပိုသုံးစွဲလာပြီး Galaxy A9 ရဲ့ ရှေ့ကင်မရာလေးကလည်း 1080p ကို 30fps နဲ့ရိုက်ကူးပေးနိုင်တဲ့အတွက် ပုံမှန်ထက် အများကြီး ပိုကြည်လင်ပြတ်သားတဲ့ ဗီဒီယိုခေါ်ဆိုမှုတွေကို ရှေ့ကင်မရာနဲ့တင် လုပ်မယ်ဆိုလည်း ရမှာပါ။

Video Streaming တွေလုပ်ကြပြီဆိုရင် App တစ်ခုတည်းနဲ့ ပြီးတယ်ဆိုတာ ရှားပါတယ်။ Galaxy A9 မှာ ဒီအတွက်လည်း Live-streaming လုပ်တာဖြစ်စေ၊ လုပ်ဆောင်ချက်အများအပြားကို တပြိုင်တည်း Multitasking လုပ်တာဖြစ်စေ ကောင်းကောင်းစီမံခန့်ခွဲနိုင်ဖို့ Octa-Core Processor နဲ့ 6GB RAM ပါဝင်ပါတယ်။

ဓါတ်ပုံနဲ့ ဗီဒီယိုများများရိုက်ပြီး ဖုန်းထဲမှာပဲ သိမ်းထားချင်တဲ့သူတွေအတွက်လည်း သူ့ Storage ပမာဏက 128GB တောင်ပါတာကြောင့် အိုကေမှာပါ။ ဒါနဲ့တောင် မလောက်သေးဘူးဆိုရင် MicroSD ကတ်နဲ့ 512GB ထိ ထပ်တိုးလို့ ရပါသေးတယ်။ ဓါတ်ပုံနဲ့ဗီဒီယို ရိုက်ကူးတာ၊ Live-stream လွှင့်တာအပြင် သွားရင်းလာရင်း အကြာကြီးသုံးစွဲနိုင်ဖို့ ဘက္ထရီက 3,800 mAh တောင်ပါဝင်တဲ့အတွက် တစ်နေ့လုံး အင်တာနက်ပဲသုံးသုံး၊ ဗီဒီယိုတွေပဲကြည့်ကြည့်၊ ဓါတ်ပုံတွေပဲရိုက်ရိုက် တစ်နေ့လုံး စိတ်ကြိုက်သုံးနိုင်ပါတယ်။ Display ကတော့ 6.3” လက်မအရွယ် Super AMOLED ဖစ်တာကြောင့် ဖျော်ဖြေရေးအတွက် အသုံးပြုဖို့လည်း လုံလောက်မှာပါ။

Samsung Galaxy A9 ကိုမြန်မာပြည်တွင်းအတွက် သီးသန့်မိတ်ဆက်လာချိန်မှာလည်း Samsung က The Moment နဲ့ပူးပေါင်းပြီး ပြုလုပ်ခဲ့တဲ့ Push Your Boundaries မှာ Samsung ရဲ့ Brand Ambassador ဖစ်တဲ့ အကယ်ဒမီ ဖွေးဖွေးကလဲ ပါဝင်ခဲ့ပါသေးတယ်။ အဲဒီပွဲမှာတော့ ကံထူးသူဆယ်ယောက်က ဖွေးဖွေးနဲ့ တွဲပြီး အမှတ်တရ ဓါတ်ပုံရိုက်ခွင့်ရခဲ့သလို အဆိုပါဆယ်ယောက်ထဲမှ ကံအကောင်းဆုံးသူကတော့ Samsung Social Media Ambassador အဖြစ်ပါ ခန့်အပ်တာ ခံရဦးမှာဖြစ်ပါတယ်။

Galaxy A9 ကို လက်ရှိမြန်မာနိုင်ငံမှာ ဈေးနှုန်း ၈၈၀,၀၀၀ ကျပ်နဲ့ ဝယ်ယူနိုင်ပြီဖြစ်ပြီး ရွေးချယ်စရာ အရောင်ကတော့ ၂၀၁၈ နှစ်ကုန်မှာပဲ Trend တစ်ခု ဖြစ်လာတဲ့ ချစ်စရာရောင်ပြေးလေးများကိုမှ အမည်းရောင် (Caviar Black)၊ အပြာရောင် (Lemonade Blue) နဲ့ ပန်းရောင် (Bubblegum Pink) ဆိုပြီး အရောင်သုံးမျိုးနဲ့ ရရှိနိုင်ပါတယ်။ မိတ်ဆက်လာချိန်မှာ Samsung Myanmar က ပြည်တွင်းအော်ပရေတာ တစ်ဦးဖြစ်တဲ့ MyTel နဲ့ ပူးပေါင်းပြီး ဝယ်ယူသူတွေကို အထူးလက်ဆောင်အဖြစ် ဒေတာသုံးဖို့ 48GB၊ စာတိုပေးပို့မှု အစောင်ရေ ၂၄၀၀ တို့ကို လစဉ် အနည်းဆုံး ၁၀,၀၀၀ ကျပ် ဖြည့်သွင်းရုံနဲ့ တစ်နှစ်ဆက်တိုက် ရရှိစေမယ်လို့လည်း သိရပါတယ်။