[Zawgyi]

မၾကာခင္ ထြက္ရွိလာမယ့္ Samsung Flagships ဖုန္းနဲ႔ ပတ္သက္တဲ့ သတင္းသစ္တစ္ခုကေတာ့ ဘက္ထရီပိုင္းပဲ ျဖစ္ပါတယ္။ Galaxy F ဒါမွမဟုတ္ Galaxy Fold လို႔ အမည္ေပးလာဖြယ္ရွိတဲ့ Samsung Flagship ဖုန္းအသစ္မွာ ဘက္ထရီ ႏွစ္လုံးတပ္ဆင္ထားလိမ့္မယ္လို႔ ၾကားသိရပါတယ္။

ထြက္ေပၚလာတဲ့ သတင္းအရ ဖုန္းရဲ႕ ႏွစ္ျခမ္းစလုံးမွာ 3,100 mAh ဘက္ထရီေတြကို အသီးသီးတပ္ဆင္ထားမယ္ ဆိုတာပါပဲ။ ဒီပမာဏဆိုရင္ေတာ့ ၿပီးခဲ့တဲ့ရက္ပိုင္းကမွ ထြက္လာခဲ့တဲ့ Samsung Galaxy S10 Lite (ဒါမွမဟုတ္ Galaxy S10 E လို႔လည္း အမည္ေပးလာႏိုင္ပါတယ္) မွာ သုံးမယ့္ ဘက္ထရီနဲ႔ တူညီေနတယ္လို႔ ဆိုရမွာပါ။ အခုေနာက္ပိုင္းမွာ Samsung အေနနဲ႔ ဘက္ထရီပမာဏေတြကို အမ်ိဳးအစားေတြ အမ်ားႀကီးမခြဲျခားေတာ့ဖို႔ ျပင္ဆင္ေနတာလည္း ျဖစ္ပါတယ္။

တစ္ခ်ိန္တည္းမွာပဲ Samsung ရဲ႕ 5G စမတ္ဖုန္းျဖစ္တဲ့ Galaxy S10 မွာေတာ့ ထူးထူးကဲကဲကို မ်ားျပားလွတဲ့ ပမာဏျဖစ္တဲ့ 5,000 mAh ဘက္ထရီကို သုံးမယ္လို႔ သတင္းေတြလည္း ထြက္ေပၚေနပါတယ္။ လာမယ့္ Galaxy M20 နဲ႔ M30 ဟန္းဆက္ေတြလို တူညီတဲ့ ပမာဏေတြကိုပဲ သုံးမယ္ဆိုတဲ့ သတင္းက ပိုၿပီးေတာ့ ျဖစ္ႏိုင္ေခ်ရွိပါတယ္။ ဒါမွလည္း ထုတ္လုပ္မႈကုန္က်စရိတ္ကို ေလွ်ာ့ခ်ႏိုင္မွာ ျဖစ္ပါတယ္။

အခုထြက္ေပၚလာတဲ့ ဘက္ထရီပမာဏဟာ သတင္းအစအနပဲ ရွိေသးတာမို႔ ၿပီးျပည့္စုံတဲ့ သတင္းတစ္ပုဒ္ေတာ့ မဟုတ္ေသးပါဘူး။ ဒါေပမယ့္ ခိုင္လုံတဲ့ ရင္းျမစ္ကေန ထြက္ေပၚလာတာျဖစ္တဲ့အတြက္ သိပ္မၾကာခင္အခ်ိန္အတြင္းမွာ အတည္ျပဳႏိုင္မယ္လို႔ ယူဆရပါတယ္။ ေခါက္လို႔ရၿပီး မ်က္ႏွာျပင္ ႏွစ္ဖက္လည္း ပါဝင္တဲ့စမတ္ဖုန္း တစ္လုံးျဖစ္တာေၾကာင့္ ဘက္ထရီႏွစ္လုံးထည့္သြင္းမယ္ဆိုတဲ့အခ်က္က မဟုတ္ဘူးလို႔ ယတိျပတ္ျငင္းဆိုလို႔မရႏိုင္တာေၾကာင့္ စိတ္ဝင္စားဖြယ္ ေစာင့္ၾကည့္ရဦးမွာပဲ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Samsung Galaxy F မှာ ဘက်ထရီ နှစ်ခုပါမယ်လို့ သတင်းထွက်ပေါ်

မကြာခင် ထွက်ရှိလာမယ့် Samsung Flagships ဖုန်းနဲ့ ပတ်သက်တဲ့ သတင်းသစ်တစ်ခုကတော့ ဘက်ထရီပိုင်းပဲ ဖြစ်ပါတယ်။ Galaxy F ဒါမှမဟုတ် Galaxy Fold လို့ အမည်ပေးလာဖွယ်ရှိတဲ့ Samsung Flagship ဖုန်းအသစ်မှာ ဘက်ထရီ နှစ်လုံးတပ်ဆင်ထားလိမ့်မယ်လို့ ကြားသိရပါတယ်။

ထွက်ပေါ်လာတဲ့ သတင်းအရ ဖုန်းရဲ့ နှစ်ခြမ်းစလုံးမှာ 3,100 mAh ဘက်ထရီတွေကို အသီးသီးတပ်ဆင်ထားမယ် ဆိုတာပါပဲ။ ဒီပမာဏဆိုရင်တော့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ထွက်လာခဲ့တဲ့ Samsung Galaxy S10 Lite (ဒါမှမဟုတ် Galaxy S10 E လို့လည်း အမည်ပေးလာနိုင်ပါတယ်) မှာ သုံးမယ့် ဘက်ထရီနဲ့ တူညီနေတယ်လို့ ဆိုရမှာပါ။ အခုနောက်ပိုင်းမှာ Samsung အနေနဲ့ ဘက်ထရီပမာဏတွေကို အမျိုးအစားတွေ အများကြီးမခွဲခြားတော့ဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ Samsung ရဲ့ 5G စမတ်ဖုန်းဖြစ်တဲ့ Galaxy S10 မှာတော့ ထူးထူးကဲကဲကို များပြားလှတဲ့ ပမာဏဖြစ်တဲ့ 5,000 mAh ဘက်ထရီကို သုံးမယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ လာမယ့် Galaxy M20 နဲ့ M30 ဟန်းဆက်တွေလို တူညီတဲ့ ပမာဏတွေကိုပဲ သုံးမယ်ဆိုတဲ့ သတင်းက ပိုပြီးတော့ ဖြစ်နိုင်ချေရှိပါတယ်။ ဒါမှလည်း ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

အခုထွက်ပေါ်လာတဲ့ ဘက်ထရီပမာဏဟာ သတင်းအစအနပဲ ရှိသေးတာမို့ ပြီးပြည့်စုံတဲ့ သတင်းတစ်ပုဒ်တော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် ခိုင်လုံတဲ့ ရင်းမြစ်ကနေ ထွက်ပေါ်လာတာဖြစ်တဲ့အတွက် သိပ်မကြာခင်အချိန်အတွင်းမှာ အတည်ပြုနိုင်မယ်လို့ ယူဆရပါတယ်။ ခေါက်လို့ရပြီး မျက်နှာပြင် နှစ်ဖက်လည်း ပါဝင်တဲ့စမတ်ဖုန်း တစ်လုံးဖြစ်တာကြောင့် ဘက်ထရီနှစ်လုံးထည့်သွင်းမယ်ဆိုတဲ့အချက်က မဟုတ်ဘူးလို့ ယတိပြတ်ငြင်းဆိုလို့မရနိုင်တာကြောင့် စိတ်ဝင်စားဖွယ် စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

Ref: GSMArena