[Zawgyi]

ေတာင္ကုိရီးယားအေျခစုိက္ Samsung ကုမၸဏီဟာ ၂၀၁၈ ခုႏွစ္ ႏုိဝင္ဘာလတုန္းက သူတုိ႔ရဲ႕ Foldable ဖုန္းကို ပထမဆုံးအႀကိမ္ တစ္စိတ္တစ္ပုိင္းျပသခဲ့ပါတယ္။ ၂၀၁၉ အစမွာ က်င္းပခဲ့တဲ့ CES ပြဲမွာလည္း ပြဲတက္ေရာက္လာသူတစ္ခ်ဳိ႕ကို ျပသခဲ့ေၾကာင္းသိရတယ္။ အခုအခါမွာေတာ့ လာမယ့္ ေဖေဖာ္ဝါရီ ၂၀ ရက္ေန႔မွာ အမ်ားေရွ႕ကို ထုတ္ျပသြားေတာ့မယ္ဆုိတာ Teaser တစ္ခုနဲ႔အတူ ေၾကညာလာခဲ့ပါၿပီ။

Samsung ဟာ သူတုိ႔ရဲ႕ တရားဝင္တြစ္တာအေကာင့္မွာ “The future of mobile will unfold on Feb 20, 2019” ဆုိတဲ့စာသားနဲ႔ Teaser ဗီဒီယုိေလးကို တင္ခဲ့တာပါ။ အဆုိပါ ဗီဒီယုိထဲမွာ Foldable ဖုန္းရဲ႕ အရိပ္အေယာင္ကို မျမင္ရေပမယ့္ စာသားေတြကို ေကြးေခါက္ႏုိင္တဲ့ Display ေပၚမွာ ေျပးေနသလို ေဖာ္ျပထားၿပီး “The Future Unfold” ဆုိတဲ့ စကားလုံးပါေနေတာ့ Galaxy F လို႔ ေလာေလာဆယ္အမည္ေပးထားတဲ့ ဖုန္းပဲလို႔ ယူဆရတာပါ။


အခုလအေစာပုိင္းမွာလည္း ပရုိမုိးရွင္းဗီဒီယုိေလး တစ္ခုထဲမွာ Foldable ဖုန္းကို ဘယ္လိုေမွ်ာ္လင့္ရမလဲ ဆုိတာ ခန္႔မွန္းႏုိင္ေအာင္ ခ်ျပခဲ့ပါေသးတယ္။ သူ႕မွာ Display ႏွစ္ခုပါဝင္မွာ ျဖစ္ၿပီး တစ္ခုက 4.58” လက္မနဲ႔ ေနာက္တစ္ခုကေတာ့ 7.3” လက္မအရြယ္ပဲ ျဖစ္ပါတယ္။

ေသးငယ္တဲ့ Display ဟာ ဖုန္းကိုေခါက္ထားလိုက္ရင္ ျမင္ရမယ့္ အေပၚဘက္ျခမ္းျဖစ္ၿပီး ျမင္ကြင္းအခ်ဳိး 21:9 နဲ႔ 1960 x 480p Resolution ရွိမွာပါ။ သူ႕ကိုျဖန္႔ခ်လိုက္ရင္ ျမင္ရမယ့္ Display အႀကီးကေတာ့ 4.2:3 အခ်ဳိးျဖစ္ၿပီး 2152 x 1536p ျဖစ္ပါတယ္။

Samsung ရဲ႕ မိတ္ဆက္ပြဲကိုေရာက္ဖို႔က တစ္ပတ္ေက်ာ္ေက်ာ္သာ လိုေတာ့တာမို႔ ၂၀၁၉ ထဲမွာ ပထမဆုံး ပြဲထြက္လာမယ့္ Galaxy Fold စမတ္ဖုန္းရဲ႕ ပုံစံနဲ႔ အလုပ္တကယ္ျဖစ္သလား ဆုိတာကို ျမင္ေတြ႕ရဖို႔ နီးကပ္ေနပါၿပီ။ ေဖေဖာ္ဝါရီလကုန္ပုိင္းမွာ အျခားနည္းပညာကုမၸဏီေတြရဲ႕ Foldable ဟန္းဆက္ေတြကိုလည္း ေတြ႕ရဦးမွာျဖစ္လို႔ ႏႈိင္းယွဥ္ၾကည့္ဖုိ႔လဲ လြယ္ကူမွာပါ။

Ref – GSM Arena

[Unicode]

တောင်ကိုရီးယားအခြေစိုက် Samsung ကုမ္ပဏီဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတုန်းက သူတို့ရဲ့ Foldable ဖုန်းကို ပထမဆုံးအကြိမ် တစ်စိတ်တစ်ပိုင်းပြသခဲ့ပါတယ်။ ၂၀၁၉ အစမှာ ကျင်းပခဲ့တဲ့ CES ပွဲမှာလည်း ပွဲတက်ရောက်လာသူတစ်ချို့ကို ပြသခဲ့ကြောင်းသိရတယ်။ အခုအခါမှာတော့ လာမယ့် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ အများရှေ့ကို ထုတ်ပြသွားတော့မယ်ဆိုတာ Teaser တစ်ခုနဲ့အတူ ကြေညာလာခဲ့ပါပြီ။

Samsung ဟာ သူတို့ရဲ့ တရားဝင်တွစ်တာအကောင့်မှာ “The future of mobile will unfold on Feb 20, 2019” ဆိုတဲ့စာသားနဲ့ Teaser ဗီဒီယိုလေးကို တင်ခဲ့တာပါ။ အဆိုပါ ဗီဒီယိုထဲမှာ Foldable ဖုန်းရဲ့ အရိပ်အယောင်ကို မမြင်ရပေမယ့် စာသားတွေကို ကွေးခေါက်နိုင်တဲ့ Display ပေါ်မှာ ပြေးနေသလို ဖော်ပြထားပြီး “The Future Unfold” ဆိုတဲ့ စကားလုံးပါနေတော့ Galaxy F လို့ လောလောဆယ်အမည်ပေးထားတဲ့ ဖုန်းပဲလို့ ယူဆရတာပါ။


အခုလအစောပိုင်းမှာလည်း ပရိုမိုးရှင်းဗီဒီယိုလေး တစ်ခုထဲမှာ Foldable ဖုန်းကို ဘယ်လိုမျှော်လင့်ရမလဲ ဆိုတာ ခန့်မှန်းနိုင်အောင် ချပြခဲ့ပါသေးတယ်။ သူ့မှာ Display နှစ်ခုပါဝင်မှာ ဖြစ်ပြီး တစ်ခုက 4.58” လက်မနဲ့ နောက်တစ်ခုကတော့ 7.3” လက်မအရွယ်ပဲ ဖြစ်ပါတယ်။

သေးငယ်တဲ့ Display ဟာ ဖုန်းကိုခေါက်ထားလိုက်ရင် မြင်ရမယ့် အပေါ်ဘက်ခြမ်းဖြစ်ပြီး မြင်ကွင်းအချိုး 21:9 နဲ့ 1960 x 480p Resolution ရှိမှာပါ။ သူ့ကိုဖြန့်ချလိုက်ရင် မြင်ရမယ့် Display အကြီးကတော့ 4.2:3 အချိုးဖြစ်ပြီး 2152 x 1536p ဖြစ်ပါတယ်။

Samsung ရဲ့ မိတ်ဆက်ပွဲကိုရောက်ဖို့က တစ်ပတ်ကျော်ကျော်သာ လိုတော့တာမို့ ၂၀၁၉ ထဲမှာ ပထမဆုံး ပွဲထွက်လာမယ့် Galaxy Fold စမတ်ဖုန်းရဲ့ ပုံစံနဲ့ အလုပ်တကယ်ဖြစ်သလား ဆိုတာကို မြင်တွေ့ရဖို့ နီးကပ်နေပါပြီ။ ဖေဖော်ဝါရီလကုန်ပိုင်းမှာ အခြားနည်းပညာကုမ္ပဏီတွေရဲ့ Foldable ဟန်းဆက်တွေကိုလည်း တွေ့ရဦးမှာဖြစ်လို့ နှိုင်းယှဉ်ကြည့်ဖို့လဲ လွယ်ကူမှာပါ။